Instagram ရဲ့ ကြော်ငြာခ ဈေးအမြင့်ဆုံး အနုပညာရှင် ဖြစ်လာခဲ့တဲ့ The Rock

[email protected]

The Rock လို့ ပြောလိုက်တာနဲ့ လူတိုင်းနီးပါသိကြမှာပါ။ အရပ်မြင့်မြင့်၊ ကြွက်သားတွေအမြှောင်းမြှောင်းနဲ့ အမြဲတမ်း ရယ်မောနေတဲ့ ကတုံးကြီးဟာ အခုဆိုရင်တော့ Instagram ရဲ့ ကြော်ငြာခအများဆုံး ရရှိတဲ့ အနုပညာရှင်တစ်ဦးဖြစ်နေပြီး Kylie Jenner နဲ့ C.Ronaldo ကိုတောင် ကျော်တက်သွားခဲ့ကြောင်း Fox News သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

https://www.instagram.com/p/CB6sxrgl0Cr/

WWE နပန်းသမားဟောင်းကြီးတစ်ဦးဖြစ်တဲ့ The Rock ဟာ တစ်ချိန်တုန်းကလည်း WWE နပန်းပွဲတွေမှာ နာမည်ကြီးနားပန်းသမားတစ်ဦးဖြစ်သလို အခုဆိုရင်လည်း Hollywood လောကရဲ့ စူပါစတားတစ်ဦးလည်း ဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။ The Rock ဟာ ၂၀၀၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ The Mummy Returns ဇာတ်ကားထဲမှာ Scorpion King ဇာတ်ကောင်နေရာက စတင်သရုပ်ဆောင်ခဲ့ပြီး သူ့ရဲ့ပရိသတ်တွေကို စတင်ရရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ Baywatch, San Andreas, Jumanji, Skyscraper, Rampage, Fast and Furious အစရှိတဲ့ နာမည်ကြီးဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး Hollywood လောကရဲ့ စူပါစတားတစ်ဦး ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

အသက် ၄၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ The Rock ဟာ အခုဆိုရင်လည်း Instagram ရဲ့ ကြော်ငြာခ ကြေးအမြင့်ဆုံး အနုပညာရှင်ဦးဖြစ်လာခဲ့ပြီး သူ့ရဲ့ ပို့စ်မှာတင်ဖို့ ကြော်ငြာတစ်ခုကို အမေရိကန်ဒေါ်လာ (၁) သန်းကျော် ရရှိနေခဲ့ပြီ ဖြစ်ပါတယ်။ ဒီလောက် ဈေးများတာတောင်မှ သူဟာ ကြော်ငြာရိုက်ကူးရေးတွေအတွက် အမြဲတမ်းအချိန်ပြည့် အလုပ်ရှုပ်နေသူတစ်ဦးလည်း ဖြစ်ပြီး Instagram မှာဆိုရင်လည်း Follower ၁၈၉ သန်းကျော် ရှိနေခဲ့ပါတယ်။

READ
Instagram Boyfriend ဆိုပြီး နာမည်ပေးခံထားရတဲ့ Leonardo
Hopper HQ

Social Media Marketing ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Hopper HQ က ထုတ်ပြန်ချက်အရဆိုရင်တော့ Instagram မှာ The Rock ရဲ့ ကြော်ငြာခပြီးရင် Kylie Jenner, C.Ronaldo, Kim Kardashian, Ariana Grande, Selena Gomez, Beyonce Knowles, Justin Bieber, Taylor Swift နဲ့ Neymar တို့က Instagram မှာ ဈေးအများဆုံး ထပ်တန်းအနုပညာရှင် ၁၀ ယောက်ဖြစ်ကြောင်း သိရပါတယ်။

Pyi Hein Kyaw

SHARE