Wuhan မြို့အတွင်း ပိတ်မိနေတဲ့ အိုင်ယာလန် ကျောင်းဆရာတစ်ဦးရဲ့ မှတ်တမ်းဗီဒီယိုများ

Youtube

လက်ရှိအချိန်အထိ  Wuhan ဗိုင်းရပ်စ်ကြောင့် သေဆုံးသွားသူဦးရေဟာ ၁၃၂ယောက်အထိရှိခဲ့ပြီး  ကူးစက်သူဦးရေဟာလည်း ၅၉၈၅ ယောက်အထိရှိခဲ့ပြီဖြစ်ပါတယ်။ သုတေသနပညာရှင်တွေဟာလည်း ဗိုင်းရပ်သတ်ဆေးကို တီထွင်ရန် အပြင်းအထန်ကြိုးစားနေကြသလို တရုတ်နိုင်ငံရှိ ဆေးရုံတိုင်းလိုလိုမှာလည်း လူနာတွေနဲ့ပြည့်နေပြီး ဆရာဝန်တွေလည်း မနားမနေကုသပေးနေရကြပါတယ်။ အဆိုဗိုင်းရပ်စ်စတင်ဖြစ်ပွားခဲ့တဲ့ Wuhan မြို့ကြီးကလည်း အခုဆိုရင် တိတ်ဆိတ်ခြောက်သွေ့နေပြီး မြို့ပျက်ကြီးနဲ့တောင် တူနေကြောင်း Wuhan မြို့အတွင်းမှာ ရိုက်ကူးထားတဲ့ ဗီဒီယိုအရ သိရှိရပါတယ်။

အဆိုပါဗီဒီယိုကို ရိုက်ကူးထားတာကတော့ Isrish ဆရာတစ်ဦးဖြစ်သူ Ben Kavanaugh ပဲဖြစ်ပါတယ်။ အထက်ပါဗီဒီယိုကတော့ Ben ဟာ စတိုးဆိုင်မှာ စားသောက်စရာတွေ သွားဝယ်နေတဲ့အချိန် Wuhan လမ်းမတစ်လျှောက်မှာ မြင်တွေ့သမျှအရာတွေအကုန်လုံးကို ရိုက်ကူးပြထားတာဖြစ်ပါတယ်။ ဒါ့အပြင် Ben ဟာ စတိုးဆိုင်မသွားခင်မှာ Mask ကိုနှစ်ထပ်အုပ်သွားပြီး လက်အိတ်တွေ၊ အင်္ကျီလက်ရှည်တွေပါ ဝတ်ဆင်ပြီး အိမ်အပြင်ကို ထွက်သွားခဲ့ပါတယ်။

READ
ကြိတ်ကြိုက်နေတာကိုဂရုမစိုက်လို့ မိန်းကလေးအိမ်ထဲ လက်ပစ်ဗုံးပစ်ထည့်ခဲ့တဲ့အမျိုးသား

နောက်ဗီဒီယိုတစ်ခုမှာတော့ စားသောက်စရာတွေ ဝယ်လာပြီးအပြန်အိမ်မှာ ချက်ပြုတ်နေတဲ့ ဗီဒီယိုပဲ ဖြစ်ပါတယ်။ ဒီလိုအစားအစာချက်ခါနီးတိုင်း လက်ကို သေချာဆေးသင့်ကြောင်းပြောခဲ့ပါတယ်။ မကြာခင်မှာလဲ British နဲ့ Irish အစိုးရတို့ဟာ Wuhan မြို့ထဲ ပိတ်မိနေတဲ့ နိုင်ငံသားတွေကို အမြန်ဆုံး ပြန်ခေါ်နိုင်ပါစေလို့ မျှော်လင့်နေကြောင်း ပြောပြခဲ့ပါတယ်။  ဗီဒီယိုရဲ့ အဆုံးသတ်မှာတော့ “ စကားမစပ်ဒီနေ့က ကျွန်တော်မွေးနေ့ဗျ။ ပိတ်မိနေတဲ့ Wuhan မြို့ထဲမှာပဲ ကိုယ်ဟာကိုယ်တစ်ယောက်တည်း ကျင်းပလိုက်တယ်။ ဘီယာကိုတော့ Corona တော့မသောက်ချင်တော့ဘူး။ အခြားဘီယာပဲ ပြောင်းသောက်လိုက်ပြီ။ Cheers!! “ လို့ Ben က ပြောရင်း အဆုံးသတ်ခဲ့ပါတယ်။

Pyi Hein Kyaw

SHARE