ချစ်စရာငါးမန်းလေးဆိုပြီး အစာကျွေးမိလို့ လက်ကို ငါးမန်းအကိုက်ခံရတဲ့အမျိုးသမီး

အသက် (၃၄) နှစ်အရွယ် ရှိပြီဖြစ်တဲ့ မယ်လစ်ဆာ ဘရန်းနင်း ဆိုတဲ့ အမျိုးသမီးဟာ သူမရဲ့ မိတ်ဆွေတွေနဲ့အတူ သြစတြေးလျနိုင်ငံ အနောက်မြောက်ပိုင်းမှာရှိတဲ့ ဒူဂေါင်း ကမ်းခြေကို အလည်အပတ် ရောက်ရှိလာခဲ့သူပါ။ အဲဒီကမ်းခြေက မိကျောင်းအကောင်ပေါက်တွေ၊ ငါးမန်းငယ်လေးတွေကို မွေးမြူထားတဲ့ နေရာအဖြစ် သတင်းကြီးတာကြောင့် ခရီးသွားဧည့်သည် အတော်များများ လာရောက်ကြတဲ့ နေရာပါပဲ။

Facebook

တခြားသူတွေက ငမန်းပေါက်လေးတွေကို ကြောက်ရွံ့နေကြပေမယ့် မယ်လစ်ဆာကတော့ သူမရဲ့အနီးမှာ ကူးခတ်နေတဲ့ ငါးမန်းပေါက်လေးတစ်ကောင်ကို အစာကျွေးဖို့ ကြိုးစားခဲ့ပြီး အဲဒီမှာပဲ မထင်မှတ်တဲ့ အဖြစ်အပျက်တစ်ခု ဖြစ်သွားခဲ့တာပါ။

Tawny Nurse မျိုးစိတ်ဝင် ငါးမန်းပေါက်လေးက သူမရဲ့လက်ထဲကို အစာကိုသာမကပဲ သူမရဲ့လက်ကိုပါ ကိုက်ပစ်ခဲ့ပြီး ကြောက်လန့်သွားတဲ့ မယ်လစ်ဆာလည်း ရေထဲ ပြုတ်ကျသွားခဲ့ပါတယ်။ သူမရဲ့ဘေးမှာရှိတဲ့သူတွေက သူမကိုရေထဲကနေ အမြန်ကယ်တင်နိုင်ခဲ့ပေမယ့် သူမရဲ့ လက်ချောင်းတစ်ချောင်းက ငါးမန်းရဲ့ချွန်ထက်တဲ့သွားတွေကြောင့် ပြတ်လုနီးနီးဖြစ်သွားခဲ့တာပါ။

READ
Sexyဓာတ်ပုံတွေကြောင့်အလုပ်ကနေနှုတ်ထွက်ဖို့ ဖိအားပေးခံရတဲ့နေ့ကလေးထိန်းဆရာမ
Seven
seven

ကံကောင်းတာကတော့ အဲဒီလက်ချောင်းက လုံးဝ ပြတ်ထွက်မသွားတာပဲဖြစ်ပြီး ဆေးရုံရောက်တဲ့အချိန်မှာတော့ ဆရာဝန်တွေက ပြန်လည်ခွဲစိတ်ပေးခဲ့ကြပါတယ်။

“အဖြစ်အပျက်က အရမ်းမြန်ပါတယ်၊ အကုန်လုံးက ကျွန်မရဲ့လက်တော့ သွာြး့ပီပဲ ထင်ကြတာ၊ ကျွန်မကိုယ်တိုင်လည်း ကျွန်မလက်ရဲ့အရိုးတွေကို ပြန်မြင်နေရပြီးလုံးဝကို ကြောက်လန့်သွားခဲ့တာပါပဲ” လို့ ခွဲစိတ်မှုခံယူပြီးတဲ့နောက် မယ်လစ်တာက ပြောပါတယ်။

Seven

ပညာရှင်တွေကတော့ Tawny Nurse ငါးမန်းတွေဟာ လူကို အန္တရာယ်ပြုလေ့မရှိဘူးလို့ သုံးသပ်ထားကြပေမယ့် မယ်လစ်ဆာကတော့ သူမရဲ့ လက်ကို မြင်တိုင်း ဒီငါးမန်းတွေကို သတိရနေတော့မှာပါပဲ။

Linn

Source : Dailymail

SHARE