ကမ္ဘာကိုကိုင်လှုပ်ခဲ့ကြသော ပြိုင်စံရှား အမျိုးသမီးများ

ကမ္ဘာပေါ်မှာ အမျိုးသမီးပေါင်း မြောက်များစွာရှိပါတယ်။ ဒါပေမယ့် ရဲရင့်ထက်မြက်ပြီး ကြီးမားတဲ့ အပြောင်းအလဲတွေကို ဖြစ်ပေါ်စေခဲ့တဲ့ အမျိုးသမီးတွေကတော့ အင်မတန်ရှားပါးပါတယ်။ ခုဖော်ပြပေးမှာကတော့ ကမ္ဘာကို ကိုင်လှုပ်ခဲ့ကြတဲ့ ပြိုင်စံရှား အမျိုးသမီး (၅) ဦးအကြောင်းပဲဖြစ်ပါတယ်။

(၁) Florence Nightingale

သူမဟာ သူနာပြုတစ်ယောက်ဖြစ်ခဲ့သလို  မျိုးချစ်စိတ်ပြင်းထန်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။ သူမဟာ Crimean စစ်ပွဲမှာတုန်းက ဒဏ်ရာရ စစ်သားအများအပြားရဲ့ အသက်တွေကိုကယ်တင်ခဲ့ရုံသာမက သူနာပြုတွေအပေါ် တခြားသူတွေရဲ့ အမြင်တွေကိုပါ အများကြီးပြောင်းလဲစေခဲ့သူ ဖြစ်ပါတယ်။ သူ့အတွက်တော့ သူနာပြုအလုပ်ဆိုတာ အလုပ်သက်သက်သာမကပဲ သူမြတ်နိုးတဲ့အရာတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ သူမကို “မီးအိမ်ရှင်မ” လို့လည်း တင်စားပြီးခေါ်ခဲ့ကြပါတယ်။

(၂) Mother Teresa

သူမဟာ ခရစ်ယာန်သီလရှင် တစ်ပါးဖြစ်ပါတယ်။ သူမဟာ တစ်ကိုယ်ကောင်းဆန်စိတ် လုံးဝမရှိတဲ့ အကောင်းမွန်ဆုံး အကျင့်လက္ခာရပ်တွေကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ သူမဟာ သူမရဲ့ဘဝတစ်ခုလုံးကို ဆင်းရဲသားတွေနဲ့ ကံအဆိုးဆုံးသူတွေကို ကူညီဖို့ မြှုပ်နှံခဲ့တာဖြစ်ပါတယ်။ သူမဟာ ၁၉၇၉ ခုနှစ်မှာ တစ်သက်လုံးပရဟိတ လုပ်ခဲ့တဲ့ ဆုလဒ်အဖြစ် နိုဘယ်လ်ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

READ
ကြိုက်နေပေမယ့်ဝန်မခံရဲသေးတဲ့ ကောင်လေးတစ်ယောက်ရဲ့အမူအယာများ

(၃) Marilyn Monroe

Marilyn Monroe

သူမဟာ ဥာဏ်ပညာထက်မြက်တဲ့ ရုပ်ရှင်မင်းသမီးဖြစ်ပါတယ်။ သူမဟာ “dumb blonde” (ရွှေရောင်ဆံပင်နဲ့ အမျိုးသမီးတွေကို ဥာဏ်ရည်နိမ့်သူ၊ အရည်အချင်းမရှိသူ လို့လှောင်ပြောင်သည့်အခါ သုံးသည့်စကား) ဆိုတဲ့ စကားသံတွေအားလုံးကို ချိုးဖျက်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး သူမဟာ ပြည်သူလူထုအပေါ်မှာလည်း အရမ်းလွှမ်းမိုးနိုင်ပြီး သြဇာညောင်းခဲ့သူ တစ်ဦးဖြစ်ခဲ့ပါတယ်။ အသားအရောက်က လူတစ်ယောက်ရဲ့ အခွင့်အရေးကို ပိတ်ပင်ခွင့်မရှိဘူးဆိုတာကိုလည်း သက်သေပြခဲ့သူတစ်ဦး ဖြစ်ပါတယ်။

(၄) Diana

လူထုရဲ့မင်းသမီးလေးတစ်ပါး ဖြစ်တဲ့ ဒိုင်ယာနာဟာ သူအသက်ရှင်တဲ့ ခဏအချိန်လေးမှာ ပရဟိတလုပ်ငန်းတွေ၊ အလှူအတန်းတွေနဲ့ အိုးမဲ့အိမ်မဲ့ဖြစ်နေတဲ့သူတွေ၊ ဆေးစွဲနေတဲ့လူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေကို အများကြီး ကူညီခဲ့သူလည်း ဖြစ်ပါတယ်။ သူမ မသေဆုံးခင်နောက်ဆုံးနှစ်မှာ ဒိုင်ယာနာဟာ မြေမြှုပ်ဗုံးတားဆီးရေးမှာ အများကြီးအထောက်အကူပေးခဲ့ပါတယ်။ ဒါကြောင့်ပဲ ၁၉၉၇ မှာ သူမဟာ နိုဘယ်လ်ဆုကို ရရှိခဲ့ပါတယ်။

READ
ကိုယ်ဝန်ရှိရင် နှစ်ယောက်စာ၊နှစ်ဆစားရမယ်ဆိုတဲ့ အယူအဆ မှားယွင်းဟုဆို

(၅) Cleopatra

သူမဟာ အီဂျစ် ဖာရိုဘုရင်မတစ်ဦးဖြစ်ပါတယ်။ သူမရဲ့အလှနဲ့ သူမရဲ့ နိုင်ငံတော်ကို ရောမတွေရဲ့ ကျူးကျော်ဝင်ရောက်မှုကနေ ကာကွယ်ခဲ့ပုံတို့က သူမကို ကျော်ကြားစေခဲ့ပါတယ်။ သူမဟာ သူမရဲ့ နိုင်ငံတော်ကို ကာကွယ်ဖို့အတွက်ဆိုရင် ဘာမဆို လုပ်ရဲတဲ့ အာဂမိန်းမတစ်ဦးဖြစ်ပါတယ်။

Em Em (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE