ယောက်ျားလေးတိုင်း လိုချင်မိတဲ့ သူ့ချစ်သူဆီက နားလည်မှု (၅) ခု

Imdb/Titanic

Relationship တစ်ခုရယ်လို့ ဖြစ်လာတဲ့အခါ ဘယ်သူမဆို ပျော်ရွှင်မိကြမှာ အသေအချာပါပဲ။ ကောင်းတဲ့ Relationship တစ်ခုဟာ ကိုယ့်ဘဝကို သာယာချမ်းမြေ့စေရုံတင်မဟုတ်ဘဲ ဘဝအတွက်လည်း ကောင်းကျိုးတွေ သယ်ဆောင်လာတတ်ကြပါတယ်။ မကောင်းတဲ့ Relationship တစ်ခု၊ toxic relationship တစ်ခုကတော့ စိတ်ညစ်စရာတွေ အများအပြားနဲ့ ပူလောင်တတ်ကြတာ သဘာဝပါပဲ။ ဒါပေမယ့် ဘယ်သူမဆို မိမိချစ်ရတဲ့ ချစ်သူနဲ့အတူ ရှင်သန်နေထိုင်ရုန်းကန်ခွင့်ရတာကိုက ဆုလာဘ်တစ်ခုလို့ သတ်မှတ်ကြရမှာပါ။ Relationship တစ်ခု ခိုင်မြဲဖို့အတွက် အဓိက အချက်ကတော့ နားလည်မှုပါပဲ။ နားလည်မှုမရှိတဲ့အခါ၊ လျော့ရဲလာတဲ့အခါမှာ ခိုင်မာတဲ့ Relationship တွေတောင်မှ အချိန်မရွေးပျက်စီးသွားတတ်ပါတယ်။ အခုတော့ ယောက်ျားလေးလိုလို လိုချင်တဲ့၊ ပါးစပ်ကနေ ထုတ်မပြောဖြစ်ပေမယ့် တောင့်တတဲ့ သူ့ချစ်သူဆီက နားလည်မှု(၅)ခု အကြောင်းပါ။

၁ – ယောက်ျားလေးတိုင်းလိုလို ကိုယ်ခံစားနေရတာတွေကို ထုတ်မပြောပြတတ်ကြပါဘူး

သဘာဝကိုက ယောက်ျားလေးတိုင်းမှာ မိမိရဲ့ ခံစားချက်တွေကို ထုတ်ပြီး ပြောပြဖို့ အင်မတန်ခက်ခဲပါတယ်။ တကယ်တော့ သူတို့လည်း လူတွေထဲက လူတွေပဲမို့ ခံစားချက်တွေ အပြည့်နဲ့ လူတွေပဲမို့ ခံစားချက်တွေရှိပါတယ်။ အဲဒီခံစားချက်တွေကို ပြောပြဖို့ဆိုတာ ယောက်ျားလေးတွေအတွက်  တော်တော် ဝန်လေးတဲ့ အလုပ်တစ်ခုပါ။

သူတို့ ခံစားချက်တွေကို ထုတ်မပြဖြစ်ခဲ့ဘူးဆိုရင် နားလည်ပေးဖို့ မျှော်လင့်ကြပါတယ်။ ခံစားချက်တွေကို ထုတ်မပြဖြစ်ဘူးဆိုလို့ ကိုယ့်အပေါ်မှာ မချစ်ဘူးဆိုရင်တော့ မှားသွားပါလိမ့်မယ်။

Unsplash/RepImage
၂ – ကိုယ်ပိုင်အချိန်လေး တောင့်တကြပါတယ်

ဘောလုံးပွဲကြည့်တာက အစ လက်ဖက်ရည်ဆိုင်ထိုင်တာကအဆုံး ယောက်ျားလေးတော်တော်များများဟာ အပေါင်းအသင်း အင်မတန်ခင်ကြပါတယ်။ တစ်ခါတစ်ရံ မဟုတ်ဘဲ နေ့စဉ်လိုလို တွေ့ဆုံနေတဲ့ သူငယ်ချင်းအရင်းအချာတွေနဲ့ ဆုံဖို့အတွက် သူ့ချစ်သူဆီက နားလည်မှုကို တောင့်တတတ်ကြပါတယ်။ ဒီလို ဆုံတွေ့တဲ့ အဖြစ်မျိုးဟာ အပန်းဖြေတဲ့ သဘောလည်း သက်ရောက်သလို၊ သူငယ်ချင်းအချင်းချင်းကြားက သံယောဇဉ်ကိုလည်း ပိုတိုးပွားစေတတ်တာပါ။ ဒီလို သူငယ်ချင်းတွေနဲ့ ဆုံတွေ့တဲ့ နေရာမှာလည်း ကိုယ့်ကို အချိန်မပေးတာ၊ ကိုယ့်ကို ပစ်ထားတာဆိုတာမျိုးကို မဟုတ်လှပါဘူး။ လူတိုင်းမှာ ကိုယ်ပိုင်နေရာ ကိုယ်ပိုင်အချိန်ဆိုတာ ရှိတတ်ကြတာမို့ own space လေးတစ်ခုတော့ လိုကို လိုအပ်တာပါ။

