အလှအပနဲ့ အရေပြားဆိုင်ရာ ကိစ္စရပ်တွေအတွက် အာရှတိုက်ရဲ့ ကုထုံး(၇)မျိုး

Instagram/jayla_designeesteticista

လူတွေဟာ ကျန်းမာရေးကို ထိန်းသိမ်းဖို့နဲ့ အလှအပကို ရရှိဖို့အတွက် လုပ်ဆောင်ချက်တွေကို ဘယ်တော့မှရပ်တန့် သွားမှာမဟုတ်ပါဘူး။ ဒါ့ကြောင့်လည်း လူတော်တော်များများဟာ အာရှအလှအပကုထုံးတွေကို လုပ်ဆောင် လာကြတာဖြစ်ပါတယ်။ ကြောက်စရာကောင်းတဲ့ကိရိယာတွေ၊ တိရစ္ဆာန်မစင်တွေနဲ့ အန္တာရယ်ရှိသတ္တ၀ါတွေကို အသုံးပြုပြီး အနှိပ်ခံကြတာကိုတွေ့လာရပါတယ်။ ထူးဆန်းတဲ့ အနှိပ်ခံနည်းမျိုးစုံလည်း ရှိတာကို သိရတဲ့အတွက် စာဖတ် သူတွေသိရှိစေဖို့ ဖော်ပြလိုက်ပါတယ်နော်။

၁ – ငှက်ရဲ့မစင်နဲ့ မျက်နှာအလှပြင်ခြင်း။

ငှက်ရဲ့မစင်က ကံကောင်းစေတာ မဟုတ်ပါဘူး၊ အလှအပအတွက် ပြဒါးရှင်လုံးတစ်ခုပဲဖြစ်ပါတယ်။  ရှေးခေတ်ဂျပန်တွေက အစပြုပြီး ငှက်ရဲ့မစင်ကို အလှအပထိန်းသိမ်းမှုအတွက် လုပ်ဆောင်ရတဲ့အရာအဖြစ်အသုံးပြု ခဲ့ကြတာဖြစ်ပါတယ်။ ဒီကုထုံးဟာ ကမ္ဘာအနှံ့မှာရှိတဲ့ ဂျပန် spas ဆိုင်တိုင်းမှာပြုလုပ်နိုင်ပါတယ်။ ငှက်တိုင်းရဲ့မစင်  တော့မဟုတ်ပါဘူး၊ နိုက်တင်ဂေးငှက်ရဲ့မစင်နဲ့မှသာ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ဒီကုထုံးကိုလုပ်ဆောင်ပေးမယ်ဆိုရင် အသားအရေကိုချောမွတ်စေပြီး လိုအပ်တဲ့ရေဓာတ်ကိုဖြည့်ဆည်းပေးပါတယ်။

ဒီကုထုံးကိုလုပ်ဆောင်ချင်တယ်ဆိုရင်တော့ ဂျပန်နိုင်ငံရှိ spa ဆိုင်တွေနဲ့ စင်ကာပူနိုင်ငံရှိ Ikeda Spa ဆိုင်မှာ သွားရောက်လုပ်ဆောင်လို့ရပါတယ်။

၂ – ဘီယာနဲ့ရေချိုးမယ်။

Twitter/TheBeijinger

တရုတ်နိုင်ငံ ပေကျင်းမြို့မှာရှိတဲ့ Star World ဟိုတယ်ထဲမှာ Premedion Beer Spa Beijing ဆိုပြီးဘီယာနဲ့ရေချိုးတဲ့ အစီအစဉ်တစ်ခုရှိပါတယ်။ ဗျစ်ပန်း၊ မုယောအညှောက်ခြောက်၊ တဆေးနဲ့ဘီယာတို့ကိုရောထားတဲ့ ရေချိုးဇလုံထဲမှာ မိနစ်(၂၀)ကြာစိမ်ခွင့်ရှိတဲ့အခွင့်အရေးပဲဖြစ်ပါတယ်။ အဲ့လိုရေချိုးဇလုံမှာစိမ်ရုံတင်မကပဲ သက်တမ်းရင့်နေတဲ့အရေပြား ရှိဆဲလ်သေတွေကို မိနစ်(၂၀)ကြာဖယ်ရှားပေးမှာဖြစ်တဲ့အပြင် စိတ်ပင်ပန်းမှုတွေပြေပျောက်အောင် တစ်နာရီကြာ အနှိပ်ခံရမှာဖြစ်ပါတယ်။

ဒီလိုလုပ်ဆောင်ချင်ရင်တော့ တရုတ်နိုင်ငံ ပေကျင်းမြို့မှာရှိတဲ့ Star World ဟိုတယ်ကိုသွားရမှာဖြစ်ပါတယ်။

၃ – မြွေတွေနဲ့ နှိပ်မယ်။

READ
ကမ်းခြေကိုသွားတဲ့အခါ လုံးဝအထာကျစေမယ့် ဆယ်လီတို့ရဲ့ ဓာတ်ပုံရိုက်နည်း

မြွေတွေနဲ့အနှိပ်ခံတဲ့မူလအစက အာရှကဆိုတာ အတိအကျတော့မဟုတ်ပါဘူးလို့ အစ္စရေးရှိ Ada Barak မြွေ spa ပိုင်ရှင် Talmei Elazar ကပြောပြခဲ့ပါတယ်။ ဒါပေမယ့် ဒီကုထုံးကိုလုပ်ဖို့အတွက်တော့ သင်ဟာဝေးလံတဲ့ ခရီးကိုသွားရပါလိမ့်မယ်။ မြွေတွေနဲ့အနှိပ်ခံရတဲ့ အကျိုးရလာဒ်တွေကတော့ စိတ်ဖိစီးမှုကိုလျော့နည်းစေပြီး ပင်ပန်းနွမ်းနယ်နေတဲ့ကြွက်သားတွေကိုသက်သာစေပါတယ်။

