သဘာဝချင်းခြားနားပေမယ့် မိတ်ဆွေရင်းတွေဖြစ်နေကြတဲ့ ချီတိုနဲ့အသားစားမိကျောင်းကြီး

မိကျောင်းတွေဟာ ခွေးတွေ၊ ကြောင်တွေလို နူးညံ့ပြီး ချစ်စရာကောင်းတဲ့ သတ္တ၀ါတွေ မဟုတ်ကြပါဘူး။ အသားစားတယ်၊ ရက်စက်ကြမ်းကြုတ်တယ်လို့ ယူဆထားတဲ့ မိကျောင်းတွေအပေါ် ထားတဲ့အမြင်ကို အခုတွေ့မြင်ရမယ့် ဗီဒီယိုက ပြောင်းလဲပေးနိုင်ပါလိမ့်မယ်။ ဗီဒီယိုထဲမှာ တွေ့ရမှာတော့ ချီတိုနဲ့ ပိုချိုတို့ဖြစ်ပြီး သူတို့ဟာ သဘာဝအားဖြင့် လူနဲ့ တိရစ္ဆာန်ဖြစ်နေကြပေမယ့် မိတ်ရင်း ဆွေရင်းတွေအလား နီးနီးကပ်ကပ် ဆက်ဆံနေကြတဲ့ မြင်ကွင်းတွေပါ။

လွန်ခဲ့တဲ့ အနှစ်(၂၀) နီးပါးလောက်တုန်းက အရှည်(၅) မီတာရှိတဲ့ မိကျောင်းကြီးတစ်ကောင်ဟာ ကော်စတာရီကာ ပါရက်စ်မီနာမြစ်ကမ်းပါးမှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရနေခဲ့ပါတယ်။ မိကျောင်းကြီးဟာ လယ်သမားတစ်ဦးရဲ့ သေနတ်ဒဏ်ကြောင့် သေလုမျောပါးဖြစ်နေခဲ့တာပါ။ ဒါကို တွေ့မြင်ရတဲ့ အမျိုးသားချီတိုဟာ မိကျောင်းကြီးကို သနားပြီး ကယ်တင်ပေးလိုက်ပါတယ်။ မိကျောင်းကြီးကို ပိုချိုလို့ နာမည်ပေးပြီး ကျန်းမာရေးပြန်ကောင်းလာအောင် အကူအညီပေးခဲ့ပါတယ်။

(Photo: Jefrey Arguedas/EFE)

ချီတိုက The Tico Times ကို အခုလိုပြောပါတယ်။ “တစ်စုံတစ်ယောက်က သူ့ကိုချစ်တယ်ဆိုတာ ပိုချိုကို သိစေချင်ပါတယ်။ လူသားတွေအားလုံးဟာ သူထင်သလို မဆိုးဘူးလို့ သူ့ကို နားလည်စေချင်တာပါ..” လို့ ဆိုပါတယ်။ ချီတိုဟာ တိရစ္ဆာန်ချစ်သူတစ်ဦး ဖြစ်တဲ့အပြင် အထူးသဖြင့် ရောဂါဝေဒနာရနေတဲ့ တိရစ္ဆာန်လေးတွေဆို ပိုလို့တောင် သနားမိကြောင်း ပြောပြပါတယ်။

READ
အဆော့သန်ပြီးဆိုးသွမ်းတဲ့ကလေးတွေကို သဲအိတ်အင်္ကျီဝတ်ဆင်ခိုင်းမယ့် ဂျာမနီကျောင်းများ
animalsaustralia

မိကျောင်းကြီးပိုချိုဟာ နေပြန်ကောင်းလာပြီးနောက်မှာတော့ ချီတိုက သူ့ကို မြစ်ထဲမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် မိကျောင်းကြီးက မြစ်ထဲမဆင်းပဲနဲ့ ချီတိုနောက်ကို လျှောက်လိုက်နေခဲ့ပါတယ်။ ဒါကြောင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးနဲ့ တိရစ္ဆာန်ဆရာဝန်တို့ရဲ့ အကူအညီနဲ့ ချီတိုဟာ ပိုချိုကို စောင့်ရှောက်လာခဲ့တာ ဆယ်စုနှစ်(၂) စု နီးနီးတောင် ရှိနေပြီ ဖြစ်ပါတယ်။  နှစ်တွေကြာလာလေလေ နှစ်ဦးသား သံယောဇဉ်တွေဟာ ခိုင်မြဲလာလေလေမို့ မိကျောင်းကြီးနဲ့ ချီတိုဟာ ရေအတူတူဆင်းကူး၊ အတူတူဆော့ကစားတဲ့အထိ ယုံကြည်မှုတွေ ပိုလာခဲ့ပါတယ်။

ပိုချိုက လူအရမ်းယဉ်နေပါပြီ။ သူ့နာမည်ကို ခေါ်တဲ့အခါတိုင်း သူက ပြန်တုံ့ပြန်တတ်ပါတယ်။ မိကျောင်းကြီးဟာ သခင်ဖြစ်သူနဲ့ နှစ်ပေါင်းများစွာ နေလာပြီးနောက်မှာတော့ ပြီးခဲ့တဲ့နှစ် အသက်(၅၀) အရွယ်မှာပဲ သဘာဝအလျောက် သေဆုံးသွားခဲ့ပါတယ်။ ပိုချိုရဲ့ အသုဘကို ရာပေါင်းများစွာသောလူတွေက တက်ရောက်ခဲ့ကြပြီး ထူးခြားပြီး လူလိုနားလည်လှတဲ့ မိကျောင်းကြီး ပိုချိုအကြောင်းကို အခုထက်တိုင်အောင် ပြောနေကြဆဲ ရှိပါတော့တယ်။

READ
တောတွင်းလူသားကဲ့သို့(၄၁)နှစ်အထိ နေထိုင်ခဲ့တဲ့လူသား
La Teja

လင်းလင်း (ShweMom)

Ref: animalsaustralia

SHARE