ခဲတံနဲ့ ဆွဲထားတယ်လို့ကို လုံးဝ ထင်ရက်စရာမရှိတဲ့ ဘရာဇီး Artist ရဲ့ လက်ရာများ

Image:IG/Sheila R. Giovanni

ကမ္ဘာပေါ်မှာ အနုပညာကျွမ်းကျင်တဲ့ ပညာရှင်တွေ အများကြီး ရှိပါတယ်။အဲ့ဒီအထဲမှာတော့ ဘရာဇီး Artist ဖြစ်တဲ့ Sheila R. Giovanni ကလည်း တစ်ယောက် အပါအ၀င်ပါ။သူမက တော့  အ သေးစိတ် အနုစိတ် ကျ လွန်းတဲ့ လက်ရာ တွေ ကို ဖန်တီး ရေး ဆွဲ ခဲ့တာပါ။ဓါတ်ပုံ တွေ လို့ တောင် ထင်မှားရ လောက် တဲ့ အထိ သူ့ရဲ့ ခဲတံ နဲ့ ရေး ဆွဲ တဲ့ လက်ရာ တွေ က ပြောင်မြောက် လွန်း နေတာပါ။ဒီအ ကြောင်းကိုတော့ odditycentral မှာ ဖော်ပြထား တာပါ။

Sheila R. Giovanni က တော့ ရောင်စုံ ခဲတံ တွေ ကို သုံးပြီး ဒီလို လက်ရာ တွေ ကို ဖန်တီး တာပါ။ဘယ် လောက် ထိ အ သေးစိတ် အနုစိတ် ကျ သလဲ ဆိုတာကိုတော့ သူ့ရဲ့ လက်ရာ တွေ ကို ကြည့်ရင် သိနိုင်ပါတယ်။ပုံ တစ်ပုံ ဆွဲ ဖို့ ဆိုရင် တော့ နာရီ တစ်ရာ လောက် အချိန် ပေး ရတယ်လို့ ဆိုပါတယ်။

 

View this post on Instagram

 

#artvsartist ✏❤

A post shared by Sheila R Giovanni (@sheilargiovanni_artes) on

မျက်လုံး ၊အသား အ ရေ ၊ကာလာ အ ရောင် တွေ ကို သေချာ တွက်ဆ ချင့်ချိန် ပြီး ရေး ဆွဲ ရတာ မို့ ဒီ လောက် အချိန် ယူ ရတာပါ။သူမရဲ့ လက်ရာ တွေ က တော့ အသက် ၀င် လွန်းလို့ ခဲတံ နဲ့ ဆွဲ တယ်လို့ တောင် မထင် ရပဲ ဓါတ်ပုံ တွေ လား လို့ တောင် အားလုံးက ထင် မှား ကြ ရပါတယ်။

 

View this post on Instagram

 

Novo desenho em andamento ✍ #coloredpencil #carandache #prismacolor #fabercastell #derwent #strathmore #drawings

A post shared by Sheila R Giovanni (@sheilargiovanni_artes) on

Sheila R. Giovanni က တော့ သူမရဲ့ လက်ရာ တွေကို IG မှာ တင်ရင်း အခုဆိုရင် Follower တွေ အများကြီး ပိုင် ဆိုင် နေပါပြီ။သူမရဲ့ အ ကောင့်မှာတော့ အခုဆိုရင် Follower (244 K) အထိ ရှိ နေပါပြီ။ပုံတစ်ပုံ ကို သူ မ ဘယ် လို ဖန်တီး လဲ ဆိုတာကို  ဖော်ပြထားတဲ့ ဗီဒီယိုဖိုင် လေးတွေ လည်း သူမရဲ့ အ ကောင့်မှာ ဝေမျှ ထားပါတယ်။ အွန်လိုင်း Class လည်း ဖွင့်ပြီး သင် ကြား ပေး နေပါတယ်။

#SHWEMOM

SHARE