WWE နပန်းသမားဟောင်း Shad Gaspard အတွက် ၀မ်းနည်းစကားဆိုခဲ့တဲ့ TheRock

Twitter_ShadGaspard_IG_TheRock

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ (၁၇.၅.၂၀၂၀)တုန်းက WWE နပန်းသမားတစ်ယောက်ဖြစ်တဲ့ Shad Gaspard ဟာ သူ့သားလေးနဲ့ Los Angeles မြို့မှာရှိတဲ့ Venice ကမ်းခြေမှာ အပန်းဖြေနေတုန်း Shad တစ်ယောက် ပျောက်ဆုံးသွားခဲ့ပါတယ်။ ဒီလို ပျောက်ဆုံးသွားခဲ့တယ်ဆိုတာကလည်း ကမ်းခြေမှာ အမှတ်မထင် လှိုင်းလုံးကြီးတွေ တက်လာပြီး လူတွေကို ရေစီးကြောင်းနဲ့ ဆွဲချသွားတဲ့အချိန်မှာ Shad တစ်ယောက် လူတွေကို လိုက်ကယ်ရင်းနဲ့ ပျောက်ဆုံးသွားခဲ့တာပါ။ (၂)ရက်လောက် အကြာမှာ အသက်မဲ့နေတဲ့ Shad ရဲ့ ရုပ်အလောင်း ပြန်ပေါ်လာခဲ့တာဖြစ်ကြောင်း Give Me Sport သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

View this post on Instagram

Aryeh, myself and the Gaspard and Chittick families would like to take this time to thank everyone for their prayers and support, as we mourn the terrible loss of our beloved Shad. . . Shad was our whole world and we were his. There are not enough words to describe what he means to all of us. He was our heart, our soul, our protector, our warrior. He was a bright force of nature, who brought joy to many through his joyous and gracious nature. . . The outpouring of love from Shad’s friends, colleagues and fans has meant more to us than you can even imagine. . . We’d like to once again thank the lifeguards, coast guard, divers, fire and police departments for their efforts. . . Shad was and will always be our real life super hero. . . I love you more, my love ❤️ . . Proudly, Siliana Gaspard

A post shared by Shad Gaspard (@shadbeast13) on

Shad ကော ၊ သူ့သားလေးကော ရေလှိုင်းထဲပါသွားတဲ့အချိန် ကမ်းခြေက Lifeguard တွေလာကယ်တဲ့အချိန်မှာတောင် Shad ဟာ သူ့သားကို အရင်ပြန်ခေါ်သွားဖို့ပြောပြီး သူတစ်ခြားသူတွေ လိုက်ကယ်လိုက်ဦးမယ်လို့ ပြောခဲ့ပါတယ်။ ဒီလိုနဲပ Lifeguard တွေ သူ့သားလေးကို ကမ်းခြေသို့ ခေါ်ဆောင်သွားပြီး Shad ကို  ပြန်လာရှာတဲ့အချိန်မှာတော့ Shad တစ်ယောက် မရှိတော့ပါဘူး။ အဲဒီအချိန်အထိ ကမ်းခြေစောင့်တပ်ဖွဲ့တွေနဲ့ပေါင်းပြီး ပင်လယ်ထဲအထိ ထွက်ရှာခဲ့ပါသေးတယ်။ ဒါပေမယ့် ကံဆိုးစွာပဲ Shad ကို မတွေ့ခဲ့ရပါဘူး။ နောက်ထပ်နှစ်ရက်ကြာမှ ကမ်းခြေမှာပဲ Shad ရဲ့အလောင်းပြန်ပေါ်လာခဲ့တာပဲ ဖြစ်ပါတယ်။

Shad ရဲ့ သေဆုံးမှုအပေါ်မှာတော့ မင်းသားကြီး The Rock ဟာ ယူမကြုံးမရဖြစ်နေတဲ့ ပုံပါပဲ။ ဘာကြောင့်လဲဆိုတော့ The Rock နဲ့ Shad ဟာ WWE ပွဲတွေမှာသာမက အပြင်မှာပါ မကြာခဏ တွေ့လေ့ရှိကြတဲ့ သူငယ်ချင်းတွေလည်း ဖြစ်ပါတယ်။ The Rock ဟာ သူ့ရဲ့ Instagram အကောင့်မှာ Shad နဲ့ ပတ်သတ်ပြီး ဝမ်းနည်းကြောင်း ပို့စ်တစ်ခုတင်ခဲ့ပါတယ်။

“ Shad နဲ့ ကျွန်တော်ဟာ သူငယ်ချင်းတွေဆိုတာထက်ပိုပါတယ်။ ကျွန်တော် အခက်အခဲဆုံးဖြစ်နေတဲ့ အချိန်တစ်ချို့မှာ ကျွန်တော့်အနား သူရှိပေးနေခဲ့ပါတယ်။ အခုကိစ္စမှာလည်း သူ့သားကို အရင်ကယ်ခိုင်းပြီး သူက နေခဲ့ပြီး အခြားလူတွေကိုပါ ကယ်ဖို့ လုပ်ခဲ့ပါတယ်။ လူသားဆန်တဲ့ လုပ်ရပ်တစ်ခုနဲ့ ဖခင်တစ်ယောက်ရဲက မေတ္တာကိုပါ ပြသပေးသွားခဲ့တာပါ။ သူ့မိသားစုနဲ့ ထပ်တူထပ်မျှဝမ်းနည်းရပါတယ်” လို့ The Rock က ရေးသားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE