ဟာသဆန်ဆန် လွဲမှားလွန်းတဲ့ ဇာတ်ကွက်ကြောင့် ဝေဖန်ခံနေရတဲ့ Bollywood စီးရီး

[email protected]_

Bollywood ဇာတ်ကားတွေကလည်း လက်ရှိအချိန်မှာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ လူကြိုက်များနေတဲ့ ဇာတ်လမ်းတွေပါပဲ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာဆိုရင်လည်း Bollywood ဇာတ်ကားပရိသတ်တွေ အများကြီးကို ရှိပါတယ်။ Bollywood ဇာတ်ကားတွေဟာ များသောအားဖြင့် ဇာတ်လမ်းဇာတ်ကွက်ကောင်းပေမယ့် သရုပ်ဆောင်တဲ့ ပုံစံတွေဟာ တော်တော်လေးကို လွဲနေတဲ့ အရာတွေရှိပါတယ်။ ဥပမာ- ငှက်ပျောသီးတစ်လုံးနဲ့ လက်နက်ကိုင် လူဆိုးဆယ်ယောက်ကို သတ်လိုက်တာတို့၊ ကျည်ဆန်တွေကို ရှောင်ပြပြီး ကျည်ဆန်တစ်ချို့ကို ပါးစပ်နဲ့ပြန်ဖမ်းပြီး ရန်သူတွေကို ပါးစပ်သေနတ်နဲ့ ပြန်ပစ်တဲ့ အကွက်တွေ၊ လူဆိုး အယောက် ၃၀ ကျော်လောက်ကိုချဖို့ ခြေထောက်တစ်ချောင်းတည်းဝှေ့ပြီး လေပွေကြီးဖန်ဆင်းလိုက်တဲ့ဇာတ်ကွက်တွေကို ပရိသတ်တော်တော်များများ သိကြပြီး ဖြစ်မှာပါ။

အခုလည်း နာမည်ကြီး Bollywood စီးရီးဇာတ်ကားတစ်ခုရဲ့ ဇာတ်ဝင်ခန်းတစ်ခုဟာ တော်တော်ကြီးကို လွဲမှားပြီး Over acting ကြီးဖြစ်နေတာကြောင့် လူတော်တော်များများရဲ့ ဝေဖန်မှုကို ခံနေရကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ အဆိုပါ စီးရီးဇာတ်ကားကတော့ Ishq Mein Marjawan 2 လို့ အမည်ရတဲ့ စီးရီးတစ်ခုဖြစ်ပြီး လက်ရှိ အိန္ဒိယမှာ လူတော်တော်များများ ကြည့်ရှု့နေတဲ့ စီးရီးတစ်ခုဆိုလည်း မမှားပါဘူး။

READ
ကြောက်စရာလား ချစ်စရာလားဆိုတာ အွန်လိုင်းပေါ် အငြင်းပွားနေကြတဲ့ X-ray
[email protected]_

ပုံထဲမှာတွေ့ရတဲ့အတိုင်း ဇာတ်ဝင်ခန်းတစ်ခုမှာ မင်းသမီး Helly Shah ဟာ မျက်လုံးကို ပွတ်ပြီး လမ်းလျှောက်လာကာ လက်ဆွဲသေတ္တာအကြီးတစ်လုံးကို မမြင်ပဲ ဝင်တိုက်မိပြီး နံရံနဲ့ ခေါင်းကိုဆောင့်မိခဲ့ပါတယ်။ အဲဒီနောက်မှာတော့ မေ့သွားပြီး ဖွင့်ထားတဲ့ လက်ဆွဲသေတ္တာထဲကို ကွက်တိထဲ လဲကျသွားသလို လက်ဆွဲသေတ္တာအဖုံးကလည်း ကွက်တိကြီးပိတ်သွားပါတယ်။ အဲဒီနောက်မှာတော့ ဘယ်ကမှန်းမသိတဲ့ လူတစ်ယောက်ရောက်လာပြီး သေတ္တာကို သယ်သွားကာ လှေကားအတိုင်းဆင်းသွားခဲ့ပါတယ်။ ပြီးတော့ လက်ဆွဲသေတ္တကြီးဟာသူ့ဟာသူရေကန်ထဲရောက်သွားပြီး လက်ဆွဲသေတ္တာကြီးထဲမှာရှိတဲ့ မင်းသမီးဟာ ရေနစ်ပြီး သေသွားတဲ့ပုံကို သရုပ်ဖော်ထားပါတယ်။

 

ဒီဗီဒီယိုဟာ ဆိုရှယ်မီဒီယာမှာ တော်တော်လေးလူကြည့်များနေပြီး လူတိုင်းကလည်း တော်တော်လေးကို ယုတ္တိမရှိတဲ့ ဇာတ်ကားတစ်ကားဖြစ်ကြောင်း ဝေဖန်ခဲ့ပါတယ်။ လက်ရှိအချိန်ထိတော့ အဆိုပါဗီဒီယိုကို ကြည့်ရှု့သူ 480k အထိရှိခဲ့ပြီး လူတိုင်းက Drama ဇာတ်ကားရိုက်ထားတာလား၊ ဟာသကားရိုက်ထားတာလား မသဲကွဲကြောင်း comment တွေ ပေးခဲ့ကြပါတယ်။

READ
လူမျက်နှာသဏ္ဍာန်တူ အကြည့်စူးစူးပိုင်ရှင် အနက်ရောင်ကြောင်မလေး

Pyi Hein Kyaw

SHARE