ဝမ်းနည်းဖွယ်ရာ နောက်ခံသမိုင်းကြောင်းတွေ ပိုင်ဆိုင်ထားတဲ့ အထင်ကရပန်းပုရုပ်များ

Twitter/AntonioTajuelo

ကမ္ဘာတစ်ဝန်းက အနုပညာရှင်တွေဟာ ပန်းပုရုပ်တွေကို လှပသေသပ်ရုံသာမကဘဲ ခံစားချက်တွေပါထပ်ပေါင်ပြီး ပြောင်မြောက်တဲ့ရုပ်ထုတွေကို ဖန်တီးခဲ့ကြပါတယ်။ အခုလည်းကမ္ဘာတစ်ဝန်းက သင့်ကို မျက်ရည်ကျစေလောက်တဲ့ သေသပ်လှပတဲ့ရုပ်ထုတွေရဲ့ နောက်ခံဇာတ်လမ်းတွေအကြောင်းကို အခုလို တင်ဆက်ပေးလိုက်ပါတယ်။

1. Nello & Patrasche

ဘယ်ဂျီယံနိုင်ငံ၊ Our Lady Antwerp ဘုရားကျောင်း အပြင်ညာဘက်က ကျောက်နဲ့လုပ်ထာတဲ့စောင်အောက် သူ့ခွေးနဲ့အတူအိပ်နေတဲ့ကောင်လေးရဲ့ ကြီးမားတဲ့ရုပ်ထုကြီးကို သင်တွေ့မြင်ရမှာပါ။ ရုပ်ထုကိုကြည့်ရင်တော့ ချစ်စရာကောင်းပေမယ့်၊ နောက်ခံဇာတ်လမ်းကတော့ အင်မတန်ဝမ်းနည်းဖို့ကောင်းပါတယ်။ သူ့ရုပ်ထုဟာ Nelloနဲ့သူ့ခွေး Patrasche ဖြစ်ပြီး  (၁၉)ရာစုပုံပြင်ရဲ့ကျော်ကြားတဲ့သူရဲကောင်းတွေဖြစ်ပါတယ်။ Nelloဟာ အခက်အခဲမျိုးစုံနဲ့ ဆင်းရဲမှုတွေကြောင့် အစာငတ်ရေငတ်ဖြစ်ပြီး နောက်ဆုံး ဘုရားကျောင်းမှာ သူ့ဘေးမှာ သူ့သူငယ်ချင်း  Patrascheနဲ့အတူ အေးခဲသေဆုံးသွားခဲ့တာဖြစ်ပါတယ်။

2. Expansion

စွမ်းအားပြင်းတဲ့ Paige Bradley ရုပ်တုကတော့ နောက်ကွယ်က ဇာတ်လမ်းမရှိပါဘူး။ ဒါပေမယ့် ဒီရုပ်ထုဟာ အားလုံးရဲ့အတွင်းစိတ်ကို ရောင်ပြန်ထင်ဟပ်စေပါတယ်။ Expansion, အမည်နဲ့ဒီရုပ်တုရဲ့အဓိပ္ပာယ်ဟာ လူတွေအားလုံးဟာ ပင်ပန်းစရာကောင်းတဲ့အချိန်တွေ၊ မျှော်လင့်ချက်တွေ၊ နားလည်မှုလွဲမှားခြင်းတွေရဲ့အောက်မှာ နစ်မြုပ်နေကြတယ်ဆိုတဲ့ လူတွေရဲ့သဘောကို ပြသနေတာဖြစ်ပါတယ်။ ဒီရုပ်တုဟာ နယူးယောက်စီးတီးမြို့က private collectionထဲကတစ်ခုဖြစ်ပြီး၊ ဖန်တီးသူကတော့ Brooklyn မြို့မှာ အများပြည်သူကို ပြသနိုင်ဖို့ ကြိုးစားနေတယ်လို့သိရပါတယ်။

3.Love – Children stuck in adult bodies

 

View this post on Instagram

 

