စားနေတဲ့ပန်းကန်ထဲ အသားတွေ့လို နာမည်ပျက်နေတဲ့ သတ်သတ်လွတ်ဘလော့ဂါ

သက်သက်လွတ်စားတယ်ဆိုတာဆိုတာက အင်မတန် ခက်ခဲတဲ့ အကျင့်တစ်ခုပါ။ ကိုယ် စိတ်နှစ်ပါးလုံး တော်ရုံ ကြံ့ခိုင်ရုံနဲ့ မရဘူး။ တစ်ချို့က ကျန်းမာရေး အကြောင်းကြောင်းကြောင့် သက်သက်လွတ်စားတယ်၊ တစ်ချို့က လူမျိုး၊ ထုံးတမ်းအစဉ်အလာတွေနဲ့ လိုက်ပြီး အသား ထွက်ကုန်တွေကို ရှောင်ကြတာမျိုးလည်းရှိတယ်။

ဒီလို သက်သက်လွတ်တွေရဲ့ ကမ္ဘာမှာလည်း ဒရာမာအပြင်းစား တစ်ချို့ရှိနေပြီး အားလုံးအပေါ် သက်ရောက်မှုတွေရှိနေပါတယ်။

YouTube ပေါ်က ပရိသတ် (၂.၅) သန်းရှိတဲ့ Yovana Mendoza ဆိုတဲ့ သက်သက်လွတ်စားတဲ့ နေထိုင်မှုပုံစံနဲ့ နာမည်ကြီးသူဟာ ပြီးခဲ့တဲ့လက ဘာလီကျွန်းကို အလည်အပတ်ထွက်ခဲ့ပါတယ်။ သူမက အင်္ဂလိပ်၊ စပိန်ဘာသာ နှစ်ဘာသာနဲ့ ပိုစ့်တင်တဲ့ Rawvana ဆိုတဲ့ အင်စတာဂရမ် အကောင့်နာမည်နဲ့လည်း လူသိများသူပါ။

အင်စတာဂရမ်မှာဆို ပရိသတ် (၁.၃) သန်းရှိသူမက အနေအထားတစ်ခုရှိတဲ့ ဆိုရှယ် influencer ဆိုလည်း ဟုတ်ပါတယ်။ သူမက ဘစ်ကနီလေးဝတ်ပြီး ဇိမ်ဇံ ရေကူးကန်မှာ ပျော်ရွှင်နေတဲ့ ပုံကို တင်ခဲ့ပြီး ပရိသတ်မေတ္တာကို ခံယူခဲ့ပါတယ်။ ပေးချင်တဲ့ အကြောင်းအရာကလည်း ကျန်းမာကြံ့ခိုင်ပြီး ခပ်ဟော့ဟော့ဖြစ်ချင်ရင် တစ်ခုတည်းသော လိုအပ်ချက်က စစ်မှန်တဲ့ သက်သက်လွတ်သမား တစ်ယောက်ဖြစ်ဖို့ ဆိုတာပါပဲ။

READ
အရိုးအဆစ်ရောင်ယမ်းတာကိုလျော့ပါးသက်သာစေတဲ့ မုန့်ဖုတ်ဆိုဒါ
instagram

သိပ်မကြာပါဘူး… ကိုလံဘီယာ influencer တစ်ယောက်ဖြစ်တဲ့ Paula Galido က Rawvana တစ်ယောက် နေ့လည်စာ စားနေတဲ့ ဗီဒီယိုကို တင်ခဲ့ပါတယ်။ အဲ့ဒီ့မှာ ကြည့်ရှုသူတွေက အသက် (၂၈) နှစ်အရွယ် သတ်သတ်လွတ်သမားရဲ့ ပန်းကန်ထဲမှာ ငါး ဟင်းတစ်မျိုးကို တွေ့လိုက်ခဲ့ကြတယ်။

ဒီ အဖြစ်အပျက်ပြီးတဲ့နောက် ချက်ချင်းဆိုသလိုပဲ Rawvana ရဲ့ ပြန်ဖြေရှင်းတဲ့ ပိုစ့်တစ်ခုတက်လာခဲ့ပြီး သူမဟာ ဆရာဝန်ရဲ့ အကြံပြုချက်အရ ဥတွေနဲ့ ငါးကို စားနေရတာ နှစ်လခန့် ရှိနေပြီး ဖြစ်ကြောင်း ပရိတ်သတ်ကို ရှင်းပြခဲ့တယ်။ သူမဟာ ဓမ္မတာ မမှန်တာ၊ သွေးအားနည်းတာနဲ့ ပြင်းထန်းတဲ့ သိုင်းရွိုက် အခြေအနေရှိနေတာကြောင့် အခုလို အစားအသောက် ပုံစံကို ပြောင်းလဲထားရတယ်လို့ ပြောပါတယ်။

instagram

နောက်ပြီး အူလမ်းကြောင်မှာ ပိုးပေါက်ဖွားတာကြောင့်နဲ့ ပတ်သက်ပြီး ဖြစ်လာတဲ့ စိုးရိမ်ဖွယ် ကိစ္စတွေရှိသလို အဲ့ဒီအခြေအနေက အာဟာရချို့တဲ့ခြင်းဆီ ဦးတည်နိုင်ကြောင်း သိရပါတယ်။

အဲ့ဒီလို ဖြေရှင်းမှုအပြီးမှာ ဆိုရှယ်မီဒီယာပေါ်ရှိ တခြားသော သတ်သတ်လွတ်သမားတွေက သူမကို အပြင်းအထန် ဝေဖန်ကြသလို အမျက်ဒေါသပါတဲ့ မှတ်ချက်တွေကို ထောင်နဲ့ချီ ရရှိခဲ့ကြောင်း၊ လူလိမ်ဟု တစ်ချို့က ခေါ်ဝေါ်ခဲ့ကြကြောင်း Washington Post ရဲ့ ဖော်ပြချက်များအရ သိရပါတယ်။

https://www.instagram.com/p/BujbS2-nOqu/?utm_source=ig_embed

ဒီလိုဖြစ်တာ Rawvana တစ်ယောက်တည်းမှ မဟုတ်ပါဘူး။ ဆရာဝန်ရဲ့ တိုက်တွန်းချက်၊ ကျန်းမာရေးလိုအပ်ချက်တွေကြောင့်နဲ့ အသားပြန်စားရတဲ့ သတ်သတ်လွတ်စားတဲ့ ဘလောဂ့်ဂါ တော်တော်များများရှိပါသေးတယ်။ ဒီလိုတွေ ဖြစ်ပျက်ပြောင်းလဲလာတာတွေကြောင့်နဲ့ သတ်သတ်လွတ်သမားတွေရဲ့ လောကက စတင်ယိမ်းထိုးလာနေပါတယ်။

၂၀၁၄ ခုနှစ်တုန်းက စာရေးဆရာ၊ ဘလော့ဂ်ဂါတစ်ယောက်ဖြစ်တဲ့ Jordan Younger ဆိုတဲ့ အမျိုးသမီးဟာ သူမ အနေနဲ့ မှားယွင်းတဲ့ စားသောက်ပုံကြောင့် ဒုက္ခဝေဒနာခံစားနေခဲ့ရပြီး ပြန်ကောင်းဖို့အတွက် သက်သက်လွတ် ဘ၀ကို စွန့်လွှတ်လိုက်ရကြောင်း ထုတ်ဖော်ခဲ့ပါတယ်။ The Blonde Vegan လို့ ထင်ရှားတဲသူမဟာ အစွဲကြီးပြီး ရန်လိုတဲ့ သက်သက်လွတ်သမားတွေရဲ့ အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေကိုပါ ကြုံတွေ့ခဲ့ရသလို၊ အွန်လိုင်းမှာဆိုလည်း ပယ်ပယ်နယ်နယ် သရော်ခံရပါတယ်။ ရဲမှုရဲခင်းတွေတောင် ရှိခဲ့တယ်လို့ သူမက မနှစ်က ပြန်လည်ပြောပြခဲ့တယ်။

instagram

မတ်လတုန်းက Minimalist Baker ဆိုတဲ့ သတ်သတ်လွတ် ဟင်းလျာနည်းနာတွေကို မျှဝေတဲ့ ဘလောဂ့်ဂါ Dana Shultz ရဲ့ ခံဝန်ချက်ကြောင့် တော်တော်လေးဂယက်ထသွားခဲ့သေးတယ်။ အင်စတာဂရမ် ပရိတ်သတ် (၁.၅) သန်းရှိတဲ့ သူမက ရေရှည်မှာ ရာနှုန်းပြည် သတ်သတ်လွတ် စားနိုင်တော့မှာ မဟုတ်ကြောင်း ပြောခဲ့တာဖြစ်ပါတယ်။

READ
မိန်းကလေးအများစုကြိုက်ကြတဲ့ ချီးမွမ်းစကား (၅)ခွန်း

ဆိုရှယ်မီဒီယာဟာ အားလုံးရဲ့ စိတ်ရောဂါကို တစ်နည်းမဟုတ် တစ်နည်းနဲ့ ထိခိုက်စေတယ်ဆိုတာကို အားလုံးသိကြပါတယ်။ ဒီလိုမျိုး စိတ်မချမ်းမြေ့ဖွယ်ရာ အခြေအနေတွေ ရှိနေတဲ့ အဖြစ်တွေက လူတစ်ယောက်ရဲ့ ကောင်းမွန်တဲ့ ဖြစ်တည်ခြင်းမှာ များစွာသော သက်ရောက်မှုဆိုးတွေရှိစေပါတယ်။

မှားယွင်းတဲ့ လိုက်ဖ်စတိုင်ရွေးချယ်ကြောင့် ဒုက္ခရောက်နေတဲ့ ဘလော့ဂ်ဂါတွေ အင်စတာဂရမ်မာတွေမှ အများကြီးပါ။ ဒါကြောင့် ခြောက်လလောက် လေ့လာပြီ ပေ့ခ်ျဖွင့်တဲ့ သူတွေကို လိုက်ကြည့်နေမယ့်အစား ကိုယ်လိုက်စားမယ့် နယ်ပယ်မှာ နှစ်ပေါင်းများစွာလေ့လာ ကျင်လည်ပြီးတဲ့သူတွေရဲ့ အသံတွေကို နားထောင်တာကို ပိုကောင်းတယ်ဆိုတာ အကြံပြုဖော်ပြပေးလိုက်ရပါတယ်။

Ref: News.com.au

Matthew (ShweMOM)
SHARE