ခြေတံရှည်ကြီးကြောင့် လှောင်ပြောင်ခံခဲ့ရပေမယ့် လက်ရှိမှာ အောင်မြင်နေတဲ့ မော်ဒယ်မလေး

Chase Kennedy Instagram

Chase Kennedy အမည်ရ အမျိုးသမီးဟာ သူမရဲ့ စာသင်ခန်းထဲမှာ အရပ်အရှည်ဆုံး အမျိုးသမီးဖြစ်တာနဲ့အညီ သူငယ်ချင်းတွေ အတန်းဖော်တွေက ‘သစ်ကုလားအုတ်’လို့ ခေါ်ကြပါသတဲ့။ သူမဟာ အများထက် သိသိပိုရှည်တဲ့ခြေထောက်ကြီးတွေက သူမရဲ့ အထင်ကရ အမှတ်အသားတစ်ခု ဖြစ်လာခဲ့ပြီး၊ မော်ဒယ်လောကမှာ လျှင်လျှင်မြန်မြန် နေရာရစေဖို့ အကြောင်းဖန်လာခဲ့ပါတယ်။

Chase ဟာ အမေရိကန်မှာ ခြေထောက်အရှည်ဆုံးလူသားအဖြစ် မှတ်တမ်းဝင်ထားသူဖြစ်ပြီး၊ သူမဟာ မျိုးရိုးစဉ်ဆက် အရပ်ရှည်တဲ့မိသားစုကနေ ဆင်းသက်လာသူဖြစ်တာကြောင့် မိဘတွေရဲ့အမွေကို ဆက်ခံနိုင်ခဲ့တာဆိုရင်လည်း မမှားပါဘူး။ သူမဟာ ကယ်လီဖိုးနီးယားက San Luis Obispo High School မှာ ကျောင်းတက်ခဲ့သူ ဖြစ်ပါတယ်။

Chase Kennedy Instagram

သူမဟာ အလွန်ရှည်လျားလှတဲ့ အရပ်ကြောင့် အများကြားမှာ ထင်ပေါ်နေသူဖြစ်ပြီး၊ တစ်ခြားကျောင်းသူတွေက ကျောင်းကပွဲနဲ့ အခမ်းအနားတွေမှာ ဒေါက်ဖိနပ်တွေ အပြိုင်အဆိုင် ဝတ်နေရချိန်၊ သူမကတော့ ခြေညှပ်ဖိနပ်ရိုးရိုးနဲ့သာ ရှိုးထုတ်နိုင်ခဲ့တာပါ။ ဒါတောင်မှ တစ်ခြားကောင်မလေးတွေက သူမရဲ့ အရပ်ကို လိုက်မမီပါဘူး။

READ
လက်(၂)ဖက်မရှိပေမယ့် ကမ္ဘာကျော်မျက်လှည့်ဆရာတစ်ယောက်ဖြစ်လာခဲ့သူ

သူမ အရွယ်ရောက်လို့ ရည်းစားထားချင်တဲ့ အခါမှာတော့ ဒီအရပ်ရှည်တဲ့ကိစ္စဟာ ပြဿနာ ကြီးကြီးကျယ်ကျယ် ဖြစ်လာခဲ့တာပါ။ ကောင်လေးတွေက သူမလောက် အရပ်ရှည်တဲ့သူ အတော်လေးရှားသလို၊ ကောင်လေးတွေက သူမလို ကလန်ကလားကြီးကို အတော်လေး ဖြုံနေခဲ့ပုံရတယ်လို့ ပြောပါတယ်။

Chase Kennedy Instagram

ဒါပေမယ့် အရပ်ရှည်တာ အားကစားဘက်မှာတော့ အတော်လေး အားသားချက်ကို ဖြစ်စေတယ်လို့ Chase က ပြောပါတယ်။ သူမရဲ့အရပ်ဟာ (၆)ပေ (၅)လက်မဖြစ်ပြီး၊ အရွယ်ရောက်လာချိန်မှာ သူမ ရည်စားတောင် ထားလို့ရပါ့မလားဆိုတာ သံသယဖြစ်နေတယ်လို့ ပြောပါတယ်။ သူမဟာ ကိုယ်တိုင်က အရပ်ရှည်တာကို ငယ်ငယ်က အားငယ်စိတ် ဖြစ်ခဲ့ပေမယ့် အခုတော့ ဒါကိုပဲ သူမ အမြတ်တနိုး ဖက်တွယ်ထားခဲ့ပါပြီ။

 

 

View this post on Instagram

 

Throwing it back to when I was blonde. Should I dye it back to this color or leave it brunette? 💁🏼‍♀️

A post shared by Chase Kennedy (@chasekennedy_) on

မော်ဒယ်လောကကို စဝင်တော့ သူမအနေနဲ့ ဖက်ရှင်နဲ့ပတ်သက်ပြီး အခက်အခဲတွေ ရင်ဆိုင်ခဲ့ရပါတယ်။ အထူးသဖြင့်တော့ သူမအရပ်နဲ့ လျှော်ညီတဲ့ ဝတ်စုံတွေက အဆင်သင့်မရှိတာပါ။ ဒါပေမယ့် အခုအခါမှာတော့ Chase ဟာ မော်ဒယ်လောကမှာ နေရာတစ်ခု ပိုင်ဆိုင်နေပါပြီ။ သူမရဲ့ ခြေထောက်အရည်ဟာ (၅၁)လက်မ ရှိပြီး၊ ဂင်းနစ်မှတ်တမ်းဝင် ကမ္ဘာ့ခြေထောက်အရှည်ဆုံး ရုရှားမော်ဒယ် Ekaterina Lisina ထက် တစ်လက်မသာ နိမ့်ပါတယ်။

READ
တရုတ်ပြည်က သက်ရှိထင်ရှားရှိနေတဲ့ အရုပ်မလေး Kina Shen

လင်းသုတ

SHARE