သူငယ်ချင်းကိုကူညီဖို့ ဟန်းနီးမွန်းသွားနေရင်းလှည့်ပြန်လာခဲ့တဲ့ The Rock

Twitter "SOCIALITE LIFE" ‏

ချစ်သူနဲ့လက်ထပ်ပြီး ဟန်းနီးမွန်းခရီးထွက်သွားတဲ့မင်းသားကြီး Dwayne Johnson ဟာ ကားမတော်တဆမှုကြောင့် ဒဏ်ရာရရှိခဲ့တဲ့ သူငယ်ချင်းဖြစ်သူ ဟာသသရုပ်ဆောင် Kevin Hart ရဲ့နေရာမှာ အစားထိုးရိုက်ကူးပေးဖို့ ဟန်းနီးမွန်းခရီးစဉ်ကနေပြန်လာခဲ့ပါတယ်။ Johnson ဟာဟန်းနီးမွန်းကနေချက်ချင်းပြန်လာပြီး Hart တာဝန်ယူရိုက်ကူးပေးရမယ့် The Kelly Clarkson Show ကိုရိုက်ကူးပေးခဲ့တာဖြစ်ပါတယ်။ Hart နဲ့အခြားတွဲဖက်သရုပ်ဆောင်တစ်ဦးဟာ ကားမတော်တဆမှုတစ်ကြောင့် ဆေးရုံမှာရောက်ရှိနေပြီး နောက်ကျောမှာပြင်းထန်တဲ့ဒဏ်ရာရရှိခဲ့တာပါ။

 

Clarkson Show ဟာ Hart ပထမဆုံးဧည့်သည်အဖြစ်တက်ရောက်မယ့်ပွဲဖြစ်တယ်လို့ Show ရဲ့အဖွဲ့ဝင်ဖြစ်တဲ့ အဆိုတော် Kelly Clarkson ကပြောပါတယ်။ဒါပေမယ့် ဒီပွဲကို Hart တက်ရောက်နိုင်မှာမဟုတ်ပါဘူး။သူ့ရဲ့ အကောင်းဆုံးသူငယ်ချင်းတစ်ယောက်ကတော့ ဒီနေရာကိုရောက်လာခဲ့ပါတယ်။သူဟာအရမ်းချစ်ဖို့ ကောင်းပါတယ်။သူ့ရဲ့အသစ်စက်စက်ဇနီးကတော့ ကျွန်မကိုသေချာပေါက်မုန်းနေတော့မှာပါလို့ Clarkson ကထပ်လောင်းပြောကြားခဲ့ပါတယ်။

ဒီ Show ကို စက်တင်ဘာလ(၉)ရက်နေ့မှာ NBC ရုပ်မြင်သံကြားဌာနကနေထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။

 

Johnson နဲ့ Hart တို့ဟာ လူကြိုက်များခဲ့တဲ့ရုပ်ရှင်ကားတွေမှာ နှစ်အတော်ကြာပူးတွဲသရုပ်ဆောင်ခဲ့တဲ့ သူငယ်ချင်းတွေဖြစ်ပါတယ်။သူတို့နှစ်ယောက်ဟာ Central Intelligence ၊ Jumanji: Welcome to the Jungle နဲ့ ဒီဇင်ဘာလ (၁၃)ရက်နေ့မှာပြသမယ့် Jumanji: The Next Level ဇာတ်ကားတွေမှာအတူတူသရုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။

Thae

READ
ကလေးပြည့်တန်ဆာတွေရဲ့ ခေါင်းအဖြစ်လုပ်ကိုင်နေတဲ့ ကျောင်းသူကို ထောင်ဒဏ်ချမှတ်

Source : usatoday , triblive

SHARE