သင်အရင်မြင်တဲ့အရာက (၁၀၀%) အတိအကျ ပြောပြနေတဲ့ သင့်အကြောင်း

ဒီ test က သင့်အကြောင်း အသစ်တစ်ခုအနေနဲ့ ပြောပြနေမှာဖြစ်ပြီး သင့်မသိနိုင်တဲ့ သင့်ရဲ့ အကြောင်းကိုပါ သိသွားမှာပါ။ တချို့သော test တွေကနေ လူတွေရဲ့စိတ်တွေကို ထင်မှတ်မထားလောက်အောင် သိစေနိုင်ပါတယ်။

(၁) စုံတွဲပုံလား ၊ မီးခိုငွေ့ပုံလား
brightside

စုံတွဲပုံကို အရင်မြင်တဲ့သင်ကတော့ အခုလက်ရှိ သင့်ရဲ့ relationship ကို အတည်ယူဖို့အထိ စိတ်ကူးထားတာဖြစ်ပြီး သူ/သူမက သင့်ဘ၀အတွက် အရေးကြီးဆုံး နဲ့ အချစ်ရဆုံးလို့ ခံယူထားပါတယ်။

မီးခိုငွေ့ပုံကို အရင်မြင်တဲ့သင်ကတော့ လွယ်လွယ်နဲ့ ကြောက်တတ်ပါတယ်။ ရလဒ်က ဘာဖြစ်မလဲ မသိရသေးဘဲနဲ့ ဘယ်အရာမျိုးကို မှ လုပ်လေ့မရှိပါဘူး။ တစ်ခါတစ်လေကြရင် ကိုယ့်ဘာသာ ရှုပ်ထွေးနေတတ်ပါတယ်။

(၂) မြစ်ကိုလား ၊ ကြောင်ကိုလား ၊ မျက်နှာကိုလား
brightside

မြစ်ကို အရင်မြင်တဲ့သင်ကတော့ ပတ်ဝန်းကျင်မှာ ပြောင်းလဲနေတဲ့အရာတွေကို မြန်မြန်နဲ့ သင်ယူနိုင်စွမ်းရှိတယ်။ အပေါင်းအသင်းမတ်သူဖြစ်လို့ တစ်ယောက်တည်း နေရမှာကို မုန်းတယ်။ သင့်ခေါင်းထဲမှာ အကြံဥာဏ်သစ်တွေအမြဲရှိနေတတ်သူမို့ စွန့်ဦတီထွင်သူဖြစ်နိုင်ပါတယ်။

READ
တိရစ္ဆာန်လေးတွေရဲ့ သဘာဝကျကျ ရယ်စရာဓာတ်ပုံလေးများ

ကြောင်ကို အရင်မြင်တဲ့ သင်ကတော့ တာဝန်ယူစိတ်ရှိသူတစ်ယောက်ပါ။ သင်ပြောလိုက်တဲ့ စကားတစ်ခွန်းအတွက် တာဝန်ယူစိတ်ရှိသူပါ။

မျက်နှာကို အရင်မြင်တဲ့ သင်ကတော့ creative ဖြစ်သူဖြစ်ပြီး မြင်သမျှ အခွင့်အရေးကို ကောင်းကောင်းအသုံးပြုနိုင်သူဖြစ်ပါတယ်။

(၃) မျက်နှာ (၂)ခုကိုလား ၊ Candlestick ကိုလား
brightside

မျက်နှာ (၂)ခုကို အရင်မြင်တဲ့သင်ကတော့ အသေးစိတ်ကြည့်ရတာကို ကြိုက်သူဖြစ်တယ်။ မကောင်းတဲ့အချက်ကတော့ ပြသနာကို ရှောင်လွှဲတတ်သူဖြစ်တယ်။

Candlestick ကို အရင်မြင်တဲ့သင်ကတော့ ပြသနာတွေကိုဖြေရှင်းဖို့ နည်းလမ်းကို ရှာဖွေဖို့ အချက်အလက်တွေကို သေချာစုဆောင်းပြီး ဖြေရှင်းတတ်သူပါ။

(၄) မိကျောင်းကိုလား ၊ လှေကိုလား
brightside

မိကျောင်းကို အရင်မြင်တဲ့သင်ကတော့ ဂရုစိုက်မှုနည်းပြီး အာရုံစိုက်မှုနည်းသူပဲဖြစ်ပါတယ်။ သင်က risk ယူပြီးလုပ်ရမှာကို မကြိုက်သူပါ။

READ
အချိန်ကိုက် ရိုက်တတ်လွန်းလို့ ဓာတ်ပုံထူးချွန်ဆု ပေးသင့်တဲ့ ဓာတ်ပုံများ

လှေကို အရင်မြင်တဲ့သင်ကတော့ အသေးစိတ်ကို မြင်နိုင်သူပါ။ လက်တွေ့လုပ်ရတာကို ကြိုက်ပြီး အဓိပ္ပာယ်မရှိတဲ့ အကြောင်းအရာအတွက် အချိန်ကုန်မခံသူလည်းဖြစ်ပါတယ်။

(၅) နှုတ်ခမ်းကိုလား ၊ သစ်ပင်ကိုလား ၊ အမြစ်ကိုလား
brightside

နှုတ်ခမ်းကို အရင်မြင်တဲ့သင်ကတော့ အပေါ်ယံကိုပဲ ကြည့်တတ်သူဖြစ်ပါတယ်။ အပေါ်ယံကြည့်ပြီး တခြားသူကို ဆုံးဖြတ်တတ်တယ်။

သစ်ပင်ကို အရင်မြင်တဲ့သင်ကတော့ တခြားသူတွေထက် ရည်မှန်းချက်ပြင်းပြသူဖြစ်ပါတယ်။ ဘယ်လိုအခြေအနေမျိုးမဆို အကောင်းဆုံးဖြစ်ဖို့ကို ပဲ လုပ်ပါတယ်။

အမြစ်ကို အရင်မြင်တဲ့သင်ကတော့ အခြေအနေတစ်ခုကို ပြောင်းလဲဖို့ တိုးတက်ဖို့ကို ကြိုးစားသူပဲဖြစ်ပါတယ်။

Hannwe Soe

SHARE