လေယာဉ်မယ်တွေ ပြောပြမှာမဟုတ်တဲ့ လေယာဉ်ခရီးတွေအတွင်းက လျှို့ဝှက်ချက်များ

rawpixel.com

ခရီးသွားရာမှာ လေယာဉ်နဲ့ခရီးသွားခြင်းဟာ ကိုယ်သာတတ်နိုင်မယ်ဆိုရင် အကောင်းဆုံး ရွေးချယ်မှူတစ်ခုဖြစ်ပါတယ်။ သွားလိုရာခရီးကို အချိန်တိုအတွင်းရောက်ရှိနိုင်သလို လိုအပ်တာမှန်သမျှ ၀န်ဆောင်မှူပေးနိုင်မယ့် လေယာဉ်အမှူထမ်းတွေကလည်း အဆင်သင့်စောင့်ဆိုင်းနေကြပါတယ်။ ဥပမာ လေယာဉ်ပေါ်မှာဆိုရင် သက်တောင့်သက်သာရှိရှိ စီးနိုင်မယ်၊ ကားနဲ့သွားတဲ့အခါမှာလို အိမ်သာတက်မယ့်နေရာရောက်မှ တက်ရတာမျိုးမဟုတ်ပဲ ကိုယ်သွားချင်တဲ့အချိန် အိမ်သာဝင်နိုင်မယ်၊ စားစရာ သောက်စရာလေးတွေလည်း လေယာဉ်ပေါ်မှာ ကျွေးဦးမယ် စတဲ့ အားသာချက်တွေ ရှိပါတယ်။

လေယာဉ်ပေါ်မှာရှိတဲ့ စောင်တွေ၊ ခေါင်းအုံးတွေဟာ သင်မတိုင်ခင်မှာ ခရီးသည်ပေါင်းများစွာတို့က အသုံးပြုပြီးတဲ့ ပစ္စည်းတွေ ဖြစ်ပါတယ်။ သေသေသပ်သပ်ခေါက်ပြီး ခရီးသည်တွေကို ပေးတဲ့ စောင်တွေ၊ ခေါင်းအုံးတွေဟာ သန့်ရှင်းမှူအားနည်းပါတယ်။ တကယ်လို့ ကိုယ်က ကံကောင်းလို့ လေယာဉ်ရဲ့ခရီးစဉ်အစကို စီးဖြစ်တယ်ဆိုရင်သာ အသစ်စက်စက် ခေါင်းအုံးတွေ စောင်တွေကို အသုံးပြုရမှာဖြစ်ပါတယ်။

pexels/sheila

လေယာဉ်မယ်လေးတွေကို အတွေ့အကြုံနုသူနဲ့ အတွေ့အကြုံရင့်သူ ခွဲခြားချင်တဲ့အခါ သူတို့ရဲ့ စကတ်တွေကိုသာ ကြည့်လိုက်ပါ။ တချို့လေကြောင်းလိုင်းတွေက လေယာဉ်မယ်တွေဟာ ရိုးရာဝတ်စုံကို ၀တ်ဆင်ကြပေမယ့် တချို့ကျတော့ စကတ်တွေကို ၀တ်ဆင်ကြပါတယ်။ စကတ်ဟာ ပိုတိုလေလေ လေယာဉ်ဝန်ထမ်းလုပ်သက်မှာ နှစ်ကြာလေဖြစ်ပြီး စကတ်ရှည်တယ်ဆိုရင်တော့ သူမဟာ လေယာဉ်မယ်အဖြစ် အလုပ်ဝင်တာမကြာသေးပါဘူး။ ဒါပေမယ့် လေယာဉ်မောင်တွေကိုတော့ အခုလိုမျိုး မသိနိုင်ပါဘူး။

လေယာဉ်စီးရင်း ရေငတ်တဲ့အခါ ရေတစ်ဖန်ခွက်လောက် ပေးလို့ရမလားဆိုပြီး လေယာဉ်မောင်၊ လေယာဉ်မယ်တွေကို တောင်းဆိုမယ့်အစား ရေမသောက်ပဲနေပါလို့ တိုက်တွန်းရမလိုတောင် ဖြစ်နေပါပြီ။ ဘာကြောင့်လဲဆိုတော့ လေယာဉ်အမှူထမ်းတွေက ခရီးသည်တွေအတွက် ခပ်ပေးတဲ့ သောက်ရေဟာ လေယာဉ်ပေါ်က ရေတိုင်ကီတွေထဲကဖြစ်ပါတယ်။ အဲဒီရေတိုင်ကီတွေထဲကို နိုင်ငံပေါင်းစုံက လူမျိုးပေါင်းစုံက နေ့စဉ်နေ့တိုင်း ရေဖြည့်ကြပါတယ်။ ပြီးတဲ့အခါ ရေတိုင်ကီတွေကို သန့်ရှင်းအောင် ဆေးကြောသန့်စင်မှူအားလည်း အလွန်နည်းပါးပါတယ်။ ဒါကြောင့် လေယာဉ်ပေါ်က ရေတွေဟာ ညစ်ပတ်တဲ့အပြင် Ecoli ရောဂါပိုးတွေတောင် ပါဝင်နေကြောင်း သုတေသနုတွေက ဆိုပါတယ်။

gratisography

လူတွေဟာ ဘယ်နေ့ဘယ်အချိန်မှာ သေရမယ်ဆိုတာ မသိနိုင်ပါဘူး။ တစ်ခါတစ်လေမှာတော့ ရေခြားမြေခြားမှာ သေဆုံးသွားတဲ့ လူတွေကို ပြန်သယ်လာဖို့ လေယာဉ်တွေကို အသုံးပြုကြပါတယ်။ ဒါကြောင့် ကိုယ်စီးနေတဲ့ လေယာဉ်ပေါ်မှာလည်း လူသေအလောင်းတွေ တင်ကောင်း တင်လာနိုင်ပါတယ်။

စာဖတ်သူအနေနဲ့ ရံဖန်ရံခါ လေယာဉ်ပေါ်ရောက်တုန်း လေယာဉ်ပြတင်းကနေ ကြည့်လိုက်တဲ့အခါမှာ လေယာဉ်ဝမ်းထဲ သွင်းနေတဲ့ ပစ္စည်းအထုတ်အပိုးတွေကို မြင်နိုင်ပါလိမ့်မယ်။ အဲဒီထဲမှာ အဖြူရောင် သို့မဟုတ် သစ်သားသေတ္တာအကြီးကြီးကို တွေ့ရတယ်ဆိုရင်တော့ အဲဒါဟာ အခေါင်းတစ်လုံးဖြစ်ဖို့များပါတယ်။ တကယ်လို့များ ၄င်းသေတ္တာတစ်လျှောက်မှာ ဦးခေါင်းပုံပါတယ်ဆိုရင်တော့ လူသေပါတဲ့ အခေါင်းဆိုတာ သေချာနေပါပြီ။ အခုကတော့ လေယာဉ်ခရီးစဉ်တွေမှာ အားသာချက်တွေအပြင် လူတွေသိပ်မသိကြသေးတဲ့ အခုလို အားနည်းချက်တွေလည်း ရှိနေသေးတယ်ဆိုတာ ဖော်ပြပေးလိုက်ရတာပဲ ဖြစ်ပါတယ်။

READ
အမျိုးသမီးတွေအတွက် လင်ကောင်းသားကောင်းရဖို့က ဘယ်လောက်အရေးကြီးသလဲ

လင်းလင်း (ShweMom)

SHARE