Lewis Hamilton ရဲ့ Formula 1 အောင်မြင်မှုနောက်ကွယ်က အမျိုးသမီး

instagram/cullen_angela instagram/lewishamilton

မာစီးဒီးပြိုင်ကားစူပါစတားတစ်ဦးဖြစ်တဲ့ Lewis Hamilton ဟာ Formula 1 ကားပြိုင်ပွဲတိုင်းမှာ သူ့ကိုလွှမ်းမိုးခဲ့တဲ့ အမျိုးသမီးတစ်ယောက်အကြောင်း ပြောပြခဲ့ပါတယ်။ Hamilton ဟာ ပြီးခဲ့တဲ့ Formula 1 grid ချန်ပီယံပြိုင်ပွဲ ၆ ကြိမ်မှာ ၅ကြိမ်တိုင်တိုင်အနိုင်ရခဲ့သူပါ။ သူဟာ လတ်တလောမှာ ပြိုင်ပွဲ ၄ပွဲကျန် ပြိုင်ဘက် Vallteri Bottas ထက် ၈၅မှတ်အသာနဲ့ ဦးဆောင်နေပါတယ်။ ပြိုင်ပွဲပေါင်းများစွာတို့မှာ အနိုင်ရထားတဲ့  Formula One ရဲ့ချန်ပီယံ Michael Schumacher ရဲ့ အောင်မြင်မှုတွေကိုတောင် Hamilton ဟာ ကျော်ဖြတ်နိုင်ခဲ့ပါပြီ။

Hamilton ရဲ့ကြီးကျယ်တဲ့အောင်မြင်မှုတွေနောက်ကွယ်မှာတော့ ပြိုင်ပွဲတစ်လျှောက်လုံး အမြဲတမ်းသူ့ဘေးနားကနေ ပံ့ပိုးနေတဲ့ အမျိုးသမီးတစ်ယောက်ရှိနေပါတယ်။ သူမက Angela Cullen ပါ။ Hamilton ရဲ့ ဗဟိဒ္ဓကုထုံးဆရာမတစ်ဦးဖြစ်ပါတယ်။ Hamilton ကတော့ Cullen ကို သူ့ဘဝမှာကြုံတွေ့ရသမျှ လူတွေထဲ အကောင်းဆုံးသူပါလို့ဖော်ပြခဲ့ပါတယ်။

 

View this post on Instagram

 

91 wins I cant express how grateful I am to be part of this momentous journey… I’m humbled everyday by the dedication and hard work Lewis puts into every aspect of his life .. I wish everyone could see this. We are always the last driver to leave the track in the evenings , he spends hours trawling data, watching replays, working with Bono and his team, pushing and continually searching for the smallest of gains. Its an honor and a privilege to know this side that so many of you never see . You truly deserve every one of those 91 wins , not only are you such an amazing athlete, but one of the most caring, humble , genuine and beautiful souls I know .. and such and inspiration to me and many. I’m so super proud and happy for you .. I know you will keep pushing but enjoy today and this moment as you truly deserve it @roscoelovescoco @mercedesamgf1 @lewishamilton #teamlh

A post shared by Angela Cullen (@cullen_angela) on

“လူတွေကတော့ နားလည်မှာမဟုတ်ဘူးဆိုတာ သေချာပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က အပြင်ကနေကြည့်တာကိုး။ Cullen က ကျွန်တော့်ဘဝထဲ အကြီးကျယ်ဆုံးသောအရာတွေထဲက တစ်ခုပါပဲ။ ကျွန်တော် ကံကောင်းထောက်မလို့ လူတွေအများကြီးနဲ့အလုပ်တွဲလုပ်ခွင့်ရတယ်။ သူကတော့ ကျွန်တော်လက်တွဲအလုပ်လုပ်ချင်တဲ့ အလုပ်အကြိုးစားဆုံး တစ်ဦးတည်းသောအမျိုးသမီးပါပဲ။” လို့ Hamilton က ဆိုပါတယ်။

 

View this post on Instagram

 

Manifest your dreams not your fears ‍♂️

A post shared by Angela Cullen (@cullen_angela) on

“သူက အာရုံစူးစိုက်မှုအားကောင်းတယ်၊ ကိုယ်ကျိုးမကြည့်ဘူး။ ကျွန်တော့်စနေ တနင်္ဂနွေ ရက်သတ္တပတ်တွေမှာ အေးအေးဆေးဆေးဖြစ်အောင် ကူညီပေးတယ်။ သူက အမြဲတမ်းအကောင်းမြင်စိတ်ထားတဲ့သူပါ။ သူစိတ်မကြည်တာမျိုး တစ်နေ့တစ်လေတောင် မတွေ့ဖူးပါဘူး။ ဒါ သိပ်ကိုအရေးကြီးပါတယ်။”

“ကျွန်တော့်အမြင်ပြောရရင် ခင်ဗျားအနားမှာ အပြုသဘောစိတ်ရှိသူတွေပဲ ထားသင့်တယ်။ ခင်ဗျားကိုယ်ပေါ် ဝန်ထုပ်ဝန်ပိုးတွေမတင်ထားနဲ့။  ခင်ဗျားစိတ်ဓာတ်ကျနေချိန်တွေမှာ ခင်ဗျားကို စိတ်ခွန်အားတက်လာအောင်၊ ပိုကောင်းလာအောင် မလှုံ့ဆော်ပေးနိုင်တဲ့လူတွေနားမှာ မနေပါနဲ့။ ခင်ဗျားကို ပိုကောင်းလာအောင် လုပ်ပေးနိုင်တဲ့သူတွေအနားမှာပဲနေသင့်တယ်။ Cullen က အဲ့ဒီလိုလူတွေထဲက တစ်ယောက်ပဲ။” လို့လည်း Hamilton က ရှင်းပြခဲ့တာဖြစ်ပါတယ်။

 

View this post on Instagram

 

Happy ? …. YES … wilheim_wolfgang

A post shared by Angela Cullen (@cullen_angela) on


ShweMom

SHARE