ကမ္ဘာပေါ်က မိဘတိုင်းရဲ့ ချီးကျူးစကားတွေ သင်းထုံသွားတဲ့ ဖေဖေကြီးရဲ့ ချစ်တတ်ပုံ

The Rock လို့ အသိများတဲ့ WWE Legend ကြီးဟာ သူဇနီးအမျိုးသမီး Laure Hashian နဲ့ နှစ်လအရွယ်သမီးလေးကို ဂရုစိုက်နေတဲ့ စိတ်နှလုံးချမ်းမြေ့ဖွယ် လျှပ်တပြက်ရိုက်ချက်လေးကို Instagram မှာတင်ခဲ့ပါတယ်။ သမီလေးကို နို့တိုက်နေတဲ့ ဇနီးသည်ကို တဖန်ပြန်ပြီး ထမင်းခွံနေတဲ့ ချစ်စဖွယ်ဓာတ်ပုံလေးကြောင့် သည်ရောခ့်ကြီးရဲ့ ချစ်တတ်ပုံကို ချီးမွမ်းခန်းဖွင့်နေကြပါတယ်။

“မေမေက သမီးလေးကို ဂရုစိုက်နေရတော့၊ ကျုပ်ကလည်း မေမေ့ကို ညစားခွံ့ရတာပေါ့။ ဒီလောက်ကတော့အပျော့ပါ… စိတ်ချမ်းသာတယ်” ဆိုတဲ့ စာလေးနဲ့တကွ တင်ခဲ့ပါတယ်။

Instagram

အသက် (၄၆) နှစ်ရှိပြီဖြစ်တဲ့ နပန်းသမားဟောင်း အက်ရှင်မင်းသားကို ကမ္ဘာအ၀ှမ်းက မိဘတွေကလည်း အမျိုးမျိုးချီးမြှောက်ခဲ့ကြပါတယ်။ ပုံလေးဟာ Likes (၂၂,၀၀၀) ၊ Comment (၂,၀၀၀) နဲ့ ပြန်ရှယ်တာ (၁၂,၀၀၀) အထိရှိခဲ့ပါတယ်။

READ
ပက်ခ်ရှင်ဟေးနဲ့ယူဂျယ်ဆော့တို့ မီးဘေးသင့်ပြည်သူများကို လှူဒါန်း
Facebook
Facebook

သမီးလေး မွေးခါစ ဧပြီလတုန်းက ပုံလေးပါ

Instagram

(၂၀၀၇) ခုနှစ်ကတည်းက ချစ်ခဲ့ကြသူနှစ်ယောက်

Rex Features

“တန်းဖိုးရှိတဲ့ အခိုက်အတန့်လေးကို ရင်သပ်ရှုမောဖွယ် မှတ်တမ်းတင်ထားတဲ့ ပုံလေးဟာ ထာဝရ မြတ်နိုးဖွယ်အတိပြီးနေမှာပါ” လို့ ပရိသတ်တစ်ယောက်ကမှတ်ချက်ပေးပါတယ်။

Source: The Sun

Matthew

SHARE