ခွင့်လွှတ်နားလည်ပေးခြင်းမှရရှိလာမယ့်အကျိုးကျေးဇူး(၅)ခု

ပြသနာတစ်ခုဖြစ်လာပြီဆို ခွင့်လွှတ်ပေးဖို့ နားလည်ပေးဖို့ဆိုတာ မလွယ်လှပါဘူး။ဘာဖြစ်လို့လဲဆိုတော့ လူတိုင်းမှာ ကိုယ်ပိုင်အယူအဆနဲ့ အမြင်အမျိုးမျိုးရှိနိုင်လို့ပါ။တစ်ယောက်ယောက်ကို အပြစ်တင်ကြည့်လိုက်ပါ။အပြစ်တင်ခံရတဲ့သူက သူ့လုပ်ရပ်က မမှန်ဘူးဆိုရင်တောင် သူဟာမမှားပါဘူးလို့ ကာကွယ်ပြောလာပါလိမ့်မယ်။ဒါဟာ လူ့သဘာဝပါ။သူ့ကိုယ်သူ ကာကွယ်ခြင်းက တဖက်လူကို ပြန်လည်အပြစ်တင်ရာလည်းရောက်ပါတယ်။ အဲ့ဒီလို အပြန်အလှန်အပြစ် တင်ခြင်းက  ပြသနာပြေလည်နိုင်ဖို့ အဖြေကိုရရှိဖို့ ခဲယဉ်းသွားနိုင်ပါတယ်။

ဒါကြောင့် ခွင့်လွှတ်နားလည်ပေးခြင်းက ခက်ခဲတဲ့အလုပ်ဖြစ်ပေမယ့်လည်း ရုပ်ပိုင်းဆိုင်ရာသာမက ကျန်းမာရေးရှုထောင့်အနေနဲ့ စိတ်ပိုင်းဆိုင်ရာအတွက်ပါ ကောင်းကျိုးဖြစ်နိုင်တယ်ဆိုတာကို အချက်လေးတွေနဲ့ဖော်ပြပေးချင်ပါတယ်။

  • စိတ်ဖိစီးမှုကိုလျော့ ကျစေတယ်

သင့်အနေနဲ့ ခွင့်လွှတ် နားလည်ပေးမှု တစ်ခါ ပြုလုပ်ပြီးတိုင်း သင့်ရဲ့ စိတ်ထဲမှာ ဘယ်လိုရှိနေတယ်ဆိုတာ ဒါမှမဟုတ် အဆိုးမြင်စိတ်တွေရှိနေသေးလားဆိုတာ လေ့လာဆန်းစစ်မှုပြုလုပ်ပါ။

မကြာသေးမီတာ ကျန်းမာရေးဆိုင်ရာ စစ်တမ်းတစ်ခုမှာ အရွယ်ရောက်ပြီးသား လူ သုံးရာကျော်ကို လေ့လာမှုတစ်ခုပြု လုပ်ခဲ့ရာ ခွင့်လွှတ်နားလည်ပေးခြင်းနဲ့ စိတ်ဖိစီးမှုလျော့ ကျခြင်း၊ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးတိုးတက်ကောင်းမွန်လာခြင်း နဲ့ ဆက်စပ်နေတယ်ဆိုတာလေ့လာတွေ့ရှိခဲ့ပါတယ်။တခြားလေ့လာမှုတစ်ခုမှာလည်း စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှုနဲ့စိတ်ဖိစီး မှုတွေလျော့ကျခြင်းနဲ့ အကောင်းမြင်စိတ်ရှိခြင်းကြားမှာ ဆက်နွယ်မှုရှိနေပါတယ်။သင့်မှာ အကောင်းမြင်စိတ်၊ ခွင့်လွှတ်နားလည်ပေးခြင်းမျိုးမရှိဘူးဆိုရင် အဆင်မပြေမှုတိုင်း ပြသနာတိုင်းကို လက်ခံနိုင်စွမ်းနဲ့ တွန်းလှန်ဖြေရှင်းနိုင် စွမ်းတွေ ရှိလာနိုင်မှာမဟုတ်ပါဘူး။

  • စိတ်ဓာတ်ကျခြင်း လျော့နည်းနိုင်
READ
ဒီ ဆေးနည်းလေးတွေသုံးပြီး သွားကိုက်ဝေဒနာကို ကာကွယ်ကြမယ်

ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုတစ်စုံတစ်ရာကြောင့် ဖြစ်ပေါ်လာတဲ့အကျိုးဆက်ကို သင့်အနေနဲ့ မှန်ကန်တဲ့နည်းလမ်းနဲ့ လက်ခံတုန့်ပြန်နိုင်ခြင်းမရှိဘူးဆိုရင် ၀မ်းနည်း နာကျင်မှု၊ ဒေါသထွက်ခြင်းနဲ့ စိတ်အလိုမကျမှုတွေရှိလာနိုင်ပါတယ်။ အဲဒီ ခံစားမှုတွေက ပြသနာကို ရင်ဆိုင်ဖို့ သင့်ကို အရှုံးပေး လက်လျှော့ မှုတွေနဲ့ စိတ်ဓာတ်ကျခြင်းတွေကိုဖြစ်စေတယ်ဆိုတာ သင်သတိထားမိပါရဲ့လား။ဒါကြောင့်  အနည်းဆုံး ကိုယ့်ကိုယ်ကိုယ် အကောင်းမြင်စိတ်ရှိမယ်ဆိုရင်တောင် စိတ်ဓာတ်ကျ တာတွေလျော့နည်းသွားမှာဖြစ်သလို  စိတ်လိုက်မာန်ပါ တုန့်ပြန်မှုတွေကြောင့် မလိုလားအပ်တဲ့ အကျိုးဆက်ေ တွဖြစ်လာမှာကို လည်း လျှော့ ချသွားနိုင်မှာဖြစ်ပါတယ်။

