စိတ်ရောကိုယ်ပါ ဂျုံးဂျုံးကျပင်ပမ်းနေပြီဆိုတာ သိနိုင်မယ့်အချက်များ

Pixabay-3938030

လူ့စိတ်ဆိုတာ အင်မတန်ထူးဆန်းသလို အင်မတန် အံ့သြဖို့လဲကောင်းပါတယ်။ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ဆိုတာ အမြဲဆက်စပ်နေပါတယ်။ နှစ်ခုယှဉ်လိုက်မယ်ဆိုရင်တောင် လူ့စိတ်က ခန္ဓာကိုယ်ထက် ပိုအရေးကြီးပါတယ်။ ဒါ့ကြောင့်လည်း “စိတ်သွားတိုင်း ကိုယ်ပါ” ဆိုတဲ့ စကားပုံ ဖြစ်လာတာပါ။ လူ့ခန္ဓာကိုယ်ကို စိတ်ကပဲ ဦးဆောင်တာများပါတယ်။ အဲဒီတော့ စိတ်ပင်ပန်းတယ်ဆိုတာ မကောင်းပါဘူး။ ဒါ့ကြောင့် လူတစ်ယောက် စိတ်ရော ကိုယ်ပါပင်ပန်းရင် ဖြစ်တတ်တဲ့ လက္ခဏာတွေကို Shwemom ပရိသတ်ကြီး သိအောင် တင်ပြလိုက်ပါတယ်။

ရုပ်ပိုင်းဆိုင်ရာ အားနည်းလာပါမယ်

နေ့တိုင်းမနက်အိပ်ရာထကတည်းက စိတ်မကြည်မသာဖြစ်တာမျိုးတွေ၊ နေ့စဉ်လုပ်နေရတဲ့ အလုပ်တွေအပေါ်စိတ်မပါတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။

Pixabay-ambermb

စိုးရိမ်ကြောင့်ကျစိတ်တွေ

ဆုံးဖြတ်ချက် ပြတ်ပြတ်သားသားမချနိုင်တာတွေ၊ ကိုယ်လုပ်လိုက်တဲ့ အလုပ်ပေါ်မှာ တစ်ခုခမှားမှာ စိုးရိမ်ကြောင့်ကြနေတာမျိုးတွေ၊ တစ်စုံတစ်ခုကို အကြောင်းအရင်းမသိပဲ ကြောက်နေတတ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။

READ
အိမ်ခန်းအပြင်အဆင်ကနေ တွေ့မြင်ရတဲ့ ပုန်းကွယ်နေတဲ့ စိတ်ပြဿနာများ

မပင်ပမ်းဘူးလို့ ပိုပြီးဟန်ဆောင်တတ်ကြတယ်

စိတ်ထဲမှာကတော့ အရာရာကို စိုးရိမ်နေတတ်ပြီး အပြင်ကပုံစံကတော့ စိတ်ထဲနဲ့ တစ်ခြားစီပြုမူနေတတ်ပါတယ်။ ဘယ်တော့မှ ကိုယ့်ကိုယ်ကို လိမ်တာမျိုးက မဖြစ်သင့်ပါဘူး။

Pixabay-Tumisu

အော်ဟစ်ပေါက်ကွဲချင်ပေမယ့် မျိုသိပ်ထားတတ်လေ့ရှိပါတယ်

တကယ်လုပ်ချင်တာက အားရပါးရ အော်ဟစ်သောင်းကျန်းပစ်တာမျိုး၊ ဒါပေမယ့် လက်တွေ့မှာတော့ ဘာမှမလုပ်ပါဘူး။ စိတ်ထုမှာ အဲဒီလိုအော်ဟစ်ပေါက်ကွဲချင်ရင် အော်ဟစ်လိုက်ပါ။ မျိုသိပ်ထားရင် ရေရှည် ကိုယ်ပဲ စိတ်ပင်ပန်းရပါတယ်။

ကိုယ်ကိုယ်ကို လူသစ်တစ်ယောက်လိုပဲ မြင်နေမိတယ်

ကိုယ့်ဖုန်းထဲက ဓာတ်ပုံတွေ ပြန်ကြည့်တိုင်း အဲဒီထဲကသူက ငါကောဟုတ်ရဲ့လားဆိုတဲ့ အတွေးတွေ ဝင်နေပြီး အခုဖြစ်တည်နေတဲ့ ငါက တစ်ချိန်က ဘယ်သူစတဲ့ ရူးကြောင်ကြောင်အတွေးတွေ ဝင်နေတတ်ပါတယ်။

Pixabay-Free-Photos

ဘာမှကိုယ့်ကို မပျော်ရွှင်စေပါဘူး

ကိုယ့် သူငယ်ချင်းတွေ ဒါမှမဟုတ် ရုံးကလူတွေက ဟာသတစ်ခုခုပြောလိုက်ရင်တောင် လိုက်မရယ်နိုင်ကြပါဘူး။ ဒါ့အပြင် တစ်ချိန်က ကိုယ့်ကို ပျော်ရွှင်စေတဲ့အရာတွေကို အခုပြန်လုပ်ရင်တောင် မပျော်ရွှင်တဲ့အပြင် စိတ်တောင်ညစ်နေတတ်ပါတယ်

READ
ပျိုမေတို့ သိထားသင့်တဲ့ နာနတ်သီးကို အလွယ်တကူ အခွံသင် လှီးဖြတ်နည်း

ဘာမှကို လုပ်ချင်ကိုင်ချင်စိတ်မရှိပါဘူး

စိတ်ထဲမှာ ဘာကိုမှ မလုပ်ချင်မကိုင်ချင်တွေဖြစ်ပြီး ခုတင်ပေါ်မှာ လှဲနေတတ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဒီလိုလှဲနေရင်းနဲ့လည်း အတွေးတွေက တောင်ရောက်လိုက် မြောက်ရောက်လိုက်နဲ့ စိတ်ဂဏာမငြိမ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။

Pyi Hein Kyaw

SHARE