WWE ချန်ပီယံဟောင်း The Rock ရဲ့ သမီးငယ် Simone ရဲ့ လူသိနည်းသေးတဲ့ အချက်များ

Instagram- @simonegjohnson

နာမည်ကြီးနပန်းသမားအဖြစ်ကနေ အနုပညာလောကထဲ ဝင်ရောက်လာကာ အက်ရှင်မင်းသားတစ်ဖြစ်လည်း လူသိများကြတဲ့ Dwayne Johnson ကိုတော့ အားလုံးက သိကြမယ်ထင်ပါတယ်။ ဒါဆို သူ့မှာ သမီးလေးတစ်ယောက်ရှိတာရော သိကြလားမသိဘူး။

သူမနာမည်ကတော့ Simone Johnson လို့ခေါ်ပါတယ်။ Simone ရဲ့ လူသိနည်းသေးတဲ့ အချက် ၅ ချက်ကို ဖော်ပြပေးချင်ပါတယ်။

Instagram- @simonegjohnson

WWE နဲ့ စာချုပ်ချုပ်ဆိုခြင်း

ဖခင်ရဲ့လမ်းစဉ်အတိုင်း လိုက်ခဲ့တဲ့ Simone ဟာ WWE နဲ့ စာချုပ်ချုပ်ဆိုခဲ့တာ ၂၀၂၀ ထဲ ထရိန်နင်တွေ စနေခဲ့ပါပြီ။ သူမအသက်ကတော့ ၁၇ နှစ်ကျော် ၁၈ နှစ်ပဲ ရှိသေးတာမလို့ WWE နဲ့ စာချုပ်ချုပ်တဲ့ ကစားသမားတွေဲ အသက်အငယ်ဆုံးအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

Instagram- @simonegjohnson

အနုပညာလောက

သူကဟာ WWE ကစားမယ်တစ်ယောက်တင်မဟုတ်ဘဲ ဒီမတိုင်ခင်အချိန်ကတည်းက မော်ဒ်အဖြစ် လုပ်ကိုင်နေခဲ့သူတစ်ဦးပါတဲ့။ အရပ် ၅ ပေနဲ့ ၁၀ လက်မရှိပြီး တောင့်တင်းတဲ့ ခန္ဓာကိုယ်အချိုးအစားကြောင့် ၂၀၁၇ ခုနှစ်ကတည်းကကို ထိပ်တန်းမော်ဒယ်အေဂျင်ဆီ ၁၀ ခုစာရင်းဝင် IMG နဲ့ စာချုပ်ချုပ်ဆိုထားခဲ့ပါသေးတယ်။

Golden Globe ရဲ့ ကမ်းလှမ်းမှု

Simone ဟာ ကမ္ဘာကျော် အနုပညာဆုပေးပွဲ ရွှေကမ္ဘာလုံး (Golden Globe) ရဲ့ brand ambassador တစ်ဦးဖြစ်ပါတယ်။ ဒါဟာ ပထမဆုံး Golden Globe ရဲ့ BA အဖြစ် ခန့်အပ်ခဲ့တဲ့နှစ် ၂၀၁၈ ခုနှစ်ကဆိုတော့ သူမဟာလည်း ပထမဆုံး Golden Globe ရဲ့ BA အဖြစ် မှတ်တမ်းဝင်သွားခဲ့တာပါ။

Simone ဟာ ပညာတတ်တစ်ဦးပါ

READ
ပုံတွေအများကြီးတင်လို့ မငြိုငြင်ပါနဲ့လို့ ဆိုလိုက်တဲ့ ဝတ်မှုန်ရွှေရည်

အားကစားနဲ့ အနုပညာအလုပ်တွေနဲ့ပဲ အချိန်ပေးနေရတာကြောင့် ပညာရေးမှာလည်း မလစ်ဟင်းစေရပါဘူး။ မနှစ်တုန်းကပဲ အထက်တန်းကျောင်းအောင်ခဲ့ပြီး လက်ရှိအချိန်မှာလည်း နယူးယောက်တက္ကသိုလ်မှာ ပညာသင်ကြားနေပါတယ်။

ယုံကြည်မှုတွေကို ရဲရဲဝံ့ဝံ့ ထုတ်ပေါ်ပြနိုင်သူဖြစ်တယ်

READ
လက်တွေ့ဘ၀ထဲလည်း သူရဲကောင်းစိတ်ဓာတ်အပြည့်ရှိတဲ့ Tom Holland

Simone ဟာ ဖခင်ရဲ့ အရှိန်အဝါကြောင့်တင်မဟုတ်ဘဲ သူမကိုယ်တိုင် ဖောက်ထားခဲ့တဲ့ အားကကားနဲ့ အနုပညာလမ်းကြောင်းတွေကြောင့် နာမည်ကျော်တစ်ဦးလည်း ဖြစ်နေပြန်ပါသေးတယ်။ အများစုသော နာမည်ကျော်တွေဟာ သူတို့ရဲ့ ဘာသာရေး၊ နိုင်ငံရေးစတဲ့ အချင်းများဖွယ် ခေါင်းစဉ်တွေအပေါ်ထားရှိတဲ့ ခံယူချက်တွေကို မထုတ်ပြကြပေမယ့် Simone ကတော့ ရဲဝံ့စွာနဲ့ပဲ အမြဲတမ်း ထုတ်ပြလေ့ရှိနေပါတယ်။

ဒီအပြင် အမျိုးသမီး တက်ကြွလှုပ်ရှားရေးတွေ၊ ခွဲခြားဆက်ဆံခံရမှုတွေနဲ့ body shaming တွေကိုလည်း ပေါ်ထင်စွာ ဆန့်ကျင်မှုပြုခဲ့ပါသေးတယ်။ ဥပမာ မဂ္ဂဇင်းတစ်ခုကနေပြီး Rihanna ၂၅ ပေါင် တက်လာတဲ့အပေါ် body shaming လုပ်ခဲ့တုန်းကဆို ရှေ့က မားမားမတ်မတ်ရပ်တည်ပြီးကို ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။

Penny

SHARE