ရေတွေက အောက်ကနေအထက်ဖက်ကို စီးဆင်းနေတဲ့ ဗီဒီယိုဖိုင်

Twitter/severe-weather.EU

သဘာဝတရားရဲ့အလှဟာ စိတ်ကူးယဉ်အလှထက် ပိုခမ်းနားကြတယ်လို့ တော်တော်များများကပြောကြပါတယ်။ ဒါပေမယ့် သဘာဝတရားအလှက စိတ်ကူးယဉ်ထားတဲ့ အလှတရားထက် လက်တွေ့မှာ တကယ်လှပနေရင်တော့ လူတွေအတွက် ယုံကြည်ဖို့ ခဲယဉ်းနေမှာပါပဲ။ ဒါ့ကြောင့် အဲဒီလိုအချိန်ကြရင် ပါးစပ်နဲ့ ပြောတာထက် ဗီဒီယိုနဲ့ မှတ်တမ်းတင်ထားလိုက်တာ အကောင်းဆုံးပါပဲ။

 

NDTV မီဒီယာရဲ့ဖော်ပြချက်အရ ဇန်န၀ါရီလ ၆ရက်နေ့က အသက်၄၁နှစ်အရွယ်ရှိပြီဖြစ်တဲ့ Samy Jacobsen လို့ အမည်ရတဲ့ အမျိုးသားတစ်ယောက်ဟာ Scotland နိုင်ငံ၊ Faore ကျွန်းစုကို သွားရောက်လည်ပတ်ခဲ့ပါတယ်။  အဲဒီအချိန်မှာ Samy ဟာ မယုံနိုင်စရာ အဖြစ်အပျက်တစ်ခုကို မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ အဲဒါကတော့ ပင်လယ်ထဲက ရေတွေဟာ အေက်ကနေပြီးတော့ ကျောက်ဆောင်တွေပေါ်ကို အောက်မှ အထက်သို့ စီးဆင်းနေတာပဲ ဖြစ်ပါတယ်။

READ
ထောက်လှမ်းရေးအရာရှိဆိုတဲ့လူကို လက်ထပ်ခဲ့ပြီးနှစ်အတန်ကြာမှ အဖြစ်မှန်သိခဲ့ရသူ
[email protected]

Met Office ရှိ စီနီယာ ဘူမိဗေဒပညာရှင်တစ်ဦးဖြစ်တဲ့ Greg Dewhurst ကတော့ “ရေစီးကြောင်းဟာ လြေောင်းနဲ့အတူပေါင်းသွားပြီး အောက်ကနေအထက်ဖက်ကို စီးဆင်းတာပါ။ အင်မတန်ဖြစ်ခဲလှတဲ့ အဖြစ်အပျက်တစ်ခုပါ။” ဆိုပြီး မှတ်ချက်ပေးခဲ့ပါတယ်။

[email protected]
[email protected]

Pyi Hein Kyaw

SHARE