ဝယ်သူရဲ့အမည်ကို ဘောင်ချာမှာ ‘ဂျက်ကီချန်း’လို့ ဖော်ပြမိလို့ အလုပ်ထုတ်ခံလိုက်ရတဲ့ ဝန်ထမ်း

နာမည်ကျော် Smoothie King လုပ်ငန်းစုရဲ့ ဝန်ထမ်းတစ်ဦးဟာ အာရှနွယ်ဖွား ဝယ်သူတစ်ဦးရဲ့အမည်ကို ဘောင်ချာမှာ ရေးသွင်းဖော်ပြရာမှာ နာမည်အရင်းကို မမေးဘဲ၊ ဂျက်ကီချန်းလို့သာ အလွယ်တကူ ဖော်ပြခဲ့တာကြောင့် အလုပ်ကနေ ထုတ်ပယ်ခံခဲ့ရတယ်လို့ သိရပါတယ်။ ကာစတမ်မာကတော့ ကိုရီးယားလူမျိုးလို့ သိရပါတယ်။

အဆိုပါ ကိုရီးယားအမျိုးသားဟာ သူရဲ့မိသားစု၊ ကလေးတွေနဲ့အတူ ပြီးခဲ့တဲ့ဇွန်(၃)ရက်က  အားလပ်ရက် ဈေးဝယ်ထွက်လာတဖြစ်ပြီး၊ သူက ဘောင်ချာမှာ သူ့အမည်အစား ဂျက်ကီချန်းလို့ ဖော်ပြခဲ့ခြင်းဟာ လူမျိုးရေး ခွဲခြားတိုက်ခိုက်ခံခဲ့ရတာလို့ ယူဆခဲ့ပါတယ်။

Wikimedia

ဝန်ထမ်းဖြစ်သူဟာ သူ့အမည်ကို မေးမြန်းခြင်းမပြုဘဲ ဂျက်ကီရဲ့နာမည်ကို ဘောင်ချာမှာ ထည့်သွင်းခဲ့တာပါ။ ဒီအဖြစ်အပျက်ဟာ အမေရိကန် ကယ်ရိုလိုင်းနားပြည်နယ်၊ ချာလော့တီမှာ ဖြစ်ခဲ့တာပါ။ အမေရိကန်ရောက် အာရှတွေဟာ ပုံစံအမျိုးမျိုးနဲ့ လူမျိုးရေးခွဲခြားခံနေရတယ်လို့လည်း သတင်းက ဆိုပါတယ်။

PLEASE SHARE THIS:I was just in this Smoothie King with my kids. Instead of asking for my name. Zack H. thought it…

Posted by Tony Choi on Sunday, June 2, 2019

လူမျိုးရေးခွဲခြားခံခဲ့ရတဲ့ ကိုရီးယားအမျိုးသားရဲ့နာမည်ကတော့ Tony Choi ဖြစ်ပြီး၊ ဒီအကြောင်းကို သူ့ရဲ့လူမှုကွန်ရက်ပေါ်မှာတင်ပြီး စောဒကတက်ခဲ့ပါတယ်။ Smoothie King ဌာနချုပ်ကလည်း ဒီအဖြစ်အပျက်ကို စုံစမ်းစစ်ဆေးခဲ့ပြီး၊ လူမျိုးရေးခွဲခြားခဲ့တယ်လို့ ယူဆကာ ဝန်ထမ်းဖြစ်သူကို ထုတ်ပယ်ပစ်ခဲ့တာပါ။

READ
ကားပေါ်ကို ဝန်ချီစက်ပြုတ်ကျခဲ့ပေမယ့် ကံကောင်းခဲ့တဲ့ ယာဉ်မောင်း

 

ဝန်ထမ်းရဲ့အမည်ကတော့ Zack H လို့ ဘောင်ချာမှာ ဖော်ပြထားပါတယ်။ Tony ဟာ ဒီအကြောင်းကို ဖော်ပြရာမှာ သူ့မှာ ကိုယ်ပိုင်နာမည် ရှိပါရက်နဲ့ ဆိုင်ဝန်ထမ်းတွေက ဒါကို ဟာသလုပ်ပြီး ရယ်ခဲ့တာကို ခံခဲ့ရကြောင်း၊ အကုန်လုံးဟာ လူမျိုးရေးခွဲခြားဖို့ ရည်ရွယ်ချက်တွေ ရှိတယ်လို့ ထောက်ပြခဲ့ပါတယ်။ Smoothie King နဲ့ပတ်သက်ပြီး ဒီလို အလားတူ ပြဿနာတွေလည်း တစ်ခြားသူတွေက တွစ်တာပေါ်မှာ တင်ခဲ့ပါတယ်။

READ
ရက်စက်စွာသတ်ဖြတ်ခြင်းခံရတဲ့ ခွေးများအတွက် တရားမျှတမူ တောင်းဆိုနေကြ

လင်းဇော်ကို (Shwemom)

SHARE