Workout လုပ်နေတဲ့အချိန် မတော်တဆမှုတစ်ခု ကြုံတွေ့ခဲ့ရတဲ့ The Rock

[email protected] therock

Hollywood ရုပ်ရှင်လောကရဲ့ နာမည်ကြီးသရုပ်ဆောင်တစ်ဦးဖြစ်သူ The Rock ကိုတော့ မြန်မာပြည်က ပရိသတ်တော်တော်များများ သိရှိကြပြီးဖြစ်မှာပါ။ WWE နပန်းလောကနေ carrer ပြောင်းပြီး Hollywood ရုပ်ရှင်လောကထဲကို ခြေစုံပစ်ဝင်ခဲ့တဲ့ The Rock ကြီးဟာ အခုအချိန်မှာဆိုရင်လည်း Hollywood ရုပ်ရှင်လောကရဲ့ ကြေးအများဆုံး မင်းသားကြီးတစ်ယောက် ဖြစ်နေတဲ့အပြင် Instagram မှာဆိုရင်လည်း ကမ္ဘာ့တတိယ follower အများဆုံး လူတစ်ယောက် ဖြစ်နေခဲ့ပြီပဲ ဖြစ်ပါတယ်။ အခုလည်း မကြာသေးခင်အချိန်က The Rock ကြီးဟာ သူ့အိမ်မှာ workout လုပ်နေတုန်း မတော်တဆမှုတစ်ခုကြောင့် သွေးထွက်သံယိုဖြစ်ခဲ့ပြီး မျက်နှာပေါ်မှာ ဒဏ်ရာတစ်ခု ရရှိခဲ့ကြောင်း Foxnews သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

 

View this post on Instagram

 

Quality & Legacy One of my favorite walks is thru our @teremana distillery’s barrel room. This is the final quality process of our first aged expression — Teremana Reposado We age our tequila in American white oak barrels and it reacts to the temperatures here in the Jalisco Highlands of Mexico. The wood expands and contracts and after a certain period of time – gives our tequila a very rich and smooth taste with notes of oak and vanilla. Those notes and smoothness are why Teremana has become very distinctly delicious to our consumers. I founded Teremana as a legacy brand that’s rooted in quality, passion, trust and mana. And on behalf of our entire Teremana team and myself — it’s our privilege to produce Teremana tequila for you. And most importantly, thank you for making our Teremana your #1 choice in tequila. The tequila of the people #quality #legacy #teremana @hhgarcia41

A post shared by therock (@therock) on

The Rock ဟာ လက်ရှိ COVID 19 ကပ်ရောဂါ ဖြစ်နေဆဲ ကာလဖြစ်တာကြောင့် သူသွားနေကျ Gym ကို မသွားပဲ အိမ်မာပဲနေပြီ workout လုပ်နေတာ ကြာပါပြီ။ ပြီးခဲ့တဲ့ တနင်္လာနေ့(၂၆.၁၀.၂၀၂၀)တုန်းက The Rock ကြီးဟာ အိမ်မှာနေကာ workout လုပ်နေတုန်း အမှတ်မထင် အလေးတုံးနဲ့ မျက်နှာကို ထိခိုက်မိခဲ့ပြီး ဘယ်ဖက် မျက်နှာအပေါ်ပိုင်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ The Rock ဟာ workout လုပ်နေတုန်း သူဒီလိုဖြစ်သွားတာကို ဗီဒီယိုရိုက်ပြီး သူ့ရဲ့ Instagram အကောင့်မှာ ပို့စ်တင်ခဲ့ပါတယ်။ ဗီဒီယိုထဲမှာတော့ The Rock ဟာ ဒဏ်ရာကထွက်လာတဲ့ သွေးတစ်ချို့ကို လက်နဲ့သုတ်ပြီး ဘာမှသိပ်မဖြစ်တဲ့ပုံနဲ့ သွေးကို အရသာခံပြီး ပြန်တောင် မြည်းပြခဲ့ပါသေးတယ်။

READ
ကာရစ်ဘီယံပင်လယ်ထဲ (၄၈) နာရီကြာ မျောပါခဲ့ပေမယ့် အံ့သြဖွယ်အသက်ရှင်ခဲ့တဲ့ အမျိုးသား

 

“ဒဏ်ရာကတော့ အရမ်းမကြီးပါဘူး။ အမာရွတ်လေးတော့ ကျန်ခဲ့မယ်ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်ပရိသတ်တွေအရှေ့မှာ ၊ ရုပ်ရှင် ပိတ်ကားပေါ်မှာ ကြည့်လို့ကောင်းနေအောင် ကျွန်တော့်အနေနဲ့ နေ့တိုင်း workout ကို မဖြစ်မနေလုပ်ရပါတယ်။ ပရိသတ်တွေသိထားဖို့က ကျွန်တော်ဘာပဲလုပ်လုပ် ကျွန်တော်လုပ်သမျှအရာတိုင်းဟာ ပရိသတ်တွေအတွက်ပါပဲ။ ဒါကိုတော့ နားလည်စေချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်ပရိသတ်တွေကို ကျွန်တော်အရမ်းချစ်လို့ပါပဲ”လို့ The Rock က ပြောကြားခဲ့ပါတယ်။

READ
Netflix Star ဂျပန် နပန်းမယ် Hana Kimura အသက် (၂၂)နှစ်မှာ ကွယ်လွန်

 

Pyi Hein Kyaw

SHARE