ခင်မင်လာတာ(၂၅)နှစ်ရှိပြီဆိုတဲ့ လူသားနဲ့ငါးရဲ့ကြားက သံသောဇဉ်

ဂျပန်နိုင်ငံ Chiba စီရင်စုTateyama ပင်လယ်အော်မှာ ဆုံတွေ့နေကျ သူငယ်ချင်းနှစ်ယောက်ရှိပါတယ်။သူတို့ကတော့ ရေငုပ်သမား Hiroyuki Arakawa  နဲ့Yoriko လို့ခေါ်တဲ့ Asian sheepshead wrasse ငါးတို့ပါ။တိရစ္ဆာန်နဲ့လူသားဆိုတဲ့ ဘ၀ချင်းတော့ မတူပေမယ့် သူတို့နှစ်ဦး တွေ့ ဆုံ ခင်မင်ခဲ့လာတာ(၂၅)နှစ်ရှိပါပြီ။တစ်ယောက်ဆီတစ်ယောက်အပြန်အလှန် အလည်သွားနေကြတာပါ။

Yoriko-and-Hiroyuki-friendship3

Arakawa ဟာ လွန်ခဲ့တဲ့(၂၅)နှစ်လောက်က Tateyama ပင်လယ်အော် ရှိ၊ ရေအောက် Shinto  ဗိမာန်ကို သွားချင်တဲ့ ခရီးသွားဧည့်သည်တစ်ဦးကို ဧည့်လမ်းညွှန်အဖြစ်လုပ်ပေးရင်းနဲ့ငါးတစ်ကောင်နဲ့ဆုံခဲ့တာပါ။သူကခေါ်လိုက်ပြီဆိုတာနဲ့ အဲ့ဒီငါးတစ်ကောင်က သူ့ဆီကိုလာပြီး နှုတ်ဆက်ခဲ့ပါတယ်။တူ တစ်  ချောင်းနဲ့ သတ္တုပစ္စည်းတစ်ခုခုကို ခေါက်လိုက်၊ထုလိုက်တာနဲ့ အဲ့ဒီငါးက သူ့ဆီအပြေးလာနှုတ်ဆက်တာပါ။သူငယ်ချင်းဖြစ်တာကြာပြီးနောက်မှာတော့ ငါးရဲ့နာမည်ကို Yoriko လို့ အမည်ပေးခဲ့ပါတယ်။

Yoriko-and-Hiroyuki-friendship2

ရေငုပ်တဲ့ပစ္စည်းတွေရောင်းတဲ့ဆိုင်ဖွင့်ထားတဲ့ Hiroyuki ဟာ သူငယ်ချင်းငါးနဲ့ သူ့အကြောင်းကို မှတ်တမ်းရိုက်ကူးပြီးFacebook ပေါ်တင်ခဲ့ပါတယ်။ဓါတ် ပုံတွေကိုတော့ Shinto ရေအောက်ဗိမ္မာန်အနီးမှာရိုက်ကူးခဲ့တာ ပါ။

READ
မကြုံစဖူး တရုတ်နိုင်ငံမှာ တွေ့ရတဲ့ ငါးတစ်ပိုင်းငှက်တစ်ပိုင်း သတ္တဝါ

url.php

နောက်ပိုင်း မှာတော့ သူတို့နှစ်ဦးကြားက သံယောဇဉ်ဟာ ခရီးသွားဧည့် သည်တွေကို စွဲဆောင်တဲ့ အရာတစ်ခုဖြစ်လာခဲ့ပြီး၊လူသားနဲ့ငါးတို့ အတူဆုံတွေ့နေပုံကို ကိုယ်တိုင် ကိုယ်ကျမြင်ချင်လို့ ရေငုပ်သင်တန်းဖွင့်ဖို့ အစီအစဉ်ရှိ၊မရှိမေးမြန်းတဲ့ သူတွေလည်း များလာတယ်လို့သိရပါတယ်။

Ref;odditycentral

SHARE