သမီးယ်လေးကို သီချင်းဆိုပြပြီး လက်ဆေးနည်းသင်ပေးနေတဲ့ မင်းသားကြီး The Rock

[email protected]

လက်ရှိအချိန်မှာ ဖြစ်ပွားနေတဲ့ COVID 19 ကူးစက်ရောဂါကြောင့် လူတိုင်းလူတိုင်းဟာ အိမ်ထဲက အိမ်အပြင်ကို မထွက်ကြတော့ပဲ ကိုယ့်အိမ်မှာကိုယ် Quarantine ချပြီး နေနေကြတာ များပါတယ်။ ကာကွယ်ဆေးလည်း မပေါ်သေးတဲ့အတွက်ကြောင့် ဒီလိုအချိန်မျိုးမှာ လူထူထပ်တဲ့နေရာတွေကို မသွားတာအကောင်းဆုံဖြစ်သလို မဖြစ်မနေသွားခဲ့ရရင်လည်း အိမ်ရောက်တာနဲ့ လက်ကို ဆပ်ပြာနဲ့ သေသေချာချာ ဆေးကြောသင့်ပါတယ်။ အခုလည်း မင်းသားကြီး The Rock ဟာ တစ်နှစ်အရွယ်ပဲ ရှိသေးတဲ့ သူ့သမီးလေးကို လက်ဆေးနည်းလေးသင်ပေခဲ့တာနဲ့ပတ်သတ်ပြီး သူ့ရဲ့ ဆိုရှယ်မီဒီယာအကောင့်မှတစ်ဆင့် ဝေမျှခဲ့ကြောင်း Billboard သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

မင်းသားကြီး The Rock ဟာ သူ့ရဲ့ တစ်နှစ်အရွယ်သမီးလေး Tia ကို လက်ဆေးနည်း သင်ပေးခဲ့တဲ့ပုံလေးနဲ့ ပတ်သတ်ပြီး သူ့ရဲ့ ပရိသတ်တွေသိအောင် ဝေမျှခဲ့ပါတယ်။ ဗီဒီယိုထဲမှာတွေ့တဲ့အတိုင်း The Rock ဟာ Tia လေးကို သီချင်းတစ်ပုဒ်ဆိုပြရင်း လက်ဆေးတာကို သူ့သမီးလေးစိတ်ဝင်စားလာအောင် အရင်ဆုံးလုပ်ခဲ့ပါတယ်။ ဆိုတဲ့သီချင်းကတော့ Moana ကာတွန်းကားထဲမှာ The Rock ကြီး အသံသရုပ်ဆောင်အဖြစ်ပါဝင်ထားတဲ့ Maui ကာတွန်းဇာတ်ကောင်ရဲ့ ဇာတ်ဝင်တေးသီချင်းတစ်ပုဒ်ဖြစ်တဲ့ “ You’re Welcome ဆိုတဲ့ သီချင်းကို သီဆိုနေတာပဲ ဖြစ်ပါတယ်။

“ကလေးတွေကို တစ်ခုတစ်ခုနားဝင်အောင်ပြောရမယ်ဆို သူတို့ကြိုက်တဲ့ ကာတွန်းဇာတ်ကောင်လေးတွေရဲ့ အပြုအမူ၊ သီချင်းလေးတွေနဲ့ပြောရင် သူတို့လေးတွေက ပိုနားဝင်တယ်။ ဘာရောဂါကို ကာကွယ်ရမှာမို့လို့ ဘယ်လိုလက်ဆေးဖို့ဆိုတဲ့ စကားကြီးတွေနဲ့တော့ ကလေးတွေကို သွားမပြောနဲပ။ သူတို့နားဝင်မှာမဟုတ်ဘူး။ ကျွန်တော့်သမီး Tia ကြိုက်တဲ့ ကာတွန်းဇာတ်ကောင်က ကျွန်တော် အသံသရုပ်ဆောင်အဖြစ်ပါဝင်ထားတဲ့ Moana ကာတွန်းကားထဲက Maui စြဖ်နေတာတော့ ကျွန်တော်တော်တော်ကံကောင်းတာပဲဗျ” လို့ The Rock က ပြောကြားခဲ့ပါတယ်။

READ
ရောဂါကြောင့် သိသာစွာ, အရွယ်ကျဆင်းသွားတဲ့ အက်ရှင်မင်းသားကြီး ဂျက်လီ

Pyi Hein Kyaw

SHARE