ဂျပန်မှာ ရောင်းချနေတဲ့ သာမန်မဟုတ်တဲ့ ကစားစရာအရုပ်များ

ဂျပန်ရဲ့ ကစားစရာ အရုပ်ဈေးကွက်မှာ တစ်ချို့အရုပ်တွေဟာ သာမန်အရုပ်မျိုးမဟုတ်ဘဲ၊ ထူးဆန်းနေပါတယ်။ တစ်ချို့
သော အရုပ်တွေကတော့ ကလေးတွေအတွက် ရည်ရွယ်ထားတယ်ဆိုတာ မြင်သာစေနိုင်ပေမယ့် တစ်ချို့အရုပ်တွေက
တော့ အရွယ်ရောက်ပြီးသူတွေအတွက် ဖြစ်နိုင်တယ်လို့ တွေးဆမိပါတယ်။ ဒီအထဲမှာ ထူးဆန်းတဲ့ အရုပ်တွေအကြောင်းကို Shwemom ပရိသတ်အတွက် တင်ဆက်ထားပါတယ်။

(၁) အမွေးရိတ်ပေးရမယ့် အရုပ်

အောက်မှာ ဖော်ပြထားတဲ့ အရုပ်ကလေးမှာတော့ အမွေးအမျှင်တွေဟာ နေရာအနှံ့ပါဘဲ။ အရုပ်ကို ကြော်ငြာထားတဲ့ စားသားကလည်း “ကလေးကို အမွှေးအမျှင်တွေ သန့်စင်နိုင်ပါတယ် “လို့ ရေးထားပါတယ်။ Shwemom ရဲ့ ယူဆချက်အရ ဒီအရုပ်ဟာ အမွေးတွေ ရိတ်ပေးပြီး မကြာမီမှာ အမွေးတွေ ပြန်ရှည်လာအောင် စီမံထားတဲ့ အရုပ်ဖြစ်နိုင်ပါတယ်။

READ
လူသိနည်းသေးတဲ့ တကယ့်ပင်လယ်ဓားပြတို့ရဲ့ လျှို့ဝှက်ချက်များ

(၂) ကားနင်းလို့ သေသွားတဲ့ ကြောင်

အောက်မှာ ဖော်ပြထားတဲ့ အရုပ်ကတော့ ကားအနင်းခံရလို့ အူထွက်ပြီး သေနေတဲ့ ကြောင်တစ်ကောင်ပုံစံ ဖြစ်ပါတယ်။ ဘာအတွက် ရည်ရွယ်ပြီး လုပ်ထားတယ်ဆိုတာ မသိရပေမယ့် အနီးစပ်ဆုံးကတော့ ကြောင်ရှိတဲ့ အိမ်တွေအတွက် ကား စသည်တို့ အရှိန်လျှော့မောင်းဖို့ သတိထားစေနိုင်တဲ့ အရုပ်ဖြစ်မယ် ထင်ပါတယ်။

(၃) လူကြီးအတွက်လား ကလေးအတွက်လား

အောက်မှာတော့ ဂျပန်ညစ်ညမ်း ကာတွန်းဇာတ်ကားတွေမှာ ပါတတ်တဲ့ မိစ္ဆာအမျိုးသမီးအရုပ်ပုံစံ ဖြစ်ပါတယ်။ ၎င်းမှာ အမျိုးသားရဲ့ အင်္ဂါစတာတွေ တပ်ဆင်ပေးထားတာမို့ ဒီအရုပ်ကတော့ အရွယ်ရောက်ပြီးသူတွေ ကစားဖို့ ဖြစ်နိုင်ပါတယ်။

(၄) လူကြီးအတွက်ပါ

အောက်မှာ ဖော်ပြထားတဲ့ အရုပ်ကလည်း နည်းနည်း ထူးဆန်းပါတယ်။ ပူးတွဲပါ USB ကို ကွန်ပျူတာနဲ့ ချိတ်ဆက်လိုက်
တာနဲ့ အရုပ်ရဲ့မျက်လုံးက နီရဲလာပြီး မျက်တောင် တဖြတ်ဖြတ် ခတ်ပါလိမ့်မယ်။ အဲဒီနောက် ကီးဘုတ်ကနေ H ကီးကို
နှိပ်လိုက်တာနဲ့ ညစ်ညမ်းဇာတ်ကားထဲမှာ ကြားရလေ့ရှိတဲ့ အသံမျိုးစုံ ထွက်လာလိမ့်မယ်လို့ သိရပါတယ်။

READ
စတီဖန်ဟောကင်းကို ဒါဝင်၊ နယူတန်တို့နဲ့ ဘေးချင်းယှဉ်လျက် မြှုပ်နှံခဲ့

(၅) နင်ဂျာအိုဘားမား

နင်ဂျင်တွေ အခုချိန်ထိ ခေတ်မကုန်သေးတဲ့ ဂျပန်မှာတော့ နင်ဂျာအရုပ်တွေဟာ ပုံစံအမျိုးမျိုးနဲ့ ကလေးတွေအတွက် ကစားစရာအဖြစ် ရောင်းအားကောင်းနေဆဲလို့ သိရပါတယ်။ ဒီမှာတော့ ဈေးကွက်ချဲ့ထွင်တဲ့ အနေနဲ့ အိုဘားမားနင်ဂျာအရုပ်
ကို ဈေးကွက်တင် ရောင်းချနေတာပါ။ ရောင်းအား အလွန်ကောင်းတယ်လို့ သိရပါတယ်။

ညီလင်းထက် (Shwemom)

source : viralnova.com

SHARE