ကလေးတစ်ယောက်ကို ဖိနပ်ချွတ်ခိုင်းခဲ့လို့ လူထုရဲ့ ဒေါသထွက်ခံနေရတဲ့ သစ်တောဝန်ကြီး

[email protected]

တမီးလ်နိုင်ငံရဲ့ သစ်တောဝန်ကြီးတစ်ဦးဖြစ်တဲ့ Dindigul C Sreenivasan ကတော့ လက်ရှိ ဆိုရှယ်မီဒီယာပေါ်မှာ လူတော်တော်များများရဲ့ ဝေဖန်ခြင်းကို ခံနေရပါတယ်။ အကြောင်းကတော့ Dindigul C Sreenivasan ဟာ ဘုရားကျောင်းတစ်ခုကို အလည်သွားတဲ့အချိန်မှာ ကိုယ့်ဖိနပ်ကိုယ်မချွတ်ပဲ အခြားကောင်လေးတစ်ယောက်ကို တကူးတကာလာခိုင်းပြီး သူ့ဖိနပ်ကို ချွတ်ခိုင်းခဲ့လို့ပဲ ဖြစ်ပါတယ်။

 

Story Pick သတင်းဌာနရဲ့ ဖော်ပြချက်အရ Dindigual ဟာ ပြည်သူတွေနဲ့ တွေ့ဆုံပြီးအချိန်မှာ အနီးအနားရှိ ဘုရားကျောင်းတစ်ခုကို ဝင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီလိုနဲ့ Dindigual ဟာ ဘုရားကျောင်းမဝင်ခင်မှာ လူငယ်လေးတစ်ယောက်ကို “ ဒီကိုလာစမ်း….ဟိုကောင်လေး….မြန်မြန်လာ..ငါ့ဖိနပ်ကိုချွတ်ပေးစမ်း” လို့ပြောပြီး ခေါ်ခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ အနားမှာရှိတဲ့ ဝန်ကြီးရဲ့သက်တော်စောင့်တစ်ဦးဟာလည်း ဝန်ကြီးဖိနပ်မြှောက်ပြီးချွတ်ရင် ဟန်ချက်မပျက်အောင်လို့ ဝန်ကြီးကို ထိန်းပေးရပါတယ်။ ဒီဖြစ်စဉ်ကို ရိုက်ထားတဲ့ ဗီဒီယိုဟာ Twitter မှာ တခဏအတွင်း ပျံ့နှံ့သွားပြီး လူတော်တော်များများရဲ့ ဝေဖန်ခြင်းကို ခံခဲ့ရပါတယ်။

READ
၁၀ ပေါင်နဲ့ ဝယ်ခဲ့တဲ့ လက်စွပ်ရဲ့ တန်ဖိုးမှန်ကို နှစ် ၃၀ ကျော်ကြာမှ သိလိုက်ရတဲ့ဖြစ်ရပ်
[email protected]

အဲဒီဗီဒီယိုကို လူတော်တော်များများက share သွားခဲ့ပြီး “နိုင်ငံဝန်ထမ်းတွေက ပြည်သူတွေကို ဒီလိုပုံစံနဲ့ ဆက်ဆံတာလား” “ ပြည်သူ့ထမင်းစားပြီး ပြည်သူကို စော်ကားနေတာလား” “ VVIP တွေဆိုတော့ အခြေခံလူတန်းစားကို နှိမ်တာလား” အစရှိသဖြင့် မှတ်ချက်တွေ ပေးသွားခဲ့ပါတယ်။ “အဲဒီလိုသဘောမျိုးနဲ့ ကျွန်တော်ခိုင်းတာ မဟုတ်ပါဘူး။ ကျွန်တော်ခါးအရမ်းနာနေပြီး မကုန်းနိုင်လို့ အခုလို တွေ့တဲ့သူကို ခေါ်ချွတ်ခိုင်းရတာပါ” လို့ Dindigual က ပြန်လည်ပြောကြားခဲ့ပါတယ်။

[email protected]
[email protected]

Pyi Hein Kyaw

SHARE