  • သင့်ရဲ့နှလုံးကိုကာကွယ်ပေးနိုင်

ခွင့်လွှတ်နားလည်ပေးခြင်း၊အကောင်းမြင်စိတ်ရှိခြင်းက စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်၊ စိတ်ဖိစီးမှုတွေကို လျော့ကျစေနိုင် တယ်ဆိုတာ သင်အနေနဲ့ သိပြီးဖြစ်မှာပါ။အကောင်းမြင်စိတ်ရှိခြင်းကြောင့် သင့်နှလုံးက ဒေါသထွက်မှု၊ ၀မ်းနည်းနာကျင်မှုနဲ့ မခံချင်စိတ်တွေအတွက် အရေးတကြီး အလုပ်လုပ်ပေးစရာမလိုတော့ပါဘူး။ဒီအတွက်ကြောင့် သင့်နှလုံးရဲ့ ကျန်းမာရေးနဲ့ နှလုံးပျက်စီးခြင်းကို ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။

shaking-hands

 

  • Relationshipကို ခိုင်မြဲစေတယ်
READ
စိတ်ကျရောဂါနဲ့ ပူပင်သောကတွေကို ဖြေလျော့ပေးမယ့် အစားအသောက် ပုံစံ (၇)မျိုး

ပြသနာတစ်ခုမှာ သင့်ဘက်က အလျှော့ပေးလိုက်ခြင်းအားဖြင့် ပြသနာပြေလည်ဖို့ ခရီးတစ်ဝက်ရောက်နေပြီလို့ပြောလို့ ရပါတယ်။အလွန်ခင်မင်ရင်းနှီးတဲ့ သူတွေကြားမှာတောင် နားလည်မှုလွဲတာ၊ ခံယူချက်ကွဲလွဲနေတာတွေရှိတတ်ပါတယ်။ ဒါကြောင့် အမြင်အမျိုးမျိုးရှိနိုင်တယ်ဆိုတာကို မမေ့ပါနဲ့။သူ့ဘက် ကိုယ့်ဘက်အမြင်ကိုမျှမျှတတထည့်သွင်းစဉ်း စားပေးခြင်းအားဖြင့် win-win situation ကိုရရှိမှာဖြစ်ပြီး relationshipကို ခိုင်မြဲစေမှာဖြစ်ပါတယ်။

  • စိတ်ရှည်သည်းခံနိုင်မှုကိုတိုးတက်စေနိုင်

အကောင်းမြင်စိတ်ရှိခြင်းနဲ့ ခွင့်လွှတ်နားလည်ပေးခြင်းတို့က သင့်ရဲ့စိတ်ရှည်သည်းခံနိုင်မှုကို တိုးတက်စေမှာဖြစ်ပါတယ်။ အကျိုးဆက်ကတော့ ပြသနာတစ်ခုကို အမှားအနည်းဆုံးနည်းလမ်းနဲ့ အေးဆေးတည်ငြိမ်စွာဖြေရှင်းလာနိုင်မှာဖြစ်ပါတယ်။

တကယ်လို့ သင့်အနေနဲ့ ဒီလို ခွင့်လွှတ်နားလည်ပေးဖို့ ကိုယ့်ကိုယ်ကိုယ် လေ့ကျင့်မယူနိုင်သေးဘူးဆိုရင် သင့်ရဲ့ သည်းခံနိုင်စွမ်းဘယ်လောက်ထိ ရှိတယ်ဆိုတာကို အဆင့်သတ်မှတ်လိုက်ပါ။အဲ့ဒီနောက် ပြောချင်တာ၊ ဖြစ်ချင်တာကို စာတစ်ရွက်မှာ အရင်ချရေးလိုက်ပြီး သုံးခေါက်အနည်းဆုံးဖတ်ပါ။သင့်အနေနဲ့ ချက်ချင်းတုန့်ပြန်လိုက်တဲ့အဖြေရဲ့ မှန်ခြင်း မှားခြင်းကို ဆင်ခြင်လာနိုင်မှာဖြစ်ပါတယ်။

လူတိုင်းက ကိုယ့်ကိုယ်ကိုယ် အကောင်းဘက်ကပဲတွေးတတ်ကြပေမယ့် တစ်ဖက်လူကိုတော့ အလွယ်တကူ နားလည်ပေးလိုက်ဖို့ မစဉ်းစားမိကြပါဘူး။ဒါကြောင့် ဖော်ပြခဲ့တဲ့ အချက်လေးတွေနဲ့ ဆန်းစစ်အဖြေရှာပြီး ကမ္ဘာကြီးအ တွက် ကောင်းမွန်တဲ့ လက်ဆောင်လေးတွေပေးနိုင်ကြပါစေ။

ခြူးသစ်နွယ်@ChoChoThan(Shwemom)

SHARE