အလည်အပတ်သွားသင့်တဲ့ ကမ္ဘာ့အလှဆုံး ထိပ်တန်းနိုင်ငံ(၁၀) နိုင်ငံ

BeautifulNations/Instagram

ကမ္ဘာအနှံ့ခရီးသွားလာသူတွေဟာ လူတွေအတွက် ဆုံးဖြတ်ရခက်ခဲတဲ့အလုပ်တစ်ခုကို ပြုလုပ်ပေးခဲ့ပါတယ်။ အဲဒါကတော့ တစ်နှစ်တာအတွင်း သွားလာလို့ကောင်းတဲ့ ကမ္ဘာ့အလှပဆုံးနိုင်ငံတွေကို ရွေးချယ်ပေးခဲ့တာ ဖြစ်ပါတယ်။ အောက်ဘက်မှာတော့ ကမ္ဘာလှည့်ခရီးသည်တွေ ရွေးချယ်ပေးထားတဲ့ ကမ္ဘာ့အလှဆုံးနိုင်ငံ(၁၀) နိုင်ငံကို ဖော်ပြပေးလိုက်ပါတယ်။

၁၀. ဝေလ

instagram/visitwales

အင်္ဂလန်အပိုင် နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဝေလနိုင်ငံဟာ ကမ္ဘာ့အလှဆုံးနိုင်ငံတွေထဲ အဆင့်(၁၀) နေရာမှာ ရှိပါတယ်။ သမိုင်းဝင်ရဲတိုက်ကြီးတွေ၊ လှပတဲ့ တောင်တန်းတွေနဲ့ ကမ်းခြေတွေဟာ မျက်စိပသာဒဖြစ်လောက်အောင် လှပလွန်းတဲ့ နိုင်ငံဖြစ်ပါတယ်။

၉. အမေရိကန်

instagram/visittheusa

အမေရိကန်နိုင်ငံဟာ ကမ္ဘာ့အလှဆုံးနိုင်ငံတွေထဲမှာတော့ အဆင့်(၉) နေရာမှာ ဖြစ်ပါတယ်။ အလက်စကာပြည်နယ်ထဲက Gates of the Arctic National Park ဆိုရင် အမေရိကားတိုက်ရဲ့ ဇီဝမျိုးကွဲမျိုးစုံ အများဆုံးတွေ့ရှိနိုင်ရာ နေရာ ဖြစ်ပါတယ်။

၈. အိုက်စ်လန်

instagram/guilhermegmesquita

အိုက်စ်လန်နိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ Reykjavik မှာတော့ နှစ်လိုဖွယ်ကောင်းပြီး ထူးခြားတဲ့ ရိုးရာယဉ်ကျေးမှုအစဉ်အလာတွေ ရှိနေပါတယ်။ အာတိတ်စက်ဝိုင်းနဲ့နီးတာကြောင့် northern lights တွေကို တွေ့မြင်ရတဲ့ နေရာလည်း ဖြစ်ပါတယ်။ အိုက်စ်လန်ကတော့ အဆင့်(၈) နေရာမှာ ရှိနေပါတယ်။

READ
ခရီးသွားတွေအတွက် ဆွဲဆောင်မှုတစ်ခုဖြစ်လာတဲ့ Kawa Hot Bath

၇. အင်္ဂလန်

instagram/toplondonphoto

အင်္ဂလန်နိုင်ငံကတော့ ကမ္ဘာ့အလှပဆုံးနိုင်ငံတွေထဲ အဆင့်(၇) နေရာမှာ ရှိနေပါတယ်။ အင်္ဂလန်ဟာ ခြေလျင်လမ်းလျှောက်လို့ကောင်းတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ အရက်ဘားဆိုင်တွေနဲ့ လက်ဖက်ရည်ဆိုင်တွေကတော့ နေရာတိုင်းမှာ ရှိပါတယ်။

၆. အင်ဒိုနီးရှား

instagram/deanne_soliloquyandswag

အင်ဒိုနီးရှားနိုင်ငံကတော့ အဆင့်(၆) နေရာမှာ ရှိနေပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ ယဉ်ကျေးမှုမျိုးစုံနဲ့ သဘာဝကျေးလက်ရှုခင်းတွေ ပေါများတဲ့နေရာပါ။ အင်ဒိုနီးရှားနိုင်ငံထဲမှာတော့ ဘာသာစကားအမျိုးပေါင်း (၅၀၀) ကျော်ကို ပြောဆိုကြပါတယ်။ အင်ဒိုနီးရှားမှာတော့ အထင်ရှားဆုံးဟာ Bali နဲ့ Lombok တို့ပဲ ဖြစ်ပါတယ်။

၅. တောင်အာဖရိက

instagram/southafrica

တောင်အာဖရိကနိုင်ငံကတော့ ကမ္ဘာ့အလှပဆုံးနိုင်ငံတွေထဲမှာ အဆင့်(၅) ရှိနေတာ ဖြစ်ပါတယ်။ ၀ိုင်ကောင်းကောင်းထွက်တဲ့အပြင် လှပတဲ့ကမ်းခြေတွေရှိရာ၊ တောရိုင်းတိရစ္ဆာန်မျိုးစုံကို တွေ့နိုင်တဲ့ ဆာဖာရီဥယျာဉ်ကြီးရှိရာ နိုင်ငံလည်း ဖြစ်ပါတယ်။

၎. အီတလီ

instagram/italy

အီတလီနိုင်ငံမှာတော့ ရောမရဲ့ ကြွင်းကျန်ရစ်တဲ့ အမွေအနှစ်တွေကို တွေ့နိုင်ပါတယ်။ ရောမမြို့လိုပဲ ဖလောရင့်စ်နဲ့ ဗီးနစ်စ်မြို့တွေဟာလည်း စိတ်ကြည်နူးဖွယ် အငွေ့အသက်တွေနဲ့ ထုံလွှမ်းနေပါတယ်။ အစားအသောက်စုံလင်ပြီး လတ်ဆတ်တဲ့သီးနှံမျိုးစုံကလည်း ဈေးတွေမှာ ရှိနေပါတယ်။ အီတလီနိုင်ငံကတော့ ကမ္ဘာ့အလှဆုံးနိုင်ငံအဖြစ် အဆင့်(၄) နေရာမှာ ရှိနေပါတယ်။

READ
အာတိတ်သမုဒ္ဒရာ ကမ်းစပ်မှာ ကပ်ဆောက်ထားတဲ့ မှန်ပုံ ဇိမ်ခံ အပန်းဖြေအိမ်လေးများ

၃. နယူးဇီလန်

instagram/naturegramy

နယူးဇီလန်နိုင်ငံကတော့ ကမ္ဘာ့အလှပဆုံးနိုင်ငံတွေထဲမှာ တတိယနေရာကနေ လိုက်နေတာ ဖြစ်ပါတယ်။ ဇီဝမျိုးကွဲမျိုးစုံ ပေါကြွယ်ဝတဲ့အပြင် တောင်ကုန်းတွေ၊ ကမ်းခြေတွေ၊ ရေတံခွန်တွေလည်း ရှိပါတယ်။ ရေခဲဆောင်တွေကို အနီးကပ်တွေ့မြင်နိုင်တဲ့ ကမ္ဘာ့အကျော်ကြားဆုံး Tasman Glacier မြစ်စွယ်လည်း နယူးဇီလန်ထဲမှာ ရှိပါတယ်။

၂. ကနေဒါ

instagram/canada

ကနေဒါကတော့ ဒုတိယနေရာမှာ ရှိပါတယ်။ သက်ဝင်လှုပ်ရှားနေတဲ့ မြို့တွေနဲ့ အမျိုးသားဥယျာဉ်တွေဟာ ကနေဒါရဲ့ ထင်ရှားတဲ့ နေရာတွေပဲ ဖြစ်ပါတယ်။ ကနေဒါနိုင်ငံထဲက Wood Buffalo National Park ဆိုရင် ဆွစ်ဇာလန်နိုင်ငံထက်တောင် ကြီးပါသေးတယ်။ ကနေဒါနိုင်ငံမှာ တောင်တွေပေါများတာကြောင့် ရေခဲပြင်စကိတ်စီးနဲ့ နှင်းလျှောစီးရတာကို နှစ်သက်သူတွေ အလည်အပတ်အလာများပါတယ်။

၁. စကော့တလန်

instagram/visitscotland

စကော့တလန်နိုင်ငံကတော့ ကမ္ဘာ့အလှဆုံးနိုင်ငံတွေထဲ အဆင့်(၁)နေရာမှာ ရှိနေပါတယ်။ ရဲတိုက်ကြီးတွေ၊ အပြောကျယ်လွန်းတဲ့ ကမ်းခြေတွေအပြင် သဘာဝအလှအပတွေ ပေါကြွယ်ဝတဲ့နေရာ ဖြစ်ပါတယ်။ စက်ဘီးစီး၊ တောင်တက်တဲ့ အလေ့အကျင့်တွေကတော့ စကော့တလန်ရောက်ရင် မလုပ်မဖြစ် ပြုလုပ်ကြတဲ့ အားကစားတွေပဲ ဖြစ်ပါတယ်။

လင်းလင်း (ShweMom)

SHARE