A post shared by Alexander Milov (@alexandermilov) on

ကျောခိုင်းထားတဲ့လူနှစ်ဦးရဲ့ခန္ဓာကိုယ်ထဲ ကလေးငယ်နှစ်ဦးပိတ်မိနေတဲ့ ရုပ်ထုဖြစ်ပါတယ်။ ဒီရုပ်တုကိုတော့ ပန်းပုဆရာ Alexander Milov, က ဖန်တီးခဲ့တာပါ။ ဒီရုပ်တုကို Nevada ပြည်နယ်က Burning Man ပွဲမှာ ပထမဆုံးပြသခဲ့ဖူးပြီး အင်မတန်ပြောင်မြောက်တဲ့အနုပညာဖြစ်ခဲ့ပါတယ်။ မိဘတွေဟာ သားသမီးတွေအပေါ် သူတို့အတ္တကိုဦးစားပေးတဲ့အခါ ကလေးဘ၀ကိုဆုံးရှုံးပြီးကြီးပြင်းလာရတဲ့ လူငယ်တွေအကြောင်းကို ဖော်ကျူးပြသထားတာဖြစ်ပါတယ်။

4.Hachiko Statue

ဂျပန်နိုင်ငံ တိုကျိုမြို့ကို Shibuya Scramble Crossingကိုဖြတ်သွားတိုင်း ခွေးရုပ်တု တစ်ခုကို မြင်တွေ့ရမှာပါ။ ရုပ်တုကို ကြည့်ရင်တော့ သာမန်ခွေးအရုပ်ပဲလို့ထင်ရပေမယ့် ဂျပန်လူမျိုးတွေဟာ ထူးခြားတဲ့ခွေးတစ်ကောင်ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီရုပ်တုကို ပြုလုပ်ထားတာပါ။ သူ့ရဲ့စိတ်ဝင်စားစရာ ဇာတ်ကြောင်းက ဒီလိုပါ။ တက္ကသိုလ်ပါမောက္ခ Uenoဆိုသူဟာ ခွေးကလေး Hachiko ကို မွေးစားခဲ့ပါတယ်။ ခွေးလေးဟာ သူ့သခင်ပြန်အလာကို နေ့တိုင်း ဘူတာရုံကနေ စောင့်နေတတ်တဲ့ခွေးလေးပါ။ တစ်နေ့ သူ့သခင်ဟာ အလုပ်မှာ ဦးနှောက်သွေးကြောပျက်ပြီးသေဆုံးသွားခဲ့ပါတယ်။ ဒါပေမယ့် Hachiko ဟာ သင့်သခင်ပြန်လာမယ်အထင်နဲ့ ဘူတာရုံမှာ ကိုးနှစ်ကျော်ကြာတဲ့အထိ နေ့တိုင်းသွားစောင့်နေခဲ့တာဖြစ်ပါတယ်။ Hachiko လေး သေဆုံးသွားပြီးနောက်မှာတော့ သူ့အရိုးပြာကို သင့်သခင်ရဲ့ဘေးမှာ မြုပ်နှံပေးခဲ့ပါတယ်။

5.Ali and Nino (A man and a woman)

ဘ၀ရဲ့ဖြစ်ရပ်မှန်ဇာတ်ကြောင်ကနေ ဟောလိဝုဒ်ရုပ်ရှင်တွေအထိ အချစ်ဇာတ်လမ်းတော်တော်များများ ကျွန်တော်တိုမြင်ဖူးကြပါတယ်။ ဒါပေမယ့် ဒီရုပ်တုကတော့ လူတွေအားလုံးကို ခံစားမှုအပေးနိုင်ဆုံးလို့ ဆိုရမှာပါ။ ဒီရုပ်တုကတော့ ပန်းပုဆရာ Tamara Kvesitadze ဖန်တီးတဲ့ ရွေ့လျားနေတဲ့အမျိုးသားတစ်ဦးနဲ့အမျိုးသမီးတစ်ဦးရဲ့ရုပ်တုဖြစ်ပါတယ်။ Ali နဲ့ Ninoဆိုတဲ့ချစ်သူနှစ်ဦးဟာ ဘာသာရေးမတူညီမှုကြောင့် ချစ်လျက်နဲ့မပေါင်းစည်းနိုင်ခဲ့ကြတဲ့ ချစ်သူနှစ်ဦးဖြစ်ပါတယ်။ ဂျော်ဂျီယာနိုင်ငံ  Batumi မြို့မှာ နေ့စဉ် ည(၇)နာရီအချိန်တိုင်း ဒီရုပ်တုဟာ တစ်ဦးဆီတစ်ဦးရွေ့လျားလာပြီး အနမ်းပေးတဲ့ပုံရိပ်လာပါတယ်။ ဒါပေမယ့်လို့ တခနအတွင်းမှာပဲ လာရာလမ်းအတိုင်း ပြန်လည်ခွာသွားကြပါတယ်။

Khiang Sandar

SHARE