WWE မှာ ပါဝင်ခွင့်ရတော့မယ့် သမီးအတွက် ဂုဏ်ယူမဆုံး ဖြစ်နေတဲ့ ဖခင်ကြီး The Rock

Twitter/TheRock

လက်ရှိ ကမ္ဘာ့အအောင်မြင်ဆုံး၊ ၀င်ငွေအကောင်းဆုံး မင်းသားကို ပြပါဆိုရင် The Rock ( Dwayne Johnson) ကိုပဲ ပြရမှာပါ။ WWE ရဲ့ မထင်မရှား နပန်းသမားလေး ဘ၀ကနေ အောင်မြင်တဲ့ ထိပ်တန်းနပန်းသမား ၊ အဲဒီကနေမှ တစ်ဆင့် ရုပ်ရှင်လောကထဲ အခြေချပြီး ဇာတ်ပို့ဇာတ်ရံဘ၀ကနေ အောင်မြင်တဲ့ နာမည်ကျော်မင်း သားဖြစ်တဲ့အထိ တစ်ဆင့်ချင်း အောက်သက်ကြေစွာနဲ့ ကြိုးစားလာခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

The Rock ရဲ့ ထူးခြားချက်တစ်ခုကတော့ ဘယ်လောက်ပဲ  အောင်မြင်နေပါစေ၊ နာမည်ကြီးနေပါစေ .. သူ့ရဲ့ အောင်မြင်မှုတွေ အစပြုရာ WWE နပန်းလောက အပေါ်မှာ သံယောဇဉ်ကြီးလွန်းတာပါ။ ရုပ်ရှင်ရိုက်ကူးရေးတွေ နဲ့ မအားမလပ် ဖြစ်နေရင်တောင်မှ အနည်းဆုံး တစ်နှစ်မှာ တစ်ကြိမ်လောက်တော့ WWE ပွဲတွေမှာ ပါဝင်ပြီး ပရိသတ်တွေကို ဖျော်ဖြေတတ်သူလည်း ဖြစ်ပါတယ်။

https://www.instagram.com/p/B9paNk-AMWv/

ပြီးခဲ့တဲ့ မေလ(၁၅)ရက်နေ့က Jimmy Fellon ရဲ့ The Tonight Show အစီစဉ်မှာလည်း The Rock မှာ သမီးဖြစ်သူ Simone Alexandra Johnson တစ်ယောက် WWE နဲ့ စာချုပ်,ချုပ်ခဲ့တဲ့အတွက် အတိုင်းမသိ ၀မ်းသာကြည်နူးမိကြောင်း ဖွင့်ဟခဲ့ပါတယ်။ Simone ဟာ အသက်(၁၈)နှစ်ပဲ ရှိသေးပြီး WWE သမိုင်း တစ်လျှောက် အသက်အငယ်ဆုံး စာချုပ်,ချုပ်ဆိုခဲ့တဲ့ နပန်းမယ်ဖြစ်ကြောင်းကိုလည်း The Rock ဟာ ဂုဏ်ယူ စွာနဲ့ ပြောပြခဲ့ပါတယ်။

READ
"ဧည့်သည်"ရုပ်ရှင်ဇာတ်ကားရိုက်ကူးမှု အမှတ်တရတွေကို ပြောပြလာတဲ့ ရွှေရွှေစုံတွဲ

https://www.instagram.com/p/B1JAYqPFRr9/?utm_source=ig_embed

The Rock က “ WWE မှာ ပါဝင်ခွင့်ရတော့မယ် Simone အတွက် ကျွန်တော် ဂုဏ်ယူလို့ မဆုံးပါဘူး။ WWE နဲ့ စာချုပ်,ချုပ်လိုက်ပြီဆိုတဲ့ သတင်းကို ကြား,ကြားပြီးချင်း ကျွန်တော့်မှာ ၀မ်းသာလုံးဆို့ပြီး ဘာမှတောင် မပြောနိုင် ဖြစ်ခဲ့တာပါ။ ကျွန်တော့် ခြေရာကို နင်းနိုင်တော့မှာမို့လို့ ကြည်နူးမိပေမယ့် Simone အနေနဲ့ ကိုယ့်လမ်းကိုယ်ဖောက်ပြီး အောင်မြင်အောင် ကြိုးစားနိုင်ဖို့က ပိုအရေးကြီးပါတယ်” လို့ ပြောခဲ့ပါတယ်။

The Rock ရဲ့ အဖိုးဖြစ်သူ Peter Maivia နဲ့ အဖေဖြစ်သူ Rocky Johnson တို့ နှစ်ဦးစလုံးကလည်း WWE မှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ နပန်းသားဟောင်းကြီးတွေ ဖြစ်ပါတယ်။ ဒါကြောင့် Simone အနေနဲ့ မိသားစုဂုဏ်ကို ထိန်းဖို့ အရေးကြီးပေမယ့် ဒီအချက်ကြောင့် ဖိအားမဖြစ်စေချင်ကြောင်း၊ WWE မှာ ပါဝင်ခွင့်ရတယ်ဆိုတဲ့ အချက်တစ်ခု တည်းနဲ့တင် အတိုင်းမသိ ကျေနပ်နေပြီဖြစ်ကြောင်း The Rock က သမီးဖြစ်သူ Simone ကို အားပေးစကား ပြောခဲ့ပါတယ်။

READ
ပြည်ပရောက်နေတဲ့ အတွက် Battleship Island အထူးပွဲကို ဆောင်းဟေကို မတက်ရောက်နိုင်

Simone ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ(၁၀)ရက်နေ့တည်းက WWE နဲ့ စာချုပ်,ချုပ်ဆိုခဲ့တာဖြစ်ပြီး အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်မှာရှိတဲ့ လေ့ကျင့်ရေးစင်တာမှာ စခန်းဝင် လေ့ကျင့်နေပြီ ဖြစ်ပါတယ်။ Simone ဟာ WWE သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး စာချုပ်,ချုပ်ဆိုခဲ့တဲ့ နပန်းမယ်ဖြစ်သလို The Rock တို့ မိသားကလည်း WWE သမိုင်းမှာ ဆွေမျိုး(၄)ဆက်အထိ ပါဝင်ခွင့်ရတဲ့ ပထမဆုံးမိသားစုအဖြစ် သမိုင်းမှတ်တမ်း ၀င်ခဲ့ပြီလည်း ဖြစ်ပါတယ်။

SHARE