အင်္ဂလန်နိုင်ငံ Doncaster မြို့က gym တစ်ခုဆီ ဟောလီဝုဒ် စတား Dwayne Johnson က ရုတ်တရက် ၀င်ချလာပြီး အားကစားလုပ်နေတဲ့သူတွေကို အံ့အားသင့်စေခဲ့ပါတယ်။
The Rock လို့လည်း သိကြတဲ့သူဟာ Yorkshire ပြည်နယ်မှာ Fast and Furious နောက်ဆက်တွဲ Hobbs and Shaw အတွက် ရိုက်ကူးနေပါတယ်။ ဒီအချိန်ကာလအတွင်းမှာ ကာယလေ့ကျင့်ခန်းတွေ လုပ်ဖို့ Global Fitness ဆိုတဲ့ အားကစားခန်းမကို ရောက်ချလာခဲ့တာပါ။

သူက အလေ့မလေ့ကျင့်ခန်းတွေ လုပ်ခဲ့ပြီး ပိုင်ရှင်တွေနဲ့လည်း အမှတ်တရ ဓာတ်ပုံတစ်ချို့ကို ရိုက်ကူးခဲ့တယ်။ နောက်ပြီး… ပိုင်ရှင်လင်မယားက မင်းသားကိုလည်း ချီးမွှမ်းစကားတစ်ချို့ကို ဆိုပါသေးတယ်။ သူက အလွန် စကားပြောတဲ့သူ… လူရည်မွန်တစ်ယောက်၊ တကယ်စိတ်သဘောထားကောင်းတဲ့သူဖြစ်တဲ့အပြင် နေ့တိုင်းလာ နေကျသူလိုပဲလို့ ပြန်ပြောပြကြတယ်။ ဒါ့အပြင်လည်း Dwayne ဟာ သူ့ကိုယ်ပိုင် လေ့ကျင့်ရေး အစီအစဉ်အတိုင်း လုပ်တာဖြစ်ပြီး gym ကစားနေတဲ့ အခြားလူတွေကိုလည်း သူ့ရဲ့ နည်းစနစ်တွေ မျှဝေပေးခဲ့ပါတယ်။
“အရပ်ကြီးလည်း (၆) ပေ (၆) လက်မ မြင့်ပြီး ခန္ဓာကိုယ်ကြီးထွားအောင် လုပ်နေတဲ့ သူတွေတိုင်း အားကျရမယ့် ကြွက်သားတွေ၊ ခန္ဓာကိုယ် အစိတ်အပိုင်းတွေရှိတယ်” လို့ ပိုင်ရှင် သူမြင်ခဲ့ရတဲ့ မင်းသားရဲ့ ပုံစံကို ပြောပြပါတယ်။ Dwayne ဟာ ရုပ်ရှင်ကားရိုက်နေရင်းနဲ့ အချိန်လုပြီး gym လာကစားရတာဖြစ်ပေမယ့် သူကစားအပြီးမှာတော့ gym ခန်းထဲမှာ သူနဲ့ဓာတ်ပုံတွဲရိုက်ဖို့ တောင်းဆိုသူတိုင်းကို မငြီးမငြူ ရိုက်ပေးခဲ့တယ်ဆိုပြီးလည်း ပိုင်ရှင်က ချီးကျူးခဲ့ပါသေးတယ်။

Dwayne က ဒီလို မလာရောက်ခင် အရင်ဆုံး လူလွှတ်ပြီး အားကစားခန်းမကို စုံးစမ်းခိုင်းတယ်လို့လည်း သိရတယ်။ ရောက်လာတဲ့သူက နေရာ အနေအထားကို ဓာတ်ပုံရိုက်ခွင့်တောင်းခဲ့ပြီး နာမည်ကြီးတဲ့ လူတစ်ယောက်လာမှာမို့လို့ဆိုတာကို ပြောပြခဲ့ပြီး အထူးအဆန်းတွေ ဖြစ်ကျန်ခဲ့ရတယ်လို့ ပိုင်ရှင်က ပြောပါတယ်။
ရောက်လာတော့မှ The Rock ကြီးဖြစ်နေပြီး ပိုင်ရှင်တွေလည်း အခုလို နာမည်ကျော်တစ်ယောက် ရောက်လာတဲ့အတွက် အင်မတန်ဝမ်းသာ ပီတိဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။ Dwayne ဟာ Selby မြို့အနီးက Eggborough Power Station မှာ Idris Elba, Jason Statham နဲ့ Vanessa Kirby တို့နဲ့ အတူ F&F အဆက် ရုပ်ရှင်ကို လက်ရှိမှာ ရိုက်ကူးနေတယ်ဆိုတာကို ဖော်ပြပေးလိုက်ရပါတယ်။
Source: BBC, Metro UK
Matthew