နပန်းသမားအဖြစ်ကနေ သရုပ်ဆောင်၊ သရုပ်ဆောင်အဖြစ်ကနေ စွန့်ဦးတီထွင်သူ အဖြစ်နဲ့ အမျိုးမျိုးကြိုးစားနေတဲ့ The Rock ဟာ အခုဆိုရင် အားဖြည့်အချိုရည်စီးပွားရေးလုပ်ငန်းကို လုပ်ကိုင်လာပါပြီ။ The Rock ဟာ ZOA အမည်ရပြီး သဘာဝကဖင်းဓာတ်နဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို ပေးနိုင်တဲ့ အားဖြည့်အချိုရည်ကို ထုတ်လုပ်နေပြီဖြစ်ကြောင်း CNN အရ သိရပါတယ်။
ZOA ကိုတော့ The Rock အပါအဝင် သူ့ရဲ့ဇနီးဟောင်း Dany Garcia ၊ Garcia ရဲ့လက်ရှိခင်ပွန်း Dave Rienzi နဲ့ အဖျော်ယကာလုပ်ငန်းမှ ဝါရင့်ပညာရှင် John Shulman တို့ လေးယောက်ပေါင်းပြီး ထုတ်လုပ်ထားတာပါ။ သူတို့လေးယောက်ဟာ Molson Coors Beverage ကုမ္ပဏီနဲ့ပူးပေါင်းလုပ်ကိုင်နေတာဖြစ်ပါတယ်။ Molson Coors Beverage ကတော့ Coors Lite ၊ Blue Moon စတဲ့ပေါ်ပြူလာ brand တွေကို ထုတ်လုပ်တဲ့ကုမ္ပဏီဖြစ်ပါတယ်။
ZOA အားဖြည့်အချိုရည်ကိုတော့ မတ်လကစပြီး တစ်နိုင်ငံလုံးကို ဖြန့်ချိမယ်လို့ သိရပါတယ်။ “ကျွန်တော့်ပရိသတ်တွေကို အခုလို ZOA နဲ့ မိတ်ဆက်ခွင့်ရတာ အရမ်းဝမ်းသာပါတယ်။ ZOA ကတော့ အမျိုးအစားတစ်မျိုးတည်းရှိပြီး ကိုယ်ခံအားစနစ်ကို အထောက်အကူပေးတဲ့ အားဖြည့်အချိုရည်ဖြစ်ပါတယ်။ ကျန်းမာရေးအတွက်လည်းကောင်းပြီး အရသာလည်းရှိတဲ့ အချိုရည်ရဖို့ ကျွန်တော်တို့တွေ ၁၈ လကြာအချိန်ယူခဲ့ရပါတယ်။” လို့ The Rock က ဆိုပါတယ်။
ZOA ဟာ The Rock ရဲ့ ပထမဆုံးထုတ်လုပ်တဲ့ အဖျော်ယမကာတော့မဟုတ်ပါဘူး။ ပြီးခဲ့တဲ့နှစ်တုန်းကလည်း ဟောလီးဝုဒ်စတားကြီးဟာ Teremana Tequila ကို ထုတ်လုပ်ခဲ့ပါသေးတယ်။ စံချိန်ချိုးနိုင်တဲ့အထိ ရောင်းအားတက်ခဲ့ပါတယ်။
View this post on Instagram
အားဖြည့်အချိုရည်လောကထဲမှာတော့ နာမည်ကြီး brand တော်တော်များများက အရင်ဦးနေပြီမို့ ZOA အနေနဲ့ ဈေးကွက်ထဲဝင်ရောက်ဖို့ အချိန်ယူရဦးမှာပါ။ Molso Coors ကတော့ ZOA ဟာ တစ်နေ့တာအတွက် လိုအပ်တဲ့ ဗီတာမင်စီ၊ဒီနဲ့ ဘီတို့ကိုဖြည့်တင်းပေးနိုင်တဲ့ တစ်ခုတည်းသောအားဖြည့်အချိုရည်လို့ ဆိုပါတယ်။ အားဖြည့်အချိုရည်ထဲမှာတော့ တာရှည်ခံဆေး၊ စားသုံးသူကို စွဲလန်းစေတဲ့အဖြည့်ပစ္စည်းတွေလည်း မပါဝင်ကြောင်းလည်းသိရပါတယ်။
View this post on Instagram
ShweMom