ချစ်သူတွေ ဖြစ်သွားကြတဲ့ Gay ကြိုးကြာစုံတွဲ၊ တိရစ္ဆာန်ရုံထဲမှာ အပျော်ထူးနေကြ

Denver Zoo Facebook

အမေရိကန်၊ ကိုလိုရာဒိုပြည်နယ်က နာမည်ကျော် တိရစ္ဆာန်ဥယျာဉ်တစ်ခုဖြစ်တဲ့ ဒန်ဗာတိရစ္ဆာန်ရုံမှာ Gay စိတ်ပေါက်နေတဲ့ ကြိုးကြာနှစ်ကောင် ရှိပါသတဲ့။ တစ်ကောင်ကတော့ Lance Bass လို့ အမည်ရပြီး အခြားတစ်ကောင်ကတော့ Freddie Mercury လို့ အမည်ရပါတယ်။ 

 

“It's a beautiful day, the sun is shining, I feel good, and no one's gonna stop me” ☀#MercuryMotivation

Posted by Freddie Mercury on Monday, March 11, 2019

သူတို့ နှစ်ကောင်သားဟာ လိင်ကွဲတွေကို စိတ်မဝင်စားဘဲ ခပ်ကင်းကင်း နေတာကြောင့် Gay စိတ်ပေါက်နေကြသူတွေလို့ ကောက်ချက်ချခဲ့ပါတယ်။ ထင်တဲ့အတိုင်းပါဘဲ၊ သူတို့နှစ်ကောင်ဟာ ကနဦးတုန်းက တစ်ခြား ကြိုးကြာမ ချောချောလေးတွေကို စိတ်မဝင်စားသလို၊ သူတို့အချင်းချင်း ရှိတယ်လို့တောင် မထင်ပါဘူး။

ဒါပေမယ့် ကာလကြာလာတဲ့အခါ သူတော်အချင်းချင်း သတင်းလွေ့လွေ့ ဖြစ်ပြီး အခုဆိုရင် Bass နဲ့ Freddie က စုံတွဲတွေ ဖြစ်နေကြပါပြီလို့ တိရစ္ဆာန်ရုံတာဝန်ရှိသူတွေက အတည်ပြုခဲ့ပါတယ်။ အခုဆို သူတို့ချစ်သူသက်တမ်းက (၅)နှစ်တောင် ရှိနေပါပြီတဲ့။

Bass ကတော့ ချီလီကြိုးကြာနီမျိုးဖြစ်ပြီး၊ Freddie ကတော့ အမေရိကန်ကြိုးကြာနီပါ။ Freddie ကတော့ ဒန်ဗာတိရစ္ဆာန်ရုံကို (၁၉၇၈)ကတည်းက ရောက်လာခဲ့သူဖြစ်ပြီး၊ Bass ကတော့ (၂၀၀၁)ခုနှစ်ကမှ ဒီကို ရောက်လာခဲ့တာပါ။ Freddie ဟာ Bass ကို မတွေ့ခင်မှာ မျိုးတူအမေရိကန်ကြိုးကြာမလေးနဲ့ ချစ်ကြိုးသွယ်ခဲ့သေးပေမယ့် ကြာရှည် မတည်မြဲခဲ့ပါဘူး။

Did you know that Denver Zoo is home to a same sex flamingo couple? Chilean flamingo Lance Bass and American flamingo…

Posted by Denver Zoo on Tuesday, June 11, 2019

ပြီးခဲ့တဲ့ ဇွန်(၁၁)ရက် အင်္ဂါနေ့က Denver PrideFest တွေ့ဆုံပွဲပြုလုပ်ခဲ့ပြီး၊ ဒန်ဗာအခြေစိုက် LGBTQ တွေရဲ့ အောင်ပွဲခံမှု အခမ်းအနားတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီမတိုင်ခင် လေးရက်အလိုမှာပဲ ဒန်ဗာတိရစ္ဆာန်ရုံတာဝန်ရှိသူတွေက သူတို့တိရစ္ဆာန်ရုံက သက်တော်ရှည် လိင်တူစုံတွဲရဲ့ ဓာတ်ပုံတွေကို မျှဝေခဲ့ကြောင်း သိရပါတယ်။

သူတို့တစ်တွေဟာ Gay ဟုတ်တယ်မဟုတ်ဘူး ဘယ်လိုခွဲသလဲဆိုပြီး မေးထားသူအတွက် ဖြေကြားချက်ကတော့ “ ကျွန်မတို့ ငှက်အုပ်ကြီးကို ရွေးချယ်စရာတွေ အများကြီး ပေးထားတယ် … သူတို့ဟာ ဒီနည်းလမ်းအတိုင်း ကြိုးကြားကျွန်းပေါ်မှာ အံ့မခမ်းမှုတွေနဲ့အတူ .. အသိုက်တွေ ဆောက်ကြတယ် … ဘယ်သူက သင့်တော်မလဲဆိုတာ သူတို့အချင်းချင်း ရွေးကြတယ် … ဒီကြိုးကြာနှစ်ကောင်ကတော့ သူတို့ဘာသာ အတူတူ အသိုက်ဆောက် အတူတူနေကြတယ် .. တစ်ခြား ကြိုးကြာတွေနဲ့ မတူဘူး ”လို့ နာမည်ကျော် အွန်လိုင်းသတင်းဌာနတစ်ခုဖြစ်တဲ့ Unilad က ဖော်ပြခဲ့ပါတယ်။

လင်းသူရိန် (Shwemom)

SHARE