အပြင်မထွက်ရလို့ အခန်းချင်းပြတင်းပေါက်ကနေ တင်းနစ်ရိုက်နေကြတဲ့သူနှစ်ယောက်

[email protected]

လက်ရှိ ကမ္ဘာတစ်ဝှမ်းမှာ ဖြစ်ပွားနေတဲ့ COVID-19 ကူးစက်ရောဂါကိုတော့ လူတိုင်းနီးပါး သိကြမှာဖြစ်ပါတယ်။ လက်ရှိမှာ ကာကွယ်ဆေးမပေါ်သေးတာကြောင့် ရောဂါဖြစ်ပွားတဲ့ နိုင်ငံတိုင်းလိုလိုက လူတွေဟာ အိမ်ထဲက အိမ်အပြင်ကို မထွက်ရဲကြပဲ အိမ်ထဲမှာပဲ နေနေရပါတယ်။ ဒီလို COVID-19 ဖြစ်ပွားနေတဲ့ နိုင်ငံတွေထဲမှာ အီတလီနိုင်ငံကလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။

ဒါပေမဲ့ အီတလီနိုင်ငံငက လူတွေကတော့ တော်တော်ပျော်တတ်တဲ့လူတွေလို့ ပြောရပါမယ်။ ဘာကြောင့်လဲဆိုတော့ အိမ်ထဲက အိမ်အပြင် မထွက်ရတဲ့ကြားထဲက အိမ်မှာပဲ နေပြီးတော့ အပျော်တွေကို ရှာတတ်ကြပါတယ်။ ဝရံတာမှာ ထွက်ပြီး ဂစ်တာတီးတဲ့သူတွေနဲ့၊ သီချင်းဆိုတဲ့သူတွေနဲ့၊ ဒီဂျေတီးတဲ့သူတွေနဲ့ ကိုယ့်ဟာကို ပျော်စရာကို ဖန်တီးပြီး ပတ်ဝန်းကျင်ကိုလည်း ဖျော်ဖြေပေးကြပါတယ်။ အခုကပျော်တဲ့ နောက်တစ်နည်းကတော့ အီတလီနိုင်ငံသား နှစ်ဦးဟာ ဘေးချင်းကပ်ရပ် ပြတင်းပေါက်ကနေပြီးတော့ တင်းနစ်ရိုက်နေတာဖြစ်ကြောင်း Story Pick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

READ
ဆေးလိပ်ဖြတ်တဲ့ ဝန်ထမ်းတွေကို အပိုဆုကြေးနဲ့ အားလပ်ရက်ပိုပေးတဲ့ ဂျပန်ကုမ္ပဏီ
[email protected]

ဗီဒီယိုထဲမှာတွေ့ရတဲ့အတိုင်း အီတလီနိုင်ငံသားနှစ်ဦးဟာ ဘေးချင်းကပ်တိုက်ခန်းမှာနေပြီး ပြတင်းပေါက်ကတစ်ဆင့် တင်းနစ်ဘောလုံးကို အချိန်တော်တော်ကြာ အောက်မကျပဲ ရိုက်နေကြတာ ဖြစ်ပါတယ်။ ဒီလို ရိုက်တတ်ဖို့ဆိုတာလဲ တော်ရုံ ကျွမ်းကျင်မှုနဲ့ မရပါဘူး။ တကယ်ကို ကြံကြံဖန်ဖန် ပျော်တတ်တဲ့ အီတလီနိုင်ငံသားတွေပါပဲ။

Pyi Hein Kyaw

SHARE