လွတ်လပ်တာကြိုက်တဲ့ မေတို့အတွက် စပိန်နိုင်ငံက မိန်းကလေးသီးသန့် အပန်းဖြေစခန်း

Website-The Som Dona Hotel

ဒီနှစ်တွေအတွင်းမှာ တစ်ကိုယ်တော်ခရီးသွားခြင်းဟာ သိပ်ကိုခေတ်စားလာခဲ့ပါတယ်။ အမျိုးသားပဲဖြစ်ဖြစ်၊ အမျိုးသမီးတစ်ယောက်တည်းပဲဖြစ်ဖြစ်ပေါ့။ တချို့အနောက်နိုင်ငံမှာဆိုရင် ဆယ်ကျော်သက်သမီးပျိုလေးတွေကိုတောင်မှပဲ မိဘတွေက တစ်ယောက်တည်း ခရီးသွားခွင့်ပြုနေကြပြီမဟုတ်လား။

ဒါဆို ဒီလိုတစ်ယောက်တည်း ခရီးသွားဖို့ဆိုရင် ဘာကိုအဓိကကြည့်ဖြစ်မယ်လို့ ထင်လဲ? လုံခြုံရေးလို့ပဲထင်ပါတယ်နော်။ ကိုယ်က တစ်ယောက်တည်းလည်းဖြစ်တယ်၊ တစ်ခါမှမရောက်ဖူးတဲ့နေရာ သို့မဟုတ် နေရာစိမ်းကြီးကိုလည်း အသိမရှီဘဲ သွားရဦးမယ်ဆိုတော့ လုံခြုံပါ့မလား၊ စိတ်ချရမလားဆိုပြီး တွေးပူတတ်ကြတာ လူ့သဘာဝပါပဲ။ အထူးသဖြင့် အမျိုးသမီးတွေပေါ့။ ဘယ်လောက်ပဲ တိုးတက်တဲ့နိုင်ငံလို့ပဲ ဆိုစေကာမူ အမျိုးသမီးနဲ့အမျိုးသားတို့ရဲ့ ကွဲပြားခြားမှုတွေရှိစမြဲပါပဲလေ။

Website-The Som Dona Hotel

သွားရေးလာရေး၊ နေထိုင်ဖို့ကစလို့ တစ်ယောက်တည်းခရီးထွက်ရတဲ့မိန်းကလေးတွေဟာ အမျိုးစုံစုံစမ်းကာစီစဉ်ရတာပါပဲ။ နေရာထိုင်းခင်းအတွက်တော့ စပိန်ရဲ့ Mallorca ကို ခရီးထွက်ဖြစ်ခဲ့မယ်ဆိုရင် စိုးရိမ်စရာမလိုတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ Som Dona ဆိုတဲ့ ဟိုတယ်လေးကြောင့်ပါ။

Website-The Som Dona Hotel

Som Dona ဟာ အမျိုးသမီးသီးသန့်သာ တည်းခိုခွင့်ရမယ့် ဟိုတယ်လေးပါတဲ့။ မိဘအုပ်ထိန်းသူမပါဝင်ဘဲ အသက် ၁၄ နှစ်ကနေ စတင်လက်ခံနေတယ်လို့ Insider မှာ ဖတ်ခဲ့ရပါတယ်။ ရိုးရိုးရှင်းရှင်းနဲ့ ဆွဲဆောင်မှုရှိလှတဲ့ အခန်းအပြင်အဆင်တွေကြောင့်မလို့ အမျိုးသမီးတိုင်း သဘောကျမှာလည်း မလွဲပါဘူး။ ကမ်းခြေပုံစံယူထားတဲ့ ရေကူးကန်တွေ၊ ခေါင်မိုးထပ်နေရာလေးတွေအပြင် diet ကို ဦးစားပေးတတ်ကြတဲ့ အမျိုးသမီးတို့ သဘာဝအတိုင်း ကျန်းမာရေးနဲ့ညီညွတ်စေမယ့် အစားအသောက်တွေကိုလည်း ပြင်ဆင်စေဦးမှာဖြစ်တဲ့အပြင် spa တို့၊ လေ့ကျင့်ခန်းခမ်းမတို့နဲ့ ဆေးခန်းတွေပါ ထည့်သွင်းပေးထားတာကြောင့် အမျိုးသမီးတွေနဲ့ အကိုက်ညီဆုံးပေါ့။

READ
(၄)မိနစ်ကြာ စီးရမယ့် ကမ္ဘာ့အရှည်လျားဆုံး ရေလွှာလျှောကြီး
Website-The Som Dona Hotel
Website-The Som Dona Hotel
Website-The Som Dona Hotel

ဈေးတွေကတော့ အမေရိကန်ဒေါ်လာ ၈၀.၃၃ ကနေပြီး ဒေါ်လာ ၁၇၆ အထိ အခန်းပေါင်း ၃၉ ခန်းတိတိကို ဈေးအစားစားနဲ့ အသီးသီးဆီ ရှိနေပါတယ်။ အမျိုးသားဧည့်သည်များ လုံးဝဝင်ခွင့်မပေးတဲ့ ကမ္ဘာ့ပထမဆုံး အမျိုးသမီးသီးသန်းဟိုတယ်လေး Som Dona ရဲ့အကြောင်းကို အသေးစိပ်ထပ်သိချင်တယ်ဆိုရင်တော့ ဒီမှာ နှိပ်ပြီး မူရင်း website ကို ကြည့်ရှုနိုင်ပါတယ်။

Website-The Som Dona Hotel

Penny

SHARE