၃ – အကြိုက်ဆုံးအားကစားပြိုင်ပွဲတွေလာတဲ့အခါ ကြောင်တောင်တောင် အမူအရာဖြစ်သွားတာကို နားလည်ပေးဖို့ မျှော်လင့်ပါတယ်

ယောက်ျားလေး အများစုဟာ အားကစားကို တော်တော်လေး စွဲလမ်းကြပါတယ်။ ကိုယ်တိုင် ဝင်ပါတာမျိုးက အစ၊ အားပေးတာမျိုးအဆုံးအထိ ယောက်ျားလေးတော်တော်များများရဲ့ အားလပ်ချိန်လေးတွေမှာ အားကစားကို အားပေးတတ်ကြတာပါ။ ဒီလို သူတို့ အလွန်ကြိုက်ပါတယ်ဆိုတဲ့ အားကစားပြိုင်ပွဲတွေလာတဲ့အခါ စိတ်ဟာ အင်မတန်လွတ်လပ်သွားပြီး ကြောင်တောင်တောင်အမူအယာတွေ လုပ်မိတတ်ကြတာပါ။ ဆိုပါစို့ ဘောလုံးပွဲတစ်ပွဲကြည့်ရင်းနဲ့ စိတ်လှုပ်ရှားမှုကြောင့် လက်ခုပ်လက်ဝါးတီးပြီး အားပေးတဲ့အပြုအမူမျိုးပါ။

၎ – သူတို့ရဲ့ ဝမ်းနည်းပူဆွေးမှုတွေကို နားထောင်ပေးဖို့ မျှော်လင့်ကြပါတယ်

ယောက်ျားလေးတွေရဲ့ ပင်ကိုယ်သဘာဝကိုက သူတို့ ပျော့ညံ့တာကို လူတွေ သိသွားမှာကို စိုးကြောက်ကြတာပါ။ သူတို့ ကြောက်နေတယ်၊ သိမ်ငယ်နေတယ်၊ ဝမ်းနည်းနေတယ်ဆိုတဲ့ ပူဆွေးမှုတွေကို လွယ်လင့်တကူထုတ်မပြတတ်ကြပါဘူး။ဟန်ဆောင်ပြီးတော့ ဖြစ်ဖြစ်၊ ဟန်လုပ်ပြီးတော့ဖြစ်ဖြစ် သူတို့ ခိုင်မာတယ်၊ သန်မာတယ်ဆိုတဲ့ ပုံပေါက်အောင် နေတတ်ကြတာပါ။ ဒါပေမယ့် သူတို့ ဒီလို အမြဲတမ်းကြီး မနေနိုင်ကြပါဘူး။ အဆင်မပြေမှုတွေ၊ ကျရှုံးမှုတွေနဲ့ မအောင်မြင်မှုတွေကို ပြောပြစရာ၊ ရင်ဖွင့်စရာလေးတစ်ခုကို မျှော်လင့်တတ်ကြပါတယ်။ အထူးသဖြင့် ကိုယ်ချစ်ရတဲ့ ချစ်သူတစ်ယောက်ဆီကနေ အားပေးစကားတွေကို ကြားချင်ကြတာပါ။

Unsplash/RepImage
၅ – အမှားတွေကို ခွင့်လွှတ်ပေးရန်

ယောက်ျားလေးတိုင်းဟာ စူးစမ်းရှာဖွေမှုတိုင်းကို အမြဲလုပ်လေ့ရှိပါတယ်။ တစ်ခါတစ်ရံမှာ သူ ကောင်းမယ်ထင်လို့ လုပ်လိုက်တဲ့ အပြုအမူတစ်ခုဟာ လုံးလုံးမှားသွားတဲ့ အခြေအနမျိုးမှာ သူ့အတွင် ခွင့်လွှတ်ပေးဖို့ တောင့်တတတ်ကြပါတယ်။ စေ့စပ်သေချာအောင် လုပ်လေ့ရှိတဲ့ မိန်းကလေးတွေရဲ့ သဘာဝနဲ့ စူးစမ်းရှာဖွေတတ်တဲ့ ယောက်ျားလေးတွေရဲ့ သဘာဝကြောင့် အမှားလုပ်တဲ့ နေရာမှာ ယောက်ျားလေးတွေဟာ မိန်းကလေးတွေထက် ပိုပြီး မှားတတ်ကြတာပါ။ ဒါကြောင့် ယောက်ျားလေး အများစုဟာ သူတို့ မထင်မှတ်ဘဲ လုပ်ခဲ့တဲ့ အမှားတွေကို ခွင့်လွှတ်ပေးဖို့၊ နားလည်ပေးဖို့ မျှော်လင့်တတ်ကြပါတယ်။

Ye Yint Kyaw

SHARE