Lowcostcosplay (သို့မဟုတ်) ကိုယ့်လမ်းကိုယ်ဖောက်ပြီး လျှောက်ခဲ့တဲ့ လူငယ်တစ်ဦး

Facebook/Lowcostcosplay

Cosplay ဆိုတာ အလွယ်ပြောရရင်တော့ ရုပ်ရှင်၊ ကာတွန်း၊ ဗီဒီယိုဂိမ်းတွေထဲက လူကြိုက်များပြီး နာမည်ကြီး တဲ့ ဇာတ်ကောင်တွေ ပုံစံအတိုင်း အ၀တ်အစား၊ အသွင်အပြင်တွေကို လိုက်လံတုပတယ်လို့ပဲ ပြောရမှာပါ။ Cosplay လုပ်ဖို့ဆိုတာ လွယ်တော့ မလွယ်လှပါဘူး။ ကိုယ်တုပပြီး ၀တ်ဆင်မယ့် ဇာတ်ကောင်ရဲ့ ပုံစံကို အသေးစိတ် လေ့လာပြီး အ၀တ်အစား၊ အမူအရာ၊ အသွင်အပြင်တွေကို တစ်ထပ်တည်း တူအောင် အတတ်နိုင် ဆုံး ကြိုးစားရပါသေးတယ်။ အခန့်မသင့်ရင် ဘေးလူတွေရဲ့ လှောင်ရယ်မှုတွေကိုပါ ကြုံရနိုင်လို့ အရှက်အ ကြောက် ကြီးနေလို့ကလည်း အဆင်မပြေနိုင်ပါဘူး။

Lonlyman and his take off shirt

Posted by Lowcostcosplay on Friday, May 15, 2020

Cosplay ၀တ်တဲ့ လူတွေကိုတော့ Cosplayer လို့ပဲ ခေါ်ကြပါတယ်။ Cosplayer အများစုမှာ တူတဲ့အချက်က တော့ တီထွင်ဖန်တီးနိုင်စွမ်း ကောင်းတာပါ။ Cosplayer တိုင်းလိုလိုဟာ ကိုယ်ဝတ်ဆင်မယ့် ဇာတ်ကောင်ရဲ့ အသုံးအဆောင်၊ အ၀တ်အထည်တွေကို ကိုယ်တိုင်ဖန်တီးလေ့ရှိပြီး အဲ့လိုမျိုး ဖန်တီးရတာကိုလည်း ဂုဏ်ယူလေ့ ရှိပါတယ်။ ဒါပေမယ့်လည်း Cosplay လုပ်ရတာဟာ ငွေကုန်ကြေးကျများလွန်းလို့ အရမ်းကို ၀ါသနာကြီးလွန်းသူ တွေနဲ့ ငွေကြေးတတ်နိုင်သူတွေသာ လုပ်လေ့ရှိတဲ့ အလုပ်မျိုးပါ။

READ
ကျောင်းသားတွေရဲ့ အာရုံစူးစိုက်နိုင်စွမ်း တိုးတက်စေဖို့ နည်းသစ်ထွင်လိုက်တဲ့ တရုတ်

(၂၀၁၃)ခုနှစ်လောက်က Cha ဆိုတဲ့ အသက်(၂၅)နှစ်အရွယ် ချာတိတ်လေးတစ်ယောက်ဟာ Lowcostcosplay ဆိုတဲ့ Facebook Page ကို ဖွင့်ပြီး ကိုယ်တိုင် Cosplay လုပ်ထားတဲ့ ပုံတွေကို တင်ခဲ့ပါတယ်။ စစချင်းမှာတော့ Cha ကို သူငယ် ချင်းတွေကော၊ အွန်လိုင်းပေါ်က သူစိမ်းတွေပါ လှောင်ပြောင်ခဲ့ကြပါတယ်။

Lonelyman and his onion

Posted by Lowcostcosplay on Thursday, May 14, 2020

Cha ရဲ့ နာမည်အရှည်ကတော့ Anucha Saengchart ဖြစ်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ နေထိုင်သူပါ။ Cha ဟာ သူဌေးသား တစ်ယောက်တော့ မဟုတ်ပါဘူး။ သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်ရတဲ့ ဂေဟာတစ်ခုက အလုပ်သမားတစ်ယောက်ဖြစ်ပြီး အားလပ်ချိန်တွေမှာ ဂေဟာမှာရှိတဲ့ ပစ္စည်းတွေနဲ့ သူ့ရဲ့ ကိုယ်ပိုင် Cosplay ကို ဖန်တီးခဲ့တာပါ။

READ
အလင်းရောင်ကိုသုံးပြီး ရုပ်တူပန်းချီများ သစ်ပင်ပေါ်မှာဖန်တီးခဲ့တဲ့ ပညာရှင် Philippe Echaroux

ဝေဖန်မှုတွေကို ဂရုမစိုက်ပဲ  ကိုယ့်အလုပ်ကိုယ် အာရုံစိုက်ပြီး ကြိုးစားခဲ့တဲ့ Cha ဟာ လက်ရှိမှာတော့ အောင် မြင်တဲ့ Cosplayer တစ်ယောက်အဖြစ် ရပ်တည်နေနိုင်ပါပြီ။ Cha ရဲ့ Cosplay တွေဟာ ထိုင်းပြည် တွင်းမှာတင် မဟုတ်ပဲ ကမ္ဘာတစ်ဝန်းမှာပါ အားပေးသူ ပရိသတ်အများအပြား ပိုင်ဆိုင်ထားပါတယ်။

Lonelyman and his Pad Thai

Posted by Lowcostcosplay on Tuesday, May 12, 2020

ကမ္ဘာကျော် The Wall Street ဂျာနယ်ကတောင် Cha အကြောင်းကို ဆောင်းပါးရေးပြီး ဖော်ပြခြင်း ခံခဲ့ရတဲ့အထိ အောင်မြင်နေပြီ ဖြစ်ပါတယ်။ The Wall Street ဂျာနယ်က Cosplay နဲ့ ပတ်သတ်ပြီး Cha ရဲ့ ခံယူချက်ကို မေးမြန်းခဲ့ရာမှာတော့ “ ကျွန်တော်က တီထွင်ဖန်တီးဥာဏ်ကို အစွမ်းကုန် အသုံးချသူပါ။ ကျွန်တော့် ပတ်ဝန်းကျင်မှာ ရှိတဲ့ ပစ္စည်းတိုင်း က လူတွေကို ပျော်အောင် ဖန်တီးပေးဖို့ အသုံးချလို့ ရပါတယ်” ဆိုပြီး ဖြေကြားခဲ့ပါတယ်။

SHARE