လက်ဆေးဖို့ နှိုးဆော်ထားတဲ့ Baby Shark လေးရဲ့ သီချင်းအသစ်ထွက်ရှိလာ

PinkFong/YouTube

အရင်တုန်းက Baby Shark Doo Doo Doo Doo Doo ဆိုတဲ့ သီချင်းလေးကိုတော့ လူတိုင်းနီးပါး ကြားဖူးကြမယ်လို့ ထင်ပါတယ်။ ကလေးတော်တော်များများရဲ့ ပါးစပ်ထဲမှာ တစ်ချိန်က တော်တော်ခေတ်စားခဲ့တဲ့ သီချင်းလေးတစ်ပုဒ်ဆိုရင်တောင် မမှားပါဘူး။ အခုအချိန်မှာတော့ Baby Shark လေးဟာ လက်ဆေးဖို့အကြောင်းကို နှိုးဆော်ထားတဲ့ ကလေးသီချင်းလေးတစ်ပုဒ်  ထွက်ရှိခဲ့ကြောင်း Unilad သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

မတ်လ ၂၁ ရက်နေ့မှာ Wash Your Hands ဆိုတဲ့ Baby Shark လေးရဲ့ သီချင်းအသစ်ဟာ PinkFong ရဲ့ Youtube Channel ကနေ တင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ COVID 19 ကူးစက်ရောဂါဟာ ကာကွယ်ဆေးမပေါ်သေးတာကြောင့် အကောင်းဆုံးကတော့ ရောဂါမဖြစ်အောင် ကာကွယ်တဲ့ နည်းလမ်းတွေပါပဲ။ ဒီလိုနည်းလမ်းတွေထဲကမှ မကြာခဏလက်ကို စင်ကြယ်စွာဆေးကြောခြင်းကတော့ အကောင်းဆုံးနည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ကလေးငယ်တွေအတွက် COVID 19 နဲ့ ပတ်သတ်ပြီး ပညာပေးသီချင်းလေးတစ်ပုဒ်ဖြစ်အောင် Wash Your Hands With Baby Shark ဆိုတဲ့ သီချင်းလေးထွက်ရှိလာရခြင်းပဲ ဖြစ်ပါတယ်။

READ
ကောင်မလေးကို နောက်ကလိုက်ဆွဲသူ ကောင်မလေးရဲ့ လက်သီးစာမိပြီး ပြန်ပြေးခဲ့ရ

“ လူကြီးတွေကတော့ ဒီရောဂါနဲ့ပတ်သတ်ပြီး အသိအဥာဏ်ဗဟုသုတက ရှိသင့်သလောက်ရှိကြပါတယ်။ ဒါပေမယ့် ကလေးတွေကတော့ တော်ရုံတန်ရုံနားလည်မှာ မဟုတ်ပါဘူး။ ဒါကြောင့် Wash Your Hands With Baby Shark ဆိုတဲ့ သီချင်းလေးကို လုပ်ဖြစ်ခဲ့တာပါ။ ဒီသီချင်းလေးကို ကလေးတွေ နားထောင်လိုက်တာနဲ့ COVID 19 ဆိုတာကြီးကို ခဏအသာထားပြီး လက်ကို Baby Shark လေးနဲ့အတူဆေးရမယ်ဆိုတဲ့ အတွေးလေး သူတို့ ခေါင်းထဲမှာ ဝင်သွားရင် ကျေနပ်ပါပြီ” လို့ Pink Fonf Education မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

PinkFong/YouTube

Pyi Hein Kyaw

SHARE