အသက်(၁၀၁)နှစ်အရွယ် ဖွားဖွားကို ထူးထူးဆန်းဆန်း မွေးနေ့လက်ဆောင် ပေးခဲ့တဲ့ The Rock

[email protected]

The Rock လို့ကြားလိုက်တာနဲ့ လူကောင်ကြီးကြီး၊ ဗလတောင့်တောင့်နဲ့ အမြဲလိုလို ရယ်ပြုံးနေတတ်တဲ့ ကတုံးကြီးကို လူတိုင်းမျက်လုံးထဲ ပြေးမြင်မိကြမှာပါပဲ။ The Rock ဟာ WWE နပန်းလောကကနေ Hollywood ရုပ်ရှင်လောကထဲကို ခြေစုံပစ်ဝင်ခဲ့တဲ့ The Rock ဟာ လက်ရှိ Hollywood ရုပ်ရှင်လောကမှာ နာမည်အကြီးဆုံး မင်းသားတစ်ယောက် ဖြစ်ရုံတင်သာမက သရုပ်ဆောင်ကြေးအကြီးဆုံး မင်းသားကြီးတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် သူ့ရဲ့ ပရိသတ်တွေကိုလည်း မထင်မှတ်ထားတဲ့ နည်းလမ်းတွေနဲ့ အံ့သြသင့်အောင် မကြာမကြာပြုလုပ်လေ့ရှိတဲ့ The Rock ဟာ မကြာသေးခင်အချိန်တုန်းကလည်း သူ့ရဲ့ ပရိသတ်တစ်ဦးဖြစ်တဲ့ အသက် ၁၀၁ နှစ်ရှိပြီဖြစ်တဲ့ ဖွားဖွားတစ်ယောက်ရဲ့မွေးနေ့မှာ မထင်မှတ်ထားတဲ့ လက်ဆောင်ပေးပြီး surprise လုပ်ခဲ့ကြောင်း People သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

အဆိုပါဖွားဖွားကတော့ အသက် ၁၀၁ နှစ်ရှိပြီဖြစ်တဲ့ ဖွားဖွား Grover ပဲ ဖြစ်ပါတယ်။ Grover ဟာ The Rock ရဲ့ ထွက်သမျှဇာတ်ကားတိုင်းကို မလွတ်တမ်း ကြည့်ရှု့အားပေးတဲ့ လူတစ်ယောက်ဖြစ်တဲ့အပြင် The Rock ရဲ့ အမာခံပရိသတ်တစ်ယောက်ဆိုလည်း မမှားပါဘူး။ ပြီးခဲ့တဲ့စနေနေ့(၁၇.၁၀.၂၀၂၀)တုန်းကတော့ Grover ရဲ့ အသက် ၁၀၁ နှစ်ပြည့်မွေးနေ့ဖြစ်ပါတယ်။ The Rock ဟာ ဖွားဖွား Grover ရဲ့ မွေးနေ့မှာ အမှတ်တရ လက်ဆောင်တစ်ခုနဲ့ စာတစ်စောင် ပေးပို့ခဲ့ပါတယ်။ စာထဲမှာတော့ အသက် ၁၀၁ နှစ်ပြည့်သွားပြီဖြစ်တဲ့ ဖွားဖွား Grover ကို မွေးနေ့ဆုမွန်ကောင်း တောင်းပေးထားတဲ့ စာဖြစ်ပြီး လက်ဆောင်ကတော့ Tequila အရက်ပုလင်းအကောင်းစား ၂ လုံးပဲ ဖြစ်ပါတယ်။

READ
နာမည်နဲ့လိုက်အောင် နယ်နိမိတ်ပြောင်းလဲသတ်မှတ်ပေးဖို့ တောင်းဆိုနေတဲ့ Batman

 

“အမှန်ကတော့ Grover နဲ့ ကမန်တော်စသိတာ ဆိုရှယ်မီဒီယာပေါ်မှာပါပဲ။ ပြီးခဲ့တဲ့ နှစ်တုန်းက Grover ရဲ့ အသက် ၁၀၀ ပြည့်မွေးနေ့ကို Twitter ပေါ်မှာ Jamie Klingler တင်ထားတာကနေ တွေ့ခဲ့ပြီး ကျွန်တော်တို့နှစ်ယောက် စသိခဲ့တာပါ။ Grover က တစ်ကယ့်ကို စိတ်ကောင်းရှိတဲ့ လူကြီးတစ်ယောက်ပါ။ ကျွန်တော့်ဇာတ်ကားတေါအကြောင်းလည်း မကြာခဏပြောဖြစ်သလို ကျွန်တော့်ရဲ့ ပရိသတ်အကြီးစားတစ်ယောက်ဆိုလည်း မမှားပါဘူး။ အခု သူ့ရဲ့မွေးနေ့မှာ လက်ဆောင်အနေနဲ့ Tequila ၂ လုံး လက်ဆောင်ပေးခဲ့ပါတယ်။ တစ်ခုတော့ရှိတယ်။ ဒီအသက်အရွယ်နဲ့ Tequila တွေကို shot မသောက်ဖို့ကို မှာဖို့တော့မေ့သွားပါတယ်”လို့ The Rock က ရယ်မောပြီး ပြောပြခဲ့ပါတယ်။

READ
(၅)နှစ်အရွယ် သေခါနီးကောင်မလေးရဲ့ နောက်ဆုံးဆန္ဒ လက်ထပ်ပွဲ

 

Pyi Hein Kyaw

SHARE