Trump ရဲ့ ခေါင်းဆောင်မှုစွမ်းရည်ကို အပြင်းအထန်ဝေဖန်ခဲ့တဲ့ မင်းသားကြီး The Rock

[email protected] [email protected]

လက်ရှိအချိန် အမေရိကန်နိုင်ငံတစ်ဝှမ်းမှာ ဖြစ်ပွားနေတဲ့ ဆန္ဒပြမှုတွေ၊ အကြမ်းဖက်မှုတွေ၊ ဆူပူမှုတွေ ဖြစ်ပွားနေတာကိုတော့ လူတော်တော်များများ သိကြမှာ ဖြစ်ပါတယ်။ COVID 19 ဖြစ်နေတဲ့ ဒီလိုကာလမျိုးမှာ အခုလိုမျိုး လူအစုလိုက်အပြုံလိုက် စုဝေးမှုတွေ ဖြစ်နေတာကတော့ မကောင်းပါဘူး။ အသက် ၄၅ နှစ်အရွယ်ရှိ အမေရိကန်-အာဖရိကန်လူမျိုး George Floyd တစ်ယောက် မေလ ၂၅ ရက်နေ့မှာ အမေရိကန်ရဲအရာရှိတစ်ယောက်ကြောင့် လူမြင်ကွင်းမှာ သေဆုံးသွားရာကစခဲ့တဲ့ ဒီမီးဟာ အခုအချိန်ထိ မငြိမ်းနိုင်သေးပါဘူး။

အခုအချိန်မှာတော့ အမေရိကန်နိုင်ငံတစ်ဝှမ်းမှာ ဆန္ဒပြပွဲတွေဟာ တဖြည်းဖြည်းနဲ့ ဆူပူအကြမ်းမှုပုံစံဖက်ကို ကူးပြောင်းနေပြီ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံသားတွေဟာ အခုအချိန်မှာ ကျီးလန့်စာစားနေရတဲ့ ပုံစံမျိုး ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း အမေရိကန်အစိုးရက ဒီကိစ္စကို ကိုယ်တွယ်ပုံတွေ မှားယွင်းနေတယ်လို့ ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။ ဒီဝေဖန်မှုတွေထဲမှာမှ Hollywood ရဲ့ နာမည်ကြီးမင်းသားတစ်ယောက်ဖြစ်တဲ့ The Rock ရဲ့ ဝေဖန်မှုကတော့ တော်တော်ကြမ်းကြောင်း Insider သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့က မင်းသားကြီး The Rock ဟာ သူ့ရဲ့ ဆိုရှယ်မီဒီယာ အကောင့်ကနေပြီးတော့ အမေရိကန်သမ္မတ Trum ရဲ့ ခေါင်းဆောင်နိုင်စွမ်းကို ဝေဖန်ထားတဲ့ ဗီဒီယိုဖိုင်တစ်ခုတင်ခဲ့ပါတယ်။ ဗီဒီယိုထဲမှာ အဓိကပြောသွားတဲ့ အကြောင်းအရာတွေကတော့ ဒီလိုဖြစ်နေချိန်မျိုးမှာ Trump တစ်ယောက် လူမြင်ကွင်းကို လုံးဝထါက်မလာပဲနဲ့ ဘယ်မှာ သွားပုန်းနေလဲဆိုတာပဲ ဖြစ်ပါတယ်။

“ဒီလိုအချိန်မျိုးမှာ သူက အမေရိကန်နိုင်ငံရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီးတော့ ဘယ်ရောက်နေမှန်းကို မသိပါဘူး။ ဒီလိုအချိန်မျိုးမှာ သမ္မတပီပီ လူမြင်ကွင်းကို ထွက်လာပြီးတော့ ဒီကိစ္စကို သေသေချာချာ ရှင်းသင့်နေပါပြီ။ အချိန်ကြာလာတာနဲ့အမျှ ဒီကိစ္စက ဆက်လက်ကြီးထွားနေအုံးမှာပါ။ အဓိက မမေ့ထားသင့်တဲ့အချက်က ဒီအချိန်ဟာ COVID 19 ဖြစ်နေဆဲ ကာလတစ်ခု ဆိုတာပါပဲ။ ဒီလိုမျိုးတွေဆက်ဖြစ်နေမယ်ဆိုရင်တော့ အမေရိကန်အစိုးရဖက်ကရော၊ အမေရိကန်ပြည်သူတွေရော နစ်နာနေအုန်းမှာပါ။ တာဝန်ရှိသူတွေက ဒီကိစ္စကို အမြန်ဆုံးဖြေရှင်းသင့်နေပါပြီ” လို့ The Rock က ပြောကြားခဲ့ပါတယ်။

READ
Goblin ဇာတ်ကားနဲ့ Best Drama Actor ဆုရခဲ့တဲ့ Gong Yoo

Pyi Hein Kyaw

SHARE