The Witcher Season 2 ရိုက်ကူးရေးတွေ မကြာခင် ပြန်စမည်

Image:IG/ Henry Cavill /netflix

The Witcher က တော့ ပရိသတ်တွေ ကြားမှာ နာမည်ကြီး နေတဲ့ TV စီးရီးတစ်ခုပါ။Season 1 မှာ တင် ပရိသတ် အား ပေးမှု ကို အပြည့်အ၀ ရထားတဲ့ ဇာတ်ကား ဖြစ်ပြီး Season 2 ကို ဘယ်တော့ ကြည့်ရမလဲ ဆိုပြီး အားလုံး က မျှော် နေတာပါ။အခုဆိုရင်တော့ Season2 အတွက် ရိုက်ကူး ရေး တွေကို လာမယ့် သြဂုတ်လ (၁၇) ရက်နေ့ကျရင် ပြန် စ မယ် လို့ Netflix က နေ ဇွန်လ (၂၂) ရက်နေ့က ထုတ်ပြော လိုက်ပါတယ်။ဒီသတင်းကိုတော့ Daily Mail   နဲ့ Variety မှာ ဖော်ပြ ထားတာပါ။

 

View this post on Instagram

 

ENG v TGA England V Tonga Rugby World Cup C’mon England!!! #Rugby #England #WearTheRose #RWC2019

A post shared by Henry Cavill (@henrycavill) on

Netflix က တော့ ကိုဗစ် ကြောင့် မတ်လတည်းက ရိုက်ကူးရေးတွေ အားလုံးကို ရပ်နား ထားခဲ့တာ ပါ။ “The Witcher” ကိုေ တာ့ လန်ဒန် မြို့ ပြင်ဘက်က Arborfield စတူဒီယို မှာ ရိုက်ခဲ့တာပါ။ မင်းသား Kristofer Hivju  မှာ ကိုရိုနာ Positive တွေ့  ခဲ့ပြီး နောက်မှာတော့ စတူဒီယို ကို လုံးဝ ပိတ်ချ ပစ်လိုက်ရပြီး သန့်ရှင်း ရေး တွေ ကို  သေချာ ပြန်လုပ်ခဲ့ရပါတယ်။ဒီလို အ နေ အထားတွေ ကို ကျော် ဖြတ် ခဲ့ပြီး နောက်မှာတော့ သြဂုတ်လမှာ ရိုက်ကူး ရေး ပြန် စမှာပါ။

 

View this post on Instagram

 

A post shared by Freya Allan (@freyaallan) on

“The Witcher” ကိုတော့ Season1 မှာတည်းက ကြည့်တဲ့ သူ (၇၆)သန်း အထိ ရှိခဲ့ပါတယ်။ဒီစီးရီး ကတော့ ပို လန် စာရေးသူ  Andrzej Sapkowski ရဲ့ အ ရောင်းရဆုံး စာအုပ်ကို  အ ခြေခံ ပြီး ဇာတ်ကား အဖြစ် ရိုက်ကူး ဖန် တီး ထားတာပါ။Season2 ကိုတော့ (၂၀၂၁) လောက်မှာ ပြသ နိုင်ဖို့  ရည်ရွယ်ထားပါတယ်။The Witcher မှာ တော့ Henry Cavill ၊ Freya Allan ၊ Eamon Farren ၊ Anya Chalotra ၊Joey Batey …အစ ရှိတဲ့ သရုပ် ဆောင် တွေ ပါဝင်ထားပါတယ်။

 

View this post on Instagram

 

@witchernetflix @netflix #SDCC

A post shared by Anya Chalotra (@anyachalotra) on

Netflix က တော့  ကိုဗစ် ကြောင့်  “The Irregulars” ၊“Zero Chill.” ရိုက်ကူး ရေးတွေ ကိုပါ နား ခဲ့ရပါတယ် ။(၂၀၁၉)မှာတော့  UK အတွက် ရိုက်ကူးရေး စရိတ်သန်း (၅၀၀) သုံးခဲ့တယ်လို့ Netfilx ရဲ့ အကြီးအ ကဲ က ပြောခဲ့ ပါတယ်။ဗြိတိန် ဇာတ်လမ်းတွေ ထဲမှာ ဆိုရင်တော့ The Crown,” “Sex Education,”  “Black Mirror.”  တို့ လည်း ပါပါတယ်။ပြီးခဲ့တဲ့ နွေ ရာသီ တုန်းက  Netflix က လန်ဒန်ရဲ့ Shepperton Studios ကို  production hub  အဖြစ် ဖန်တီးခဲ့ပါတယ်။

#SHWEMOM

SHARE