သေချာကြည့်ယူမှ မြင်နိုင်မယ့် အနုပညာရှင် ဆိုင်မွန်ဘာဂါရဲ့ မှန်ခွဲပုံတူ

Simon Berger

တော်လွန်းတဲ့ အနုပညာရှင်တွေဆိုတာ သူတို့ရဲ့ အနုပညာတွေကို ပုံစံအမျိုးမျိုး၊ အိုင်ဒီယာ အမျိုးမျိုးနဲ့ ပုံဖော်နိုင်ကြလေရဲ့။ အခုလည်း ဆိုင်မွန်ဘာဂါဆိုတဲ့ အနုပညာရှင်တဦးဟာ သူများတွေအတွက် ဖျက်စီးရုံပဲတတ်နိုင်တဲ့ ကိစ္စမှာ သူကတော့ သူ့ရဲ့ အနုပညာစွမ်းရည်ကို ပြသထားလေရဲ့ဗျာ…

Simon Burger
Simon Burger

ဆွစ်ဇာလန်နိုင်ငံ၊ ဘေဆယ်လ်မြို့က Artstubli Gallery မှာ ပြသခဲ့တဲ့ ဆိုင်မွန်ဘာဂါရဲ့ မှန်ခွဲပုံတူ ဟာ မြင်ရသူတိုင်းကို အံ့သြမှင်သက် သွားစေခဲ့ပါတယ်။ ရုတ်တရက်ကြည့်လိုက်ရင် အက်ကွဲနေတဲ့ မှန်ကြီးကို လဲဖို့ပြင်နေတဲ့ပုံစံ ခင်းကျင်းထားပေမဲ့ သေချာကြည့်ရင်တော့ အက်ကွဲနေတဲ့မှန်ဟာ ရိုးရိုးမဟုတ်ဘဲ ပုံတူကားချပ်တခုဖြစ်နေတာကို တွေ့ရမှာပါ။

Simon Burger
Simon Burger

ဒီလို မှန်ခွဲပုံတူကို ပြုလုပ်ဖို့ ပထမဆုံး ဆိုင်မွန်ဟာ သူပြုလုပ်မဲ့ ပုံတူဓာတ်ပုံအတိုင်း မှန်ပေါ်မှာ sketch line တွေ လိုက်ပေးခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ ဘယ်နေရာကို ဒီအတိုင်းထားမယ်.. ဘယ်နေရာကိုတော့ နဲနဲလေးပြင်မယ်.. ဘယ်နေရာကိုတော့ အက်အောင် လုပ်မယ် ဆိုတာကို ဆုံးဖြတ်ပြီး စတင်ပြုလုပ်တာပါတဲ့။ ဒီလို မှန်ခွဲပုံတူပြုလုပ်ဖို့ အကောင်းဆုံး မှန်ကတော့ လွယ်လွယ်လေးနဲ့ ကွဲကြေမသွားတဲ့ မှန်မျိုး ဖြစ်ပြီး ကားတွေမှာတပ်ဆင်တဲ့ အရှေ့လေကာမှန်မျိုးက အသင့်တော်ဆုံးဖြစ်တယ်လို့ ဆိုင်မွန်က ပြောခဲ့ပါတယ်။

Simon Burger

ကျွမ်းကျင်တဲ့ လက်သမားတဦးလည်းဖြစ်တဲ့ ဆိုင်မွန်ဘာဂါက အင်တာဗျူးတခုမှာ ‘မှန်ချပ်တွေက အနုပညာတွေ ပုံဖော်လို့ကောင်းတဲ့ အရာ တခုပါပဲဗျ။ ဒီလိုမှန်ချပ်တွေပေါ်မှာ ကမ္ဘာပေါ်မှာ အတုမရှိနိုင်မဲ့ အနုပညာမျိုးတွေလုပ်ဖို့ နည်းလမ်းကို ကျွန်တော်တွေ့ထားပါတယ်’ လို့ ပြော ခဲ့ဖူးပါတယ်။ ဘယ်လိုလဲ .. သူ့ရဲ့လက်ရာက အမိုက်စားပဲမလား ….

KYM

SHARE