ဆယ်ကျော်သက်ဘ၀က ကျပ်တည်းချိန်ကို မမေ့ကြောင်း သက်သေပြခဲ့တဲ့ The Rock

အသက်(၄၆) နှစ်အရွယ်ရှိပြီဖြစ်တဲ့ သရုပ်ဆောင်မင်းသားကြီး ဒွိုင်းဂျွန်စင်ဟာ သရုပ်ဆောင်ကောင်းတဲ့အပြင် စိတ်ရင်းစေတနာလည်း ကောင်းတဲ့မင်းသားကြီးတစ်လက်ဖြစ်တာကြောင့် တစ်ကမ္ဘာလုံးက ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှု ရရှိနေသူဖြစ်ပါတယ်။ သူကိုယ်တိုင်ကလည်း သူ့ရဲ့ တစ်နေ့တာ လှုပ်ရှားသွားလာပုံတွေကို ချစ်ပရိသတ်တွေလည်း သိရအောင် အင်စတာဂရမ်ပေါ်မှာ ဖော်ပြပေးလေ့ရှိသူဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီလ(၃) ရက်နေ့မှာတော့ ဒွိုင်းဟာ သူ့တစ်နေ့တာရဲ့ အစကို ရိုးရိုးသားသားနဲ့ အင်စတာဂရမ်ပေါ်မှာ ဖော်ပြပေးခဲ့ပါတယ်။ အင်စတာဂရမ်ပေါ်မှာ သူက ဓာတ်ပုံတစ်ပုံတင်ထားပါတယ်။ ဓာတ်ပုံနဲ့အတူ သူဟာ အသစ်ထွက်ရှိလာမယ့် ရုပ်ရှင်ဇာတ်ကား Hobbs & Shaw အတွက် အလုပ်လုပ်နေကြောင်း ဆိုထားပါတယ်။ ထိုဇာတ်ကားထဲမှာတော့ ဒွိုင်းဟာ အမေရိကန်ထောက်လှမ်းရေး အေးဂျင့်တစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။

ဓာတ်ပုံထဲမှာတော့ ဒွိုင်းဟာ ကိုယ်ပိုင်ဂျက်လေယာဉ်တစ်စီးပေါ်မှာ လိုက်ပါလာတယ်လို့ ယူဆရပါတယ်။ သူ့ရှေ့မှာတော့ ကြက်ကင်နဲ့ ထမင်းဖြူနဲ့ ရောထားတဲ့ ထမင်းတစ်ပန်းကန်ရှိပါတယ်။ ဒါကို မြင်ပြီး ဒွိုင်းက သူ့ငယ်ဘ၀ကို ပြန်သတိရကြောင်း ပို့စ်ရေးသားတင်ခဲ့တာပါ။ သူဆယ်ကျော်သက်(၁၄) နှစ်သားတုန်းက ဟာဝိုင်အီကျွန်းမှာ တစ်ပတ်ကို ဒေါ်လာ(၁၈၀) တန် အခန်းလေးမှာ နေခဲ့ရကြောင်း၊ နောက်ပိုင်း ကျွန်းပေါ်ကနေ နှင်ထုတ်ခံခဲ့ရကြောင်း ပြောပြပါတယ်။ ထိုစဉ်တုန်းက နေ့တိုင်း ကြက်ကင်နဲ့ ထမင်းဖြူကိုသာ ငြီးငွေ့လောက်အောင် စားခဲ့ရကြောင်းနဲ့ အခုလည်း ဒါပဲ ပြန်စားနေရလို့ သူ့ဘ၀သူ ပြန်တွေးပြီး ရယ်ချင်တယ်လို့ ဆိုခဲ့တာပါ။ ဒါ့အပြင် သူဟာ နည်းနည်းလေး အဆင်ပြေလာတာရုံကလွဲလို့ အရင်ကအတိုင်း ဘာမှ မပြောင်းလဲပါဘူးလို့ ဒွိုင်းက သူ့ကိုယ်သူ နှိမ့်ချပြီး ရေးသားပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာကျော်တစ်ဦးဖြစ်ပေမယ့် ကိုယ်လာခဲ့တဲ့ ဘ၀ဟောင်းနဲ့ အစားအသောက်ကိုမမေ့ပဲ ဒွိုင်းဟာ သူ့ခံစားချက်နဲ့ ငယ်ဘ၀အကြောင်းတွေကို တရင်းတနှီးပြောပြခဲ့တာပါ။ ရိုးရိုးသားသားနဲ့ သူ့ဘ၀အကြောင်းကို ပရိသတ်တွေဆီ ပြောပြခဲ့တဲ့ ဒွိုင်းကတော့ လေးစားထိုက်တဲ့ သရုပ်ဆောင်ကြီးတစ်ဦးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Fast and Furious သရုပ်ဆောင်ကြီးဟာ ကလေးချစ်သူတစ်ဦးလည်း ဖြစ်ပါသေးတယ်။ အောက်ဘက်မှာတော့ ကလေးတစ်သိုက်နဲ့ အတူတူ ပျော်ပျော်ပါးပါးရှိနေတဲ့ ဒွိုင်းကို သူ့ရဲ့ တွစ်တာအကောင့်မှာ အခုလို မြင်ခဲ့ရပါသေးတယ်။

လင်းလင်း (ShweMom)

READ
အပြင်ပန်းသဏ္ဍာန်ကြည့်ပြီး လူတွေကို အကဲမဖြတ်သင့်ကြောင်း ပြောပြခဲ့တဲ့အမျိုးသား

Ref: Unilad

SHARE