တစ်ခါမှ သရုပ်မဆောင်ဖူးတဲ့ ဇာတ်ရုပ်မျိုးနဲ့ ဇာတ်ကားသစ်ရိုက်ဖို့ ဆွေးနွေးနေတဲ့ The Rock

[email protected] officalwillywonka [email protected]

The Rock လို့ပြောလိုက်တာနဲ့ မြန်မာပရိသတ်တော်တော်များများ အကြိုက်တွေ့ကြမယ့် Holly Wood မင်းသားကြီးတစ်ဦးပါပဲ။ ကြွက်သားတွေအပြိုင်းပြိုင်း၊ လူကောင်ကြီးကြီးနဲ့ အမြဲရယ်မောနေတတ်တဲ့ The Rock ဟာ တစ်ချိန်က WWE နပန်းလောကမှာ အောင်မြင်တဲ့ နပန်းသမားတစ်ယောက်ဖြစ်ရုံသာမက လက်ရှိအချိန်မှာဆိုရင်လည်း Holly Wood ရုပ်ရှင်လောကမှာ အအောင်မြင်ဆုံး မင်းသားကြီးတစ်ဦးလဲ ဖြစ်ပါတယ်။ အခုလည်း The Rock ဟာ မကြာခင်အချိန်မှာ ရိုက်ကူးတော့မယ့် Willy Wonka and the Chocolate Factory ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်မှာဖြစ်ကြောင်း People သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Willy Wonka and the Choccolate Factory ဇာတ်ကားဟာလည်း တစ်ချိန်က ကျွန်တော်တို့ငယ်ဘဝမှာ အကြိုက်တွေ့ခဲ့ကြတဲ့ ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။ အဆိုပါဇာတ်ကားဟာ ၁၉၇၁ ခုနှစ်က ထွက်ရှိခဲ့ပြီး ၂၀၀၅ ခုနှစ်မှာတော့ Charlie and the Chocolate Factory ဆိုတဲ့ ဇာတ်ကားတစ်ကား ထွက်ရှိခဲ့ဖူးပါတယ်။ အဲဒီဇာတ်ကားနှစ်ကားစလုံးကို နာမည်ကြီးဒါရိုက်တာ Tim Burton က ပဲ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

READ
အောက်တိုဘာလ တတိယအပတ်အတွင်း Billboard Top Ten ဝင်သီချင်းကောင်းများ

အခုထပ်ရိုက်မယ့် ဇာတ်ကားမှာတော့ The Rock ကြီးဟာ Willy Wonka နေရာမှာ သရုပ်ဆောင်မှာပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့(၂၆.၇.၂၀၂၀)တုန်းက The Rock ဟာ သူ့ရဲ့ Instagram အကောင့်မှာ ဒါရိုက်တာ Tim Burton က သူပြန်ရိုက်မယ့် Willy Wonka and the Chocolate Factory ဇာတ်ကားထဲမှာ Tim အနေနဲ့ သူ့ကို Willy Wonka နေရာမှာ သရုပ်ဆောင်ဖို့ ကမ်းလှမ်းခဲ့ကြောင်း ပို့စ်တစ်ခု တင်ခဲ့ပါတယ်။

https://www.instagram.com/p/CDHzk4WlB3Z/

“ကျွန်တော်ကတော့ Willy Wonka နေရာမှာ သရုပ်ဆောင်ရဖို့ တော်တော်စိတ်လှုပ်ရှားမိပါတယ်။ ဘာကြောင့်လဲဆိုတော့ Willy Wonka နေရာမှာ သရုပ်ဆောင်ဖို့က တော်ရုံလူ သရုပ်မဆောင်နိုင်ဘူးလေ။ ပြီးတော့ ကျွန်တော့် သမီးတွေကလည်း Willy Wonka ကို အရမ်းကြိုက်ကြတယ်လေ။ အခုတောင် ကျွန်တော် Willy Wonka နေရာမှာ သရုပ်ဆောင်ဖို့ ကမ်းလှမ်းခံရတယ်ဆိုတဲ့ သတင်းလဲကြားရော သူတို့အခပ်ခန်းတွေကို ချောကလက်တွေ၊ သကြားလုံးတွေနဲ့ အပြည့်ဖြည့်ခိုင်းဖို့ ကြိုးစားနေကြပြီလေ”လို့ The Rock က ရယ်မောပြီး ပြောခဲ့ပါတယ်။

READ
ယခုအပတ်အတွင်း Billboad Top Ten ဝင် နိုင်ငံတကာ သီချင်းကောင်းများ

https://www.instagram.com/p/CDHl_YwlY9G/

Pyi Hein Kyaw

SHARE