အောင်မြင်မှုဆိုတာ သူ့ကိုငပေါကြီးတစ်ကောင်လို ခံစားမိစေတယ်လို့ ဖွင့်ဟခဲ့တဲ့ The Rock

[email protected] Rock

The Rock လို့ပြောလိုက်တာနဲ့ ကြွက်သားတွေ အမြှောင်းမြှောင်းနဲ့ အရပ်မြင့်မြင့်ကတုံးကြီးတစ်ကောင်ကို လူတိုင်းနီးပါး ပြေးမြင်ကြမှာပါ။ WWE နပန်းလောကကနေ Hollywood ရုပ်ရှင်လောကအထိပါ ထိုးဖောက်လာနိုင်ခဲ့တဲ့ The Rock ဟာ အချိန်တိုတိုအတွင်း လူသိများတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်လာတယ်ဆိုလည်း မမှားပါဘူး။ ဒါပေမယ့် သူ့ရဲ့ အောင်မြင်မှုဟာ သူ့ကို ငပေါကြီးတစ်ကောင်လို ခံစားမိစေတယ်လို့ Unilad သတင်းဌာနနဲ့ အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

[email protected] Rock

The Rock ဟာ Hollywood ရုပ်ရှင်လောကမှာသာမက နာမည်ကြီးရှိုးအစီအစဉ်တော်တော်များများမှာပါ အောင်မြင်ကျော်ကြားလာခဲ့ပါတယ်။ သူပထမဦးဆုံး သရုပ်ဆောင်ခဲ့တဲ့ The Mummy Returns ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ အကောင်းဆုံးဗီလိန်ဆု(Teen Choice Award for Choice Movie Villain) ကို ရရှိခဲ့ရုံသာမက သူပါဝင်သရုပ်ဆောင်ထားတဲ့ Fast & Furious ဇာတ်ကားတစ်ချို့နဲ့ Jumanji ဇာတ်ကားတွေဟာလည်း အောင်မြင်ခဲ့တဲ့ ဇာတ်ကားတွေဆိုလည်း မမှားပါဘူး။ဒါပေမယ့် ဒီအောင်မြင်မှုတွေဟာ သူ့အတွက် ပျော်စရာမကောင်းခဲ့ပါဘူး။

https://www.instagram.com/p/B9om3qDFBSs/

“လူတစ်ယောက်က နာမည်ကြီးသွားပြီဆိုရင် အဲဒီထပ်နာမည်ကြီးဖို့ ကြိုးစားလေ့ရှိတတ်ကြပါတယ်။ အဲဒီနေရာမှာပဲ ဘယ်သူမှ ရပ်မနေတတ်ပါဘူး။ အဲဒီလိုနာမည်ကြီးဖို့အတွက် ကိုယ့်ကိုကမ်းလှမ်းလာတဲ့ အလုပ်တွေကို ငြင်းခွင့်မရှိပါဘူး။ ကိုယ်ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ အကုန်လုပ်ရပါတယ်။ ညှိနှိုင်းဖို့ကော ဖြစ်နိုင်မယ်လို့ထင်လား။ ကိုယ်မလုပ်ချင်ရင် နောက်ထပ်လုပ်မယ့်သူတွေက အဆင်သင့်ပဲလေ” လို့ The Rock က ပြောကြားခဲ့ပါတယ်။

“ အခုဒီ Hollywood လောကမှာ လူမသိခင်တုန်းက WWE နပန်းလောကမှာ ကျွန်တော့်ကို တော်တော်များများစသိကြတာပါ။ အဲဒီလောကမှာ နာမည်ကြီးတုန်းကပေါ့၊ လွန်ခဲ့တဲ့ နှစ်ပေါင်းတော်တော်များများက စားသောက်ဆိုင်တစ်ဆိုင်မှာ ညစာသွားစားခဲ့ဖူးပါတယ်။ ကျွန်တော် စားပွဲမှာ ထိုင်ပြီး ညစာစားနေတုန်း ခပ်လှမ်းလှမ်းနေရာက အတွဲတစ်တွဲက ကျွန်တော့်ကိုကြည့်ပြီး ငပေါကြီး တစ်ကောင်လို အကြီးအကျယ် ဟာသလုပ်ခဲ့ဖူးတယ်။ ဒီနေ့အထိသူတို့အတွဲကို မမေ့ပါဘူး။ သူတို့အတွဲကိုလည်း ကျွန်တော် ကျေးဇူးတင်ပါတယ်။ သူတို့အတွဲကြောင့် ကျွန်တော် အောင်မြင်မှုဆိုတဲ့ အရာနဲ့ပတ်သတ်ပြီး ကျွန်တော့်ကို ကျွန်တော် ဆန်းစစ်နိုင်ခဲ့တာပါ” လို့ The Rock က ထပ်မံပြောကြားခဲ့ပါတယ်။

READ
ပုရိသအပေါင်းကို ကြွေအောင်လုပ်လိုက်ပြန်တဲ့ နွယ်နွယ်ထွန်း

Pyi Hein Kyaw

SHARE