သခင်သေဆုံးသွားပေမယ့် ဆေးရုံခုတင်ဘေးမှာ အခုထက်တိုင် စောင့်ဆိုင်းနေတဲ့ ခွေးလေး

NorthStar Pet Rescue

သစ္စာတရားဆိုတာ မနုဿလူသားတွသာလျှင် ထားနိုင်တဲ့အရာမျိုး မဟုတ်ပါဘူး။ တိရစ္ဆာန်တွေက သစ္စာတွေ၊ မေတ္တာတွေ၊ အချစ်တွေကို မသိပေမယ့် သူတို့ ဘယ်သူ့ကို ကာကွယ်ပေးရမယ်၊ ဘယ်သူက သူတို့ကို မုန်းတယ်၊ ဘယ်သူက ချစ်တယ်ဆိုတာကိုတော့ ပင်ကိုယ်စိတ်အရ သိကြပါတယ်။

အခုလည်း ခွေးလေးတစ်ကောင်ကတော့ သခင်ဖြစ်သူ သေဆုံးသွားပေမယ့်၊ သခင် တက်ရောက်ကုသခဲ့တဲ့ ဆေးရုံခုတင်ဘေးမှာ နေ့စဉ်သွားစောင့်နေပြီး၊ သခင် ပြန်လာလေနိုး မျှော်လင့်နေရှာပါတယ်။ ခွေးလေးနာမည်ကတော့ Moose ပါတဲ့။ လက်ဘရာဒေါမျိုးစပ်ပါ။

ဒီဓာတ်ပုံလေးတွေကို နယူးဂျာစီအခြေစိုက် North Star Pet Rescue က နေ ပြန်လည် မျှဝေခဲ့တာပါ။ သူတို့ရဲ့ ပို့စ်မှာ “ Moose ကတော့ သူ့သခင်ရဲ့ ဆေးရုံခုတင်ဘေးမှာ သည်းခံမှုအပြည့်နဲ့ စောင့်စားနေဆဲ … သူပြန်လာမလားလေပေါ့ … သူ သေသွားတာ ခမျာ မသိရှာဘူး ”လို့ ရေးထားပါတယ်။

*** 6/22/19 Update: MOOSE HAS BEEN ADOPTED by a wonderful family who will care for and love him for the rest of his…

Posted by NorthStar Pet Rescue on Monday, June 17, 2019

Moose ကို လက်ရှိ စောင့်ရှောက်ထားသူတွေကတော့ Eleventh Hour Rescue အဖွဲ့ဖြစ်ပြီး၊ ပို့စ်ထဲမှာ “ သူ့မှာ သခင်အသစ်ရယ်လို့ မရှိသေးပါဘူး .. သူ့အတွက် အိမ်အသစ် မိသားစုအသစ် ရှာကူပေးကြပါပြီး .. သူက ပုံမှန်အားဖြင့် ပျော်ပျော်နေတတ်တဲ့ ကောင်လေးပါ .. သူနှလုံးသား နာကျင်မှုကိုကုသဖို့ လူတွေရဲ့ အကူအညီ လိုနေပါတယ် ”လို့ ရေးထားပါတယ်။

ပို့စ်ထဲမှာ ထပ်ရေးထားတာက Moose ဟာ အခြားခွေးတွေနဲ့လည်း ပလဲပနံသင့်အောင် ပေါင်းတတ်သူ၊ ဒါပေမယ့် ငှက်တွေ၊ ကြောင်တွေနဲ့ကတော့ ကမ္ဘာ့ရန်တွေလို့ သတိပေးထားပါသေးတယ်။ အခုအခါမှာတော့ Moose ကို စောင့်ရှောက်လိုသူတွေ အလွန်များနေပါတယ်တဲ့။

လင်းသုတ (Shwemom)

SHARE