ဆေးရုံတက်နေတဲ့ ကလေးတွေကို Xbox ဂိမ်းစက်တွေပေးပြီး surprise လုပ်ခဲ့တဲ့ The Rock

[email protected] therock

Hollywood ရုပ်ရှင်လောကရဲ့ နာမည်ကြီး သရုပ်ဆောင်မင်းသားတစ်ဦးဖြစ်တဲ့ The Rock ကိုတော့ ရုပ်ရှင်ချစ်ပရိသတ်တော်တော်များများ သိရှိကြပြီး ဖြစ်မှာပါ။ The Rock ဟာ WWE နပန်းလောကကနေ Hollywood ရုပ်ရှင်လောကထဲကို ခြေစုံပစ်ဝင်ခဲ့ပြီး လက်ရှိအချိန်မှာတော့ ကမ္ဘာ့ရုပ်ရှင်ကြေး အများဆုံး အနုပညာရှင်တစ်ယောက် ဖြစ်နေခဲ့ပြီပဲ ဖြစ်ပါတယ်။ အခူလည်း မကြာသေးခင်အချိန်က အသစ်ထွက်ရှိခဲ့တဲ့ Xbox Series X ဂိမ်းစက်တွေကို ဆေးရုံတက်နေရတဲ့ ကလေးတွေအတွက် ဝယ်ပေးခဲ့ပြီး surprise လုပ်ပေးခဲ့ကြောင်း 9news သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

 

View this post on Instagram

 

20 years ago my buddy Bill Gates and I debuted the very first ever @Xbox console to the world. Now two decades later, I’m partnering up with @Microsoft once again to launch their brand new XBOX Series X to the world. BUT the best part about this partnership is I have the absolute privilege to deliver ONE OF A KIND “ROCK XBOX Series X” consoles to 20 different children’s hospitals that will eventually reach over 50,000 KIDS!!!! These kids are battling through their illnesses with incredible bravery and I’m thrilled @microsoft, @gamersoutreach and myself can provide some joy and smiles. You kids show me and the world, what real strength means. Stay strong & Keep smilin’ -DJ …and stuff like this will always be the best part of my fame.

A post shared by therock (@therock) on

The Rock ကြီးတစ်ယောက် surprise လုပ်ခဲ့တဲ့ ဆေးရုံကတော့ အမေရိကန်နိုင်ငံ၊ Colorado ပြည်နယ်မှာရှိတဲ့ ကလေးဆေးရုံတစ်ခုမှာပဲ ဖြစ်ပါတယ်။ အဆိုပါ ဆေးရုံမှာဂှိတဲ့ ကလေးတွေအတွက် ဆေးရုံခန်းထဲက ခုတင်ပေါ်မှာပဲ အေးဆေးနေပြီး ဂိမ်းကစားနိုင်အောင်အတွက် Xbox Series X ဂိမ်းစက်တွေကို Gamers Outreach အဖွဲ့အစည်းနဲ့ ပေါင်းစည်းခဲ့ကာ ဂိမ်းစက်တွေပါ တစ်ခါတည်း တပ်ဆင်ပေးခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ဆေးရုံမှာရှိတဲ့ ကလေးတွေကတော့ အမှန်တစ်ကယ်ကို ပျော်သွားကြမှာပါပဲ။ ဘာကြောင့်လဲဆိုတော့ Xbox Series X ဂိမ်းစက်ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့(၁၀.၁၁.၂၀၂၀)မှ ပူပူနွေးနွေး ထွက်ရှိခဲ့တဲ့ ဂိမ်းစက်တွေ ဖြစ်နေတာကြောင့်ပဲ ဖြစ်ပါတယ်။

READ
Gaga၊Cooper နဲ့ Shayk တို့ရဲ့ သုံးပွင့်ဆိုင် အချစ်တိုက်ပွဲ စတင်

 

 

View this post on Instagram

 

So fresh and so clean, you can almost feel them through the screen.

A post shared by Xbox (@xbox) on

“ကလေးတွေရဲ့ အပျော်ကတော့ ကျွန်တော့်ဆီပါ တစ်ကယ်ကူးစက်ခဲ့ပါတယ်။ သူတို့လေးတွေက တစ်ကယ်သနားဖိုပကောင်းတဲ့ ကလေးတွေပါ။ ဘာကြောင့်လဲဆိုတော့ ကလေးပီပီ တစ်ခြားကလေးတွေလို မဆော့ရပဲ တစ်နေကုန် ဆေးရုံခန်းထဲမှာ လှဲနေရလို့ပါပဲ။ ဒါ့ကြောင့် ကျွန်တော်အနေနဲ့ ကလေးတွေကို ဒီလိုမျိုး surprise လုပ်ဖို့ စဉ်စားခဲ့တာပါ။ ပါဝင်ကူညီပေးခဲ့ကြတဲ့ Xbox နဲ့ Gamers Outreach အဖွဲ့အစည်းကို အများကြီး ကျေးဇူးတင်ပါတယ်”လို့ The Rock က ပြောကြားခဲ့ပါတယ်။

READ
အနုပညာသက်တမ်း(၁၀)နှစ်ပြည့်ပွဲ ကျင်းပမယ့် Ji Chang Wook

 

The Rock ဟာ အခုလက်ရှိအချိန်မှာလည်း သူ ပထမဦးဆုံး ခေါင်းဆောင်မင်းသားအဖြစ် သရုပ်ဆောင်ခဲ့တဲ့ The Scorpion King ဇာတ်ကားကို ပြန်လည်ရိုက်ကူးဖို့ စီစဉ်နေပြီပဲ ဖြစ်ပါတယ်။ ဒီလိုမျိုး Reboot ပြန်လည်ရိုက်ကူးမယ့် The Scorpion King ဇာတ်ကားကိုတော့ Universal Pictures ကုမ္ပဏီနဲ့ ပူးပေါင်းပြီး ပြန်လည်ရိုက်ကူးမှာ ဖြစ်သလို အဆိုပါ ဇာတ်ကားရဲ့ ဇာတ်ညွှန်းကိုတော့ ၂၀၁၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ နာမည်ကြီး biographical drama ဇာတ်ကားတစ်ကားဖြစ်တဲ့ Straight Outta Compton ဇာတ်ကားကို ဇာတ်ညွှန်းရေးသားခဲ့သူ Jonathan Herman က ဇာတ်ညွှန်းရေးသားမှာဖြစ်ကြောင်း သိရပါတယ်။

Pyi Hein Kyaw

SHARE