ပြင်သစ်သမ္မတနဲ့တွေစဉ် စားပွဲပေါ်ခြေထောကတင်လိုက်ခဲ့တဲ့ယူကေဝန်ကြီးချုပ်ရဲ့ဗီဒီယို

Michael Tubi/shutterstock

Theresa May အနားယူသွားခဲ့ပြီးနောက် Boris Johnson ဟာတော့ ယူကေရဲ့ဝန်ကြီးချုပ်အဖြစ်စတင်တာဝန်ယူနေခဲ့တာ ဇူလိုင်လကတည်းကပါ။ နိုင်ငံရေးအဆင့်ရာထူးကြီးတွေ လူသစ်တစ်ယောက်ပြောင်းသွားတဲ့အခါတိုင်း ပြည်သူတွေအနေနဲ့ မျက်စိဒေါက်ထောက်ကြည့်တတ်ကြတာ သဘာဝပါပဲ။ ဒီလိုမျိုးစောင့်ကြည့်ကာလအတွင်းမှာကျရောက်နေတဲ့ ယူကေဝန်ကြီးချုပ်အသစ် Boris Johnson ဟာတော့ ပြီးခဲ့တဲ့ ကြာသပတေးနေ့တုန်းက အမှတ်မထင်လုပ်ခဲ့တဲ့အပြုအမူတစ်ခုကြောင့် ပြည်သူတွေမကျေမနပ်ဖြစ်နေခဲ့ကြပါတော့တယ်။ ဖြစ်စဉ်ကိုတော့ Insider မှ ကိုးကားဖော်ပြပေးလိုက်ပါတယ်။

Michael Tubi/shutterstock

သြဂုတ်လ ၂၂ ရက်နေ့တုန်းက ယူကေဝန်ကြီးချုပ်သစ် Boris Johnson ဟာ ပြင်သစ်သမ္မတ Emmannuel Macron နဲ့ ပြင်သစ်နိုင်ငံရှိ Élysée နန်းတော်မှာ တွေ့ဆုံခဲ့ကြပါတယ်။ သီးသန့်ဆွေးနွေးပွဲမျိုးမဟုတ်တာကြောင့် သူတို့နှစ်ဦးရဲ့တွေ့ဆုံမှုကို မှတ်တမ်းတင်မယ့် မီဒီယာတွေဟာလည်း အဲဒီနေရာမှာ အများအပြားရှိလို့နေကြပါတယ်။

အစည်းအဝေးပွဲပြီးပြီးချင်းမှကိုပဲ Twitter မှာ ဗီဒီယိုနဲ့ဓာတ်ပုံတချို့တက်လာကာ Horis Johnson ဟာ ပြင်သစ်သမ္မတနဲ့တွ့နေတုန်း ခြေထောက်ကြီးခုံပေါ်တင်နေခဲ့တယ်ဆိုပြီး အများစုက ဝိုင်းဝေဖန်ခဲ့ကြပါတော့တယ်။ တကယ်လည်း ဗီဒီယိုတွေနဲ့ ဓာတ်ပုံတွေကိုကြည့်မယ်ဆိုရင် ယူကေဝန်ကြီးချုပ်က ပြင်သစ်သမ္မတနဲ့တွေ့ဆုံနေတာတောင်မှပဲ မရိုသေသလိုလိုပြုမူဆက်ဆံနေကာ ယူကေရဲ့သိက္ခာကိုချနေသလိုလိုဖြစ်နေခဲ့တာပါ။

 

ဒီကိစ္စမှာ ယူကေဝန်ကြီးချုပ်ဖြစ်တဲ့ Boris Johnson ဟာ စားပွဲပေါ်ကို ခြေထောက်မတင်ခဲ့ဘူးလို့ပြောနေတာမဟုတ်ပါဘူး။ တကယ်လည်း ခြေထောကတင်ခဲ့ပါတယ်။ ဒါပေမဲ့ စက္ကန့်ပိုင်းမှ စက္ကန့်ပိုင်းသာသာလေးပါ။ အမှန်ကတောာ့ Boris Johnson နဲ့ ပြင်သစ်သမ္မတတို့ဟာ အချင်းချင်း ရယ်မောပျော်ရွှင်စွာ စကားလက်ဆုံကျနေခဲ့ကြတာပါ။ သူတို့ရှေ့မှာရှိနေတဲ့ထိုင်ခုံလေးဟာ ပုပုသေးသေးလေးမလို့ ခြေတင်လုပ်ရင် အဆင်ပြေလောက်မယ်ဆိုပြီး နှစ်ယောက်သားထောက်ခံကာ စကားပြောနေခဲ့ကြတာပဲဖြစ်ပါတယ်။ ဒီလိုပြောနေတုန်း Boris က ခြေထောက်တင်တဲ့ပုံလှမ်းအလုပ်၊ တစ်ဖက်က ပြင်သစ်ဝန်ကြီးချုပ်ကလည်း စားပွဲလေးရဲ့ခြေထောက်ကို လှမ်းကိုင်အကြည့် ပုံတွေတဖျတ်ဖျတ်ရိုက်လိုက်ကြတာပဲဖြစ်ပါတယ်။ Boris က သူ့လုပ်ရပ်ကို မီဒီယာကလူတွေကိုတောင် အားနာသောအားဖြင့် ခြေထောက်ကို ချက်ချင်းပဲပြန်ရုတ်လိုက်ပြီး လက်ကလေးလှမ်းကာပြခဲ့တာကိုတော့ ဒီဗီဒီယိုထဲမှာ မြင်ပါလိမ့်မယ်။ ပြင်သစ်သမ္မတကတော့ ဘာဖြစ်သွားမှန်းတောင် သိလိုက်တဲ့ပုံမပေါ်ပါဘူး။

READ
ကားပေါ်ကနေလွင့်ကျသွားတဲ့ ပိုက်ဆံတွေကို ပြန်လာပေးဖို့ တောင်းဆိုနေတဲ့ ရဲအဖွဲ့ဝင်များ

 

ပြင်သစ်သမ္မတနဲ့တွေ့ဆုံတာဟာ ပုဂ္ဂိုလ်ရေးရာ ခင်မင်တဲ့သဘောနဲ့တွေ့တာမဟုတ်ဘဲ မီဒီယာတွေရှိနေခဲ့လို့ ဆင်ခြင်ရမယ်ဆိုတာကိုတော့ Boris Johnson တစ်ယောက် မေ့နေပုံပါပဲ။

READ
(၂၄)နာရီအတွင်း ထိုင်းဘောလုံးအသင်းကလေးတွေ အသက်ရှင်နိုင်နှုန်းရှိ၊မရှိ သိရမည်ဟုဆို

Penny

SHARE