မြွေတွေနဲ့အနှိပ်ခံချင်ရင်နော့ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာရှိတဲ့ Bali Heritage Reflexology & Spa ပဲဖြစ်ပါတယ်။

၎ – ဓားတွေနဲ့ အနှိပ်ခံမယ်။

ဓားတွေနဲ့ အပန်းဖြေလို့ရမယ်လို့ တစ်ခါမှတွေးခဲ့ဖူးမယ်မထင်ပါဘူး။ ဒါပေမယ့် တိုင်ပေဒေသခံတွေကတော့ ဒီကုထုံး ကိုလုပ်ဆောင်ကြပါတယ်။ ဒါပေမယ့် ဒီကုသမှုဟာ လွန်ခဲ့တဲ့နှစ်ပေါင်း(၂၀၀၀)လောက်က တရုတ်နိုင်ငံမှာပြုလုပ်ခဲ့တဲ့ ကုထုံးတစ်ခုဖြစ်ပါတယ်။ ဒီကုထုံးဟာ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေက စိတ်ဖိစီးမှုကိုလျော့ချရန်၊ ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ်တို့ရဲ့မျှတမှုကိုရယူပြီး ပြန်လည်ထူထောင်ပေးဖို့အတွက်ဖြစ်ပါတယ်။ ဒီဓားတွေနဲ့နှိပ်တဲ့ Spa ကတော့ တိုင်ပေမှာ ခေတ်စားတဲ့ကုထုံးတစ်ခုပဲဖြစ်ပါတယ်။

ဒီကုထုံးကိုလုပ်ဆောင်ချင်တယ်ဆိုရင်တော့ တရုတ်(တိုင်ပေ)ရှိ ကျန်းမာရေး Spa ဆိုင်တွေမှာရှိပါတယ်။

၅ – ခရုနဲ့ မျက်နှာအလှပြင်မယ်။

READ
လူမှုကွန်ရက်အသုံးပြုခြင်းဟာ အထီးကျန်ဆန်မှုကို ပိုမိုခံစားရကြောင်း စစ်တမ်းတစ်ရပ် ဖော်ပြ

ခရုကထုတ်တဲ့ချွဲကျိကျိအရေတွေက ပရိုတိန်း၊ antioxidants နဲ့ hyaluronic acid ပါဝင်တာကြောင့် အသားအရေကို  ချောမွေ့စေပါတယ်။ ဂျပန်လူမျိုးတွေက ဒီအချက်ကို သိတာကြောင့် ခရုတွေကိုမျက်နှာမှာကပ်ပြီး အလှအပနဲ့ပတ် သက်တဲ့ကုထုံးကိုလုပ်ဆောင်လာကြပါတယ်။ အသက်ရှင်နေတဲ့ခရုတွေကို မျက်နှာပေါ်တင်ပြီး လျှောက်သွားခဲ့တဲ့ ကုထုံးတစ်မျိုးပဲဖြစ်ပါတယ်။

ဒီကုထုံးကို လုပ်ဆောင်ချင်တယ် ဆိုရင်တော့ ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ The Clinical-Salon, Ci:z. Labo မှာရှိပါတယ်။

၆ – မီးနဲ့ အနှိပ်ခံမယ်။

မီးနဲ့အနှိပ်ခံတဲ့ကုထုံးဟာ ရှေးဟောင်းတရုတ်ကုထုံးတစ်မျိုးဖြစ်ပါတယ်။ ဒီကုသမှုကို တရုတ်နိုင်ငံရှိ spa တိုင်းမှာလုပ် ဆောင်နိုင်ပြီး ခန္ဓာကိုယ်ပေါ်မျက်နှာသုတ်ပုဝါများလွှမ်းခြုံပြီး မီးရှို့ကုရတဲ့ကုထုံးတစ်မျိုးဖြစ်ပါတယ်။

ဒီကုထုံးကိုလုပ်ဆောင်ချင်ရင်တော့ တရုတ်နိုင်ငံရဲ့ spa ဆိုင်တိုင်းမှာပြုလုပ်နိုင်ပါတယ်။

၇ – ငါးနဲ့ဆဲလ်သေတွေကို ဖယ်ရှားခြင်း။

ရေစည်တစ်ခုအတွင်း ငါးတွေကိုထည့်ထားပြီးနောက် ခြေထောက်တွေကို အဲ့ဒီရေစည်အတွင်းထည့်ထားမယ်ဆိုရင် ငါးတွေက ခြေထောက်ကိုလာရောက်တွတ်ပါလိမ့်မယ်။ အဲ့လိုလုပ်ဆောင်ပေးတဲ့အတွက် ခြေထောက်မှာရှိတဲ့ဆဲလ်သေ  တွေကို ဖယ်ရှားပြီး သွေးလည်ပတ်မှု အားကောင်းစေပါလိမ့်မယ်။ ဒီကုထုံးဟာ အာရှရဲ့နေရာတော်တော်များများမှာ ကျင့်သုံးနေကြပြီဖြစ်ပါတယ်။

Thae Su

SHARE