မထင်မှတ်ဘဲ အောင်မြင်သွားခဲ့တဲ့ (၁၉) နှစ်သမီးလေးရဲ့ Sugar Coat It မုန့်လုပ်ငန်းလေး

Instagram- @sugarcoatit

ကိုယ်ပိုင်စီးပွားရေးဆိုတာ လုပ်ငန်းကြီးတစ်ခုကို ဦးစည်းနေတာမျိုးမဟုတ်လည်းဘဲ တစ်နိုင်တစ်ပိုင်အနေနဲ့ လုပ်လို့ရနေပါတယ်။ အခုခတ်ကြီးထဲမှာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှင်ဖြစ်ဖို့က ဘွဲ့တွေ၊ ကျောထောက်နောက်ခံတွေ၊ အရင်းအနှီးအများကြီးတွေ၊ အတွေ့အကြုံတွေ၊ အသက်အရွယ်တွေ မလိုတော့ပါဘူး။ စိတ်ကူးစိတ်သန်းကောင်းဖို့ပဲ လိုအပ်ပါတော့တယ်။ နောက် တကယ်ထလုပ်ချင်တဲ့ စိတ်တစ်ခုပေါ့။

သြစတြေးလျနိုင်ငံ Perth မြို့မှ ဆယ်ကျော်သက်ကောင်မလေးကတော့ ကိုဗစ်ကာလအတွင်းမှာ ကိုယ်ပိုင်လုပ်ငန်းရှင်တစ်ယောက် ဖြစ်လို့သွားခဲ့ပါပြီ။ သူမရဲ့ ကုမ္ပဏီလေးကတော့ Sugar Coat It ပါတဲ့။ ကုမ္ပဏီထက်စာရင် တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းလေးပေါ့။

 

View this post on Instagram

 

A post shared by Dessert Boxes (@sugarcoatit_)


သူမနာမည်ကတော့ Holly Northcott ပါတဲ့။ ၂၀၁၉ ခုနှစ်ကတည်းက Sugar Coat It ကို အိမ်မှာပဲ စမ်းလုပ်ကြည့်ရင်း တည်ထာင်ခဲ့တာပါ။ ဘယ်လိုအရာတွေဝန်ဆောင်မှုပေးသလဲဆိုတော့ ဂျယ်လီတို့၊ သကြားလုံးတို့၊ ချောကလတ်တို့ စတဲ့ မုန့်လေးတွေေကို လက်ဆောင်ပေးဖို့ လှလှလေး ထုတ်ပေးတာမျိုးတွေ၊ ဒါမှမဟုတ်လည်း ကိတ်မုန့်တို့၊ နေ့လည်စာတို့ကို အရသာရှိရှိနဲ့ လှလှပပလေး မှာစားချင်တဲ့လူတွေအတွက် ဗူးလေးတွေနဲ့ ပို့ပေးတာမျိုးပေါ့။

 

View this post on Instagram

 

A post shared by Dessert Boxes (@sugarcoatit_)

အပြင်မှာလည်း ဝယ်လို့ရနိုင်တဲ့ ဂျယ်လီတွေ၊ ချောကလတ်တွေေကို ဘာကြောင့် သူ့စီကပဲ မှာနေကြသလဲဆိုတာကတော့ Holly ရဲ့ ထုတ်ပိုးမှုကြောင့်လို့ပဲ သုံးသပ်ရမှာပါ။ ချစ်စရာကောင်းမယ်၊ လှနေရမယ်၊ ဓာတ်ပုံရိုက်ဖို့လည်း မိုက်နေရမယ်ဆိုတဲ့ ယနေ့ခေတ်လူငယ်တွေရဲ့ လိုအပ်ချက်တွေေအကုန်လုံးဟာ Holly ရဲ့ Sugar Coat It မှာ တွေ့နေရပါတယ်။ အခုခေတ်က ဘာဖြစ်ဖြစ် ဓာတ်ပုံရိုက်တင်တဲ့ခေတ်မဟုတ်လား။

 

View this post on Instagram

 

A post shared by Dessert Boxes (@sugarcoatit_)

ဒီအပြင် Holly ဟာ လူမှုကွန်ယက်မှာလည်း customer service အရမ်းကောင်းနေခဲ့တာပါ။ ဆက်ဆံရေးပြေပြစ်ပြီးတာ့ အခကြေးငွေမသုံးဘဲ Instagram လိုနေရာမျိုးမှာ လူတွေအာရုံစူးစိုက်လာအောင်လည်း ပိုစ့်တွေကိုတင်တတ်နေတဲ့အတွက် သူမရဲ့ လုပ်ငန်းလေးဟာ (၁) နှစ်ကျော်အကြာမှာပဲ အရမ်းကိုအောင်မြင်နေခဲ့ပါပြီ။ နောက် လိုက်ပို့တော့လည်း သူမကိုယ်တိုင်ပဲ ကားလှလှလေးနဲ့ လိုက်ုပို့တာတဲ့လေ။

 

View this post on Instagram

 

A post shared by Dessert Boxes (@sugarcoatit_)

 

 

View this post on Instagram

 

A post shared by Dessert Boxes (@sugarcoatit_)

ပထမစစချင်းမှာတော့ တစ်ပတ်လုံး ဒါမှမဟုတ် တစ်လလုံးမှ order ၁၀ ခုလောက်ရခဲ့ပေမယ့်လို့ မှာပြီး ဓာတ်ပုံရိုက်ကာ သူမကို tag တွဲတင်တဲ့ စားသုံးသူတွေရဲ့ ကျေးဇူးကြောင့် အခုဆိုရင် တစ်ပတ်ကို အော်ဒါ အခု ၂၀၀ မှ ၄၀၀ အထိကို ရနေခဲ့ပါပြီတဲ့။ အထူးသဖြင့် ကိုဗစ်ကြောင့် အိမ်မှာပဲ မုန့်မှာစားတဲ့လူတွေ၊ လက်ဆောင်လှမ်းပို့တဲ့လူတွေကြောင့် ရောင်းအားဟာ ၁၀၈၈% တောင် တက်သွားခဲ့ပါတယ်တဲ့။ Sugar Coat It ရဲ့ Instagram page ဆိုရင်လည်း follower ပေါင်း ၃ သောင်းတောင် ပြည့်ပါတော့မယ်။

 

View this post on Instagram

 

A post shared by Dessert Boxes (@sugarcoatit_)

 

View this post on Instagram

 

A post shared by Dessert Boxes (@sugarcoatit_)

penny

READ
ရေနစ်တော့မယ့်သူငယ်ချင်းကိုကူညီကယ်ဆယ်ပေးခဲ့တဲ့ သူရဲကောင်းခွေးလေး

 

SHARE