ကျား/မ တန်းတူ အခွင့်အရေးအတွက် ကိုယ်တိုင် ဘတ်စ်ကားမောင်းပြခဲ့တဲ့ MD အမျိုးသမီး

Twitter/BMTC

ဟိုးအရင်ကတည်းက အိန္ဒိယနိုင်ငံဟာ အမျိုးသမီးတွေကို အမျိုးသားများနဲ့တန်းတူ အခွင့်အရေးမပေးခဲ့တာကြာပါပြီ။ ၂၀၁၅နောက်ပိုင်းမှာ စတင်ပြီး အိန္ဒိယစစ်တပ်မှာ အမျိုးတွေကိုယ်တိုင်ဝင်ရောက်စစ်မှုထမ်းနိုင်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ အိန္ဒိယအမျိုးသမီးတွေအတွက် အလုပ်အကိုင်အခွက့်အလမ်းတွေ စတင်ပေါ်ပါက်လာပြီး အခုအခါမှာလည်း အမျိုးသမီးတွေဟာ ဘတ်စ်ကားမောင်းနှင်နိုင်ကြောင်း အိန္ဒိယအမျိုးသမီးတစ်ဦးမှ သူကိုယ်တိုင် ဘတ်စ်ကားမောင်းနှင်ပြခဲ့တဲ့ ဗီဒီယိုဖိုင်ဟာ အိန္ဒိယနိုင်ငံမှာ တော်တော်ရေပန်းစားနေကြောင်း Story Pick သတင်းမီဒီယာရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

အခုမှစတင်ပြေးဆွဲမယ့် Bengaluru Metropolitan Transport Coporation(BMTC)ယာဉ်လိုင်းမှ Volvo ဘက်စ်ကားတွေ မောင်းနှင်ဖို့ ယာဉ်မောင်း ၁၄,၀၀၀ကျော် လိုအပ်နေကြောင်း News 18 သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ အဆိုပါယာဉ်မောင်းဆွေကို ကျား/မ မခွဲထားကြောင်း ကြေညာချက်ထုတ်ပြန်ထားတာကို အိန္ဒိယလူထုအား ပိုမိုသိရှိစေရန်အတွက် အမျိုးသမီးတစ်ဦးဟာ သူမကိုယ်တိုင် Volvo ဘက်စ်ကားကို မောင်းနှင်ပြပြီး လူမှုကွန်ယက်ပေါ်တင်ခဲ့ပါတယ်။

READ
ကမ္ဘာအရပ်ရပ်မှာရှိတဲ့ နိုင်ငံတွေရဲ့ မတူညီတဲ့ကျောင်းယူနီဖောင်းများ
[email protected] Reddy
[email protected]
[email protected] Rao

ထိုအမျိုးသမီးဟာ တစ်ခြားသူမဟုတ်ပါဘူး။ BMTC ရဲ့ မန်နေးဂျင်းဒါရိုက်တာ တစ်ဦးဖြစ်သူ C Shikha ပဲ ဖြစ်ပါတယ်။ ဒီလိုမျိုး ဘက်စ်ကားတစ်စီးကို အိန္ဒိယအမျိုးသမီးကိုယ်တိုင်မောင်းနှင်တယ်ဆိုတာ ဒါပထမဆုံးအကြိမ်ဖြစ်ကြောင်း TOIသတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ အဆိုပါဗီဒီယိုကို လူမှုကိုယ်ယက်ပေါ်တင်ပြီးနောက် လူတော်တ်ေများများက ကြိုက်နှစ်သက်ကြောင်း မှတ်ချက်ပေးသွားခဲ့ပါတယ်။

Twitter/BMTC

Pyi Hein Kyaw

SHARE