WWE ကနေ အနားယူတော့မယ့်အကြောင်း ပရိသတ်တွေကို ပြောပြခဲ့တဲ့ The Undertaker

[email protected]

WWE နပန်းလောကဟာ တစ်ချိန်တုန်းက ကိုယ်တွေအကြိုက်ဆုံး တီဗ္ဗီအစီအစဉ်တစ်ခု ဖြစ်ခဲ့ရုံသာမက WWE နပန်းသမားတွေဟာလည်း ကိုယ်တွေရဲ့ စူပါဟီးရိုးတွေ ဖြစ်ခဲ့ဖူးပါတယ်။ Shawn Micheal ရဲ့ အသည်းကွဲကန်ချက်၊ John Cena ရဲ့ You can’t see me တိုက်ကွက်၊ 619 ရဲ့ လေပေါ်ပျံအကွက်တွေ၊ The Undertaker ရဲ့ Smart အကွက်တွေ အစရှိတဲ့ တိုက်ကွက်တွေဟာ ပြန်စဉ်စားကြည့်ရင် မနေ့တစ်နေ့ကလိုပါပဲ။

ဘယ်လောက်ပဲ ကြိုက်ကြိုက် အသက်ကြီးလာမှ သူတို့ချနေတာ တစ်ကယ်ချနေတာ မဟုတ်မှန်း သိခဲ့ရတာပါ။ ဒါပေမယ့်လည်း WWE နပန်းသမားတွေဟာ တစ်ယောက်နဲ့တစ်ယောက် တစ်ကယ်အနာခံပြီး ချနေရတာပါပဲ။ နံရိုးကျိုးတဲ့ လူတွေ၊ ခြေထောက်မသန်တော့တဲ့လူတွေ၊ ကိုယ်လက်အင်္ဂါထိခိုက်သွားတဲ့လူတွေ အများအပြားပါပဲ။အခုလည်း ဒီလောကကြီးထဲက Legend တစ်ဦးဖြစ်တဲ့ The Undertaker ဟာလည်း မကြာခင်အချိန်အတွင်းမှာ WWE လောကကနေ တရားဝင်အနားယူတော့မယ်လို့ ဖွင့်ပြောခဲ့ကြောင်း Screen Rant သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အသက် (၅၅) နှစ်ကျော် ရှိလာပြီဖြစ်တဲ့ The Undertaker ဟာ WWE နပန်းလောကထဲမှာ ကျင်လည်နေတာ နှစ်ပေါင်း ၃၀ နီးပါး ရှိနေပြီဖြစ်ပါတယ်။ The Undertaker ဟာ လွန်ခဲ့တဲ့လကစပြီး The Last Ride ဆိုတဲ့ စီးရီးကို ပြန်လည်ရိုက်ကူးနေပြီ ဖြစ်ပါတယ်။ အဲဒီစီးရီးကတော့ ၂၀၁၇ ကစပြီး The Undertaker တစ်ယောက် ယှဉ်ပြိုင်ခဲ့တဲ့ Wrestle Mania ပြိုင်ပွဲတွေရဲ့ documentary တွေကို ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။

“မကြာခင် အချိန်အတွင်းမှာ အခုလက်ရှိ ကျွန်တော်ရိုက်နေတဲ့ The Last Ride စီးရီးက ပြီးပါတော့မယ်။ အဲဒီစီးရီးပြီးသွားရင်တော့ ကျွန်တော် WWE လောကကနေ အပြီးသတ်အနားယူတော့မှာပါ။ အခုဆိုရင် ကျွန်တော့်အသက်က ၆၀ နား ကပ်လာပြီဗျ။ အရင်လို နပန်းပွဲချနေတုန်း တစ်ခုခုဖြစ်ရင် ပြန်ကောင်းလာနိုင်မယ့်အနေအထားမဟုတ်တော့ဘူး။ အခုအချိန်အထိ ကျွန်တော့်ကို အားပေးလာခဲ့တဲ့ ကျွန်တော့်ပရိသတ်တွေအကုန်လုံးစီတိုင်းကို ကျွန်တော် ကျေးဇူးတင်နေမှာပါ” လို့ The Undertaker